သတင်း

မြစ်ကြီးနား-ပူတာအိုလေကြောင်းလိုင်းတွေ တစ်ပတ်တစ်ကြိမ်သာခွင့်ပြုထားတဲ့အတွက် ခရီးသွားပြည် သူတွေ အခက်အခဲတွေ့နေ

ကချင်ပြည်နယ် မြစ်ကြီးနားပူတာအိုကိုပြေးဆွဲတဲ့ လေကြောင်းလိုင်းကို တစ်ပတ်မှာတစ်ကြိမ်သာ ပြေးဆွဲခွင့်ပြုထားတာကြောင့် ခရီးသွားပြည်သူတွေအခက်အခဲ ဖြစ်လာနေတယ်လို့ သိရပါတယ်။

ပူတာအိုမြစ်ကြီးနားကိုကိုပြေးဆွဲတဲ့ Air KBZ Air Myanmar လေကြောင်း လိုင်းတွေဟာ အရင်တစ်ပတ်ကို ၂ကြိမ် ကနေ သုံးကြိမ်အထိ ပုံမှန်ပြေးဆွဲရာကနေ လက်ရှိ လေကြောင်းလိုင်းတစ်လိုင်းကိုတစ်ပတ်တစ်ကြိမ်သာအထိသာ ပြေးဆွဲဖို့သတ်မှတ် လိုက်တာကြောင့် ခရီးသွားပြည်သူတွေအခက်အခဲ ဖြစ်လာတဲ့အကြောင်း ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် နေအသက် ၅၀ အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခုကလေယာဥ်သံတောင်မကြားတော့ဘူး အရင်ကတော့ခနခနလေယာဥ်သံတွေကြားရတယ် ဟိုနေ့ကမှတူလေးတစ်ယောက်မြစ်ကြီးနားဆင်းဖို့လေယာဥ်လက်မှတ်မှာယူတာ နောက်လ ( ဒီဇင်ဘာလ) ကုန်ပိုင်မှရမယ်တဲ့အခုကလက်မှတ်တွေပြည့်နေပြီတဲ့ တစ်ပတ်ကိုတစ်ခါပဲ လေယာဥ်သွားတော့ပြောလာတယ်လို့ သူကပြောပါတယ်။

ပူတာအိုမြစ်ကြီးနားလေကြောင်းလိုင်းတွေကို စက်တင်ဘာလဆန်းပိုင်းကနေ တစ်ပတ်တစ်သုံးကြိမ်ကနေ တစ်ပတ်တစ်ကြိမ်အထိလျော့ချလိုက်တာဖြစ်ပြီး အပတ်တိုင်း ဗုဒ္ဓဟူးနေသို့မဟုတ်) စနေနေ့တစ်ရက်သာလေကြောင်းပြေးနေပြီး လက်မှတ်အဝယ်လည်း အရမ်းခက်ခဲလာတယ်လို့ ဆိုပါတယ်။

အရင်ကတော့ ဗုဒ္ဓဟူး၊သောကြာ၊စနေပေါ့ လေယာဥ်ရှိတယ် အခုက ဒီတစ်ပတ်ဗုဒ္ဓဟူးနေ့ကို Air KBZ သွားရင် နောက်တစ်ပတ်ကျရင် စနေနေ့ကို Air Myanmar သွားရတယ်။ အဲ့လိုတစ်ပတ်ကိုတစ်ကြိမ်ပဲရတော့တယ်။ အခုလက်မှတ်တွေက ဒီ ၁၁ လ တစ်လလုံးစာကုန်နေပြီ ၁၂ လကုန်ပိုင်းထိလက်မှတ်တွေကုန်ပြီ ခရီးသည်တွေလည်းတစ်ယောက်ပြီးတစ်ယောက် လက်မှတ်လာလာမေးကြတယ်လို့ ပူတာအိုမြို့လေယာဥ်လက်မှတ်အရောင်းစာရေးတစ်ဦးက KNG ကိုပြောပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်းမှာ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို စစ်ရေးနဲ့နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ကုန်းကြောင်းအသုံးပြုပြီးခရီးသွား လာတဲ့သူတွေနည်းပါးလာပြီး လေကြောင်းကိုအဓိက အားထားပြီးသွားလာနေရချိန်မှာ အခုလိုလျော့ချ လိုက်တာဟာခရီးသွား ပြည်သူတွေအတွက်ပိုပြီး အကြပ်ရိုက်စေလာတယ်လို့ဒေသခံတွေကဆိုပါတယ်။

ကျွန်တို့အောက်ခြေကလက်မှတ်အရောင်း ဌာနတွေမှာတော့ဘာမှသေသေချာချာ ညွန်ကြားထားတာ မရှိဘူးရှင့် ဘာကြောင့်လျော့ချလိုက်တာဆိုတာမျိုးကိုမသိရတာ ဖြစ်နိုင်ရင်ဒီရီးသွား ရာသီကတော့ပုံမှန် အတိုင်းဆိုကောင်းတာပေါ့လို့ အထက်မှာဖော်ပြခဲ့တဲ့ လေယာဥ်လက်မှတ်အရောင်းစာရေး ကပြောပါတယ်။

ပူတာအိုမြစ်ကြီးနားလေးကြောင်းလိုင်းတွေဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မှီအထိ လေယာဥ် လက်မှတ်တစ်စောင်ကိုကျပ် ၅၀၀၀၀ ၊ကျပ် ၆၀၀၀၀ အထိသာရှိခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး လေယာဥ်လက်မှတ် တစ်စောင်ကိုကျပ် ၁၈၀၀၀၀ အထိစျေးနှုန်းမြင့်တက်လာတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button