ရွှေကူနယ်
-
Mar- 2024 -5 Marchသတင်း
ရွှေကူနယ်ဘက်က စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂ ခုက ဒေသခံတွေပိတ်မိနေ
ရွှေကူ အခြေစိုက် ခလရ ၅၆ တပ် နဲ့ ခမရ ၆၀၂ တပ်ထဲရနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ လက်ရှိမြောက်ရွာနဲ့ တုန်းပုန်ကျေးရွာထဲဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာတွင်းစစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်ခွင့်မရလိုက်တဲ့ ဒေသခံအများအပြားလက်ရှိ ကျေးရွာထဲမှာပိတ်မိနေတယ်လို့ တုန်းပုန်ကျေးရွာအနီးမှာနေထိုင်တဲ့အမျိုးသားတစ်ဦးကပြောပါတယ်
Read More » -
Feb- 2024 -23 Februaryသတင်း
စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားအလောင်း ၇၀ ကျော်တွေ့ရှိ
ကချင်ပြည်နယ် မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေဆောင်ရွက်ရာမှာ စစ်ကောင်စီစစ်သားတွေရဲ့ ရုပ်အလောင်း ၇၀ ကျော်အထိ ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်ခဲရမ်းတွေလည်း ဆယ်ဘီးကားတစ်စီခန့် သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ အခိုင်အမာနဲ့ ခြေကုပ်ယူထားတဲ့ စီးခမ်းကြီးဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF၊AA ရွှေကူနယ်…
Read More » -
Nov- 2023 -4 Novemberမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ရွှေကူနယ် စီးသောင်ကျေးရွာအနီးမှာ လုပ်ငန်းရှင်တစ်ချို့ သတ္ထုခိုးတူးနေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် စီးသောင်ကျေးရွာအထက်ဘက် (ဒေသအခေါ် )ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာလုပ်ငန်းရှင်လူတစ်စုက သတ္ထုခိုးတူးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလောက်ကနေ စီသောင်ကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာ အမည်မသိလူတစ်စုက ဒေသခံတွေကိုညှိနှိုင်းအသိပေးတာမျိုးမရှိပဲ သတ္ထုတူးဖော်နေတာဖြစ်ပြီး လက်ရှိမှာတော့စက်ယန္တရားကြီးတွေအသုံးပြုပြီး ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ရွှေတောင် တောင်ကုန်းပေါ်မှာလုပ်နေတာ ဘတ်ဖိုးတွေမြေသယ်ကားကြီးတွေနဲ့ကိုလုပ်စားနေတာ ဘယ်ကခွင့်ပြုချက်နဲ့လုပ်နေလဲတော့မသိဘူး။ ရွာကိုလည်းအသိမပေးဘူး ရပ်ရွာအတွက်လည်း ဘာအကြိုးမှမပြုဘူးတူးနေတာ”လို့ အသက် ၅၀ ကျော်အရွယ်ရှိတဲ့…
Read More » -
Aug- 2023 -16 Augustသတင်း
ရွှေကူနယ်မှာ စစ်ရှောင်ပြည်သူ ၃၀၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး အသက်ကြီးရွယ်အိုတစ်ချို့တွေလည်းလေဖြတ်တဲ့ ရောဂါအဖြစ်များလာနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူဆီကနေ သိရပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ ရွှေကူမြို့ အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ၂ကြောင်းခွဲပြီးဝင်ရောက်နေတဲ့အတွက် တောထဲထွက်ပြေးတိမ်းရှောင်နေရာကနေ ရာသတီဥတုဆိုးဝါးမှုအပြင် နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ရာသတီတုပ်ကွေးအဖြစ်များလာနေတာဖြစ်တယ်လို့ စစ်ဘေးရှောင်နေရတဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ကျွန်တော်တို့ဘက်ခြမ်းက…
Read More » -
Jun- 2023 -3 Juneသတင်း
ရွှေကူနယ် NUG အစိုးရ ကျောင်းတွင် တက်နေသည့် ကျောင်းသား/သူများအတွက် အကူအညီလိုအပ်နေ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် ပညာသင်ယူနေကြသည့် မီးဘေး သင့် ကျောင်းသား/သူ များအတွက် ကျောင်းအသုံးပစ္စည်း အကူအညီများလိုအပ်နေကြောင်းသိရသည်။ ရွှေကူမြို့နယ် အရှေ့တောင်ဘက်ခြမ်းမှ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် စီသာ၊ စီသောင်း၊ မံနား၊ မံခါး အစရှိသည့်…
Read More » -
Apr- 2023 -5 Aprilတိုက်ပွဲ
ရွှေကူနယ်တွင် တစ်ရက်အတွင်း ၃ ကြိမ် လေကြောင်း ဗုံးကျဲတိုက်ခိုက်ခံရပြီး ကျေးရွာ ၃ ရွာ မီးလောင်ပြာကျမှုဖြစ်ပွားခဲ့
ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ် အရှေ့ခြမ်းရှိသော ကျေးရွာများတစ်လျှောက်တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် မြေပြင်တွင် ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သဖြင့် ကျေးရွာ ၃ ရွာ မီးလောင်ပြာကျသွားပြီး ဒေသခံများအခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။ ရွှေကူမြို့အရှေ့ခြမ်းရှိကြသည့် ဝင်ဝ၊ နောင်လတ်ကြီး၊ ငှက်တံတား၊ စီသာ၊…
Read More » -
Mar- 2023 -23 Marchသတင်း
ရွှေကူနယ်တွင် စစ်ကြောင်းဝင်ရောက်ထိုးနေသဖြင့် ရွာသားတစ်ချို့ထွက်ပြေးတိမ်းရှောင်နေရ
ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးတဝိုက်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် ကျေးရွာနေပြည်သူတစ်ချို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့နံနက်ပိုင်းမှစတင်ပြီး ရွှေကူမြို့အရှေ့ဘက်ခြမ်းရှိ မံဝိန်း၊ ဝင်ဝ၊ ငှက်တံတား၊ စီသာရွာ စသည့်ကျေးရွာများဘက်တွင် စစ်အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည်…
Read More » -
Feb- 2023 -7 Februaryသတင်း
ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကုန်းချောင်းကြီးကျေးရွာဘက် စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း မိုးစစ်ကျေးရွာဘက်မှ စစ်အင်အား ၃၀၀ ကျော်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု…
Read More » -
Sep- 2022 -23 Septemberသတင်း
စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ
ကချင်ပြည်နယ် ရွှေကူနယ် ကျွန်းတော်ရွာမှ မိုးစစ်ကျေးရွာဘက်သို့ကူးလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ စက်လှေ ၄စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး စက်လှေ ၃စီးနစ်မြှုပ်သွားကာ စစ်ကောင်စီဘက် သေဆုံးသူ ၂၇ဦးအထက်ရှိနိုင်ကြောင်းသိရသည်။ စစ်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်တွင် စစ်အင်အား ၁၀၀…
Read More »