သတင်း

ရွှေကူနယ် NUG အစိုးရ ကျောင်းတွင် တက်နေသည့် ကျောင်းသား/သူများအတွက် အကူအညီလိုအပ်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် ပညာသင်ယူနေကြသည့် မီးဘေး သင့် ကျောင်းသား/သူ များအတွက် ကျောင်းအသုံးပစ္စည်း အကူအညီများလိုအပ်နေကြောင်းသိရသည်။

ရွှေကူမြို့နယ် အရှေ့တောင်ဘက်ခြမ်းမှ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် စီသာ၊ စီသောင်း၊ မံနား၊ မံခါး အစရှိသည့် ကျေးရွာ ၁၂ ရွာခန့်က ကျောင်းသားများသည် လက်ရှိတွင် ပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံ ဗလာစာအုပ် စသည့် ကျောင်းသုံးကရိယာ အကူအညီများ လိုအပ်နေကြောင်း NUG အစိုးရ ရွှေကူမြို့နယ်ပညာရေးမှူးက KNG ကိုပြောသည်။

အခက်အခဲကတော့ မီးထဲပါသွားတဲ့ရွာတွေကတော့ရုတ်တရက် ကျွန်မတို့သတင်းချိတ်ဆက်မှုနည်းနည်း နောက်ကျတဲ့အခါကျတော့ မီးထဲပါသွားတဲ့ ကလေးတွေ လွယ်အိတ်တွေ၊ပုံနှိပ်စာအုပ်တွေ၊စာရေးကိရိယာတွေပါမယ် အဲ့တာဆိုတော့ လိုအပ်တာကတော့ ကလေးတွေရဲ့ လွယ်အိတ်၊စာရေးကိရိယာတွေလိုမယ်ရှင့်ဟုပြောသည်။

အဆိုပါ ကျေးရွာ ၁၂ ရွာခန့်ကို စစ်ကောင်စီတပ်ဖွဲ့ မတ်လ တွင် စစ်ကြောင်းထိုးဝင်လာ၍  ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံ ၈၀၀၀ ကျော်မီးဘေးသင့်နေရပြီး တစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သောကြောင့် ကျောင်းထားရှိရန် အခက်အခဲဖြစ်နေသည်ဟု NUG အစိုးရက ဖွင့်လှစ်ထားသည့် ကျောင်းတွင်တက်ရောက်နေသော ကျောင်းသားမိဘတစ်ဦးက ယခုလိုပြောသည်။

ရှာရဖွေရတာပေါ့ စာအုပ်၊ ခဲတံ၊ လွယ်အိတ်တို့က တချို့ဆိုမပြည့်စုံနိုင်သေးလို့မတက်နိုင်ဘူး။ တချို့ကျလည်းအိမ်တွေမီးထဲပါတော့ လက်လုပ်လက်စားဆိုတော့အိမ် တွက်လည်းလုံးပန်းချင်ပညာရေးတွက်လည်းလုပ်ချင်၊ ကျန်းမာ ရေးကောအစုံပါ့ စာအုပ်တစ်အုပ်ကို ၉၀၀ လည်း ဗျာရေးစာအုပ်တစ်အုပ်ကိုဖတ်စာအုပ်ကတော့ ခါတိုင်းဆို ၁၃၀၀၀ ရှိတယ် တစ်တန်းအဆင့်ကို အခုဟာက အဲ့ဟာမပြောနဲ့ ရေးစာအုပ်တောင်တစ်အုပ်ကို ၉၀၀ ဖြစ်နေတာလေး။ဘယ်လိုမှကိုမပြောတတ်တော့ပါဘူးဗျာ ပြောရင်လည်းဝမ်းနည်းစရာကြီးပညာရေးကဟုပြောသည်။

ပြီးခဲ့သောနှစ်၂၀၂၁၂၀၂၂ ခုနှစ် ရွှေကူမြို့နယ်တွင် NUG ကျောင်း၌ တက်ရောက်သည့်ကျောင်းသားပေါင်း ၈၀၀၀ ကျော်ရှိရာ ရွှေကူမြို့ရှေ့တောင်ခြမ်းမှအများဆုံးပြီးဖြစ်ပြီး ကျောင်းသားဦးရေ သုံးပုံတစ်ပုံခန့်က စာအုပ်၊ ခဲတံ၊ လွယ်အိတ်မရှိသည့်အတွက် ကျောင်းမတက်နိုင်ကြကြောင်းသိရသည်။

ထိုနောက် NUG အစိုးရလက်အောက်တွင် ဖွင့်လှစ်ထားသည့် စာသင်ကျောင်များတွင်လည်း သင်ကြားရေး ဆရာများလိုအပ်နေပြီး ယခင်နှစ်တွင် သင်ကြားရေး ဆရာများကို ဒေသခံပြည်သူများက တာဝန်ယူဆောင်ရွက်မှုများရှိခဲ့သော်လည်း ယခုနှစ်တွင် ဒေသခံပြည်သူများသည် ကျေးရွာများ မီးရှို့ဖျက်ဆီးခံရသည့်အတွက် ပြန်လည်ထူထောင်ရေးများလုပ်ဆောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ရွှေကူမြို့နယ်တွင်၂၀၂၁၂၀၂၂ ခုနှစ်အတွင်း NUG ကျောင်းပေါင်း ၃၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ၁၃ ကျောင်းသာဖွင့်လှစ်နိုင်ခဲ့ရာ ယင်း ၁၃ ကျောင်းကိုလည်း မတ်လတွင် စစ်ကောင်စီတပ် ထိုးစစ်ဝင်ရောက်မှုကြောင့် ပြန်လည်ပိတ်လိုက်ရပြီး  မေလ ၂၀ ကျော်တွင် ၁၃ ကျောင်းအနက် ၈ ကျောင်းဖွင့်လှစ်နိုင်ခဲ့သည်ဟုသိရသည်။ ကျန်ရှိသည့်ကျောင်းများကိုလည်း ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေပြီဟုဆက်သိရသည်။

ပြီးခဲ့သော နှစ်တွင် NUG ကျောင်းပေါင်း ၃၀ ကျော်၌ ကျောင်းသားကျောင်းသူပေါင်း ၈၀၀၀ ကျော်တက်ရောက်ခဲ့ရာတက်ရောက်ပြီးစီး သူ ၆၅၀၀ ကျော်အထိရှိခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button