ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
မိုးမောက်မြို့နယ် လုံဂျာဘွမ်ဘက်သို့ စစ်ကောင်စီတပ်က ယမန်နေ့ညတွင် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ KIA မိုးမောက်အရှေ့ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA စခန်းရှိသော လုံဂျာဘွမ်ဘက်သို့ မိုးမောက်မြို့တွင်း အခြေချထားသည့် ခမရ ၄၃၇ တပ်ရင်း မှ လက်နက်ကြီးများ ၁၀ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မိုးမောက် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ ''မနေ့ည ၁၂ နာရီတိတိမှာ ပစ်တာဟုတ်တယ်။ ၄၃၇ တပ်ကနေပစ်တာ နန့်စိုင်ရွာဘက်နဲ့ လုံဂျာရွာဘက်တွေမှာပစ်တာ ၁၀ ချက်ကျော်တယ်ဗျ ကျနော်တို့ဆို ညကြောက်လို့ အိပ်တောင် မအိပ်တော့ဘူး တိုက်ပွဲများဖြစ်လားပေါ့''ဟု ပြောသည်။ စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် လုံဂျာတောင်ခြေတစ်ကြောရှိ လုံဂျာရွာ၊ နောင်ပေါင်းရွာနှင့် နန့်စိုင် ကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး
ဗန်းမော်ခရိုင် မိုးမောက် မြို့နယ် လုံဂျာဘွမ်ဆုတောင်းတောင်ဘက်မှဆင်းလာသည့် စစ်ကြောင်းအား KIA တပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် မိုးမောက်မြို့တွင်းပစ်ခတ်မူများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ (more…)
မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ တပ်ဆွဲနေထိုင်နေသည့်အပြင် နေ့စဥ် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်နေမှုကြောင့် လယ်ရှင်များ လယ်စပါးရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။ လုံဂျာ၊ နောင်ပေါင်း၊ ဝဝမ် စသည့်ကျေးရွာများရှိ ပြည်သူလူထု၏ လယ်စပါးခင်းများမှာ လုံဂျာဘွမ်တောင်ခြေ တကြောတွင်သာရှိပြီး ထိုနေရာတစ်ဝိုက်တွင် စစ်ကောင်စီ အင်အား ၆၀၀ ခန့် တပ်ဆွဲထားသည်။ နေ့စဥ် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်နေမှုကြောင့် လယ်ရှင်များလယ်စပါးရိတ်သိမ်းရန်အခက်အခဲဖြစ်နေကြောင်း မိုးမောက်ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ''အဲ့လယ်စပါးခင်းတွေက သူတို့စစ်သားတွေရဲ့ လက်နက်ကြီးပစ်ကွင်းဘက်မှာရှိနေတာလေးအဲ့ဆိုတော့ဘယ်သူ့မှ အသက်နဲ့လဲပြီးမသွားရဲကြဘူး။ ပိုက်ဆံများများပေးပြီးခေါ်နေရတာ ပိုက်ဆံများများ ပေးခေါ်တာတောင်လူကရှားတယ်။ လက်နက်ကြီးတွေလည်းပစ်တော့ အဲ့ဘက်ကိုဆို မသွားရဲကြဘူးလေ လယ်ရှင်တွေကအခက်အခဲဖြစ်တာပေါ့။ မရိတ်သိမ်းလည်းမဖြစ်ဘူး''ဟုပြောသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ နောင်ပေါင်း၊ တပ်စခန်းနှင့် လုံဂျာကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိနေပြီး ပြည်သူပိုင်ပစ္စည်များကို ခိုးယူ ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ပြီးခဲ့သော အောက်တိုဘာလ ၂၂ ရက်နေ့မှစကာ စစ်အင်အား ၆၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါ ကျေးရွာများတွင် တပ်ဖြန့်ချ နေထိုင်လျက်ရှိနေပြီး ယခုလိုလုပ်ဆောင်နေသည်ဟု မိုးမောက်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “နောင်ပေါင်း၊ လုံဂျာ၊ တပ်စခန်း အဲ့ဒီရွာတွေအကုန်လုံးမှာ သူတို့က
မိုးမောက်မြို့ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်ကို စစ်ကောက်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုတွင် ဓာတုအဆိပ် ငွေ့အသုံးပြုခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ စစ်ကောင်စီတပ်သည် KIA နှင့် PDFများရှိရာ လုံဂျာဘွမ်ကို လွန်ခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်အချိန်ထိ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် ၂၄ ရက်နေ့ ဗုံးကျဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်အသုံးပြုခဲ့သည်ဟု KIA ရှေ့တန်းရင်းမြစ်က KNG သတင်းကိုပြောသည်။ ''မီးခိုးလုံးကြီးကျလာပြီဆိုရင် ခန္ဓာကိုယ်တစ်ကိုယ်လုံးပျော့ခွေသွားတာ ဘာမှကိုမလုပ်နိုင်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆိပ်ဖြေအောင် လုပ်ယူရတယ်"လို့ KIA ရှေ့တန်းရင်းမြစ်မှ တာဝန်ရှိသူက ပြောသည်။ အလားတူ ပြီးခဲ့သည့် ဩဂုတ်လတွင်းဖြစ်ပွားခဲ့သည့် မြို့လှတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သည်
မိုးမောက်မြို့နယ် လုံဂျာဘွမ်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီးပစ်ခတ်သံများ ပြန်လည်ကြားရပြီး စစ်ကောင်စီဘက်မှလည်း စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းလာသည်ဟု ဒေသခံများထံမှ သိရသည်။ “ဒီမနက်ကနေ လုံဂျာဘွမ်တောင်ဘက် လက်နက်ကြီးတွေ ပစ်ခတ်သံတွေ ပြန်ကြားနေရတယ်။ အချက်ပေါင်းအများကြီး ကြားရတယ် ။ ဘယ်ဘက်ကနေ ပစ်ခတ်နေလဲမသိဘူး။ ဒါမှမဟုတ် တိုက်ပွဲဖြစ်နေတာလား။ တစ်ချို့က တိုက်ပွဲငြိမ်သွားပြီထင်လို့ စပါးရိတ်ဖို့သွားကြတယ်။ လက်နက်ကြီးသံတွေ ပြန်ကြားရတော့ အကုန်ပြန်ထွက်ပြေးလာကြတယ်” မိုးမောက်ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ လက်ရှိတွင် ဒေသခံများ လက်နက်ကြီးသံအဆက်မပြတ်ကြားနေရဟုပြောဆိုနေသော်လည်း တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ အသေးစိတ်မသိရသေးပါ။ ယနေ့
မိုးမောက်မြို့ အရှေ့ဘက် လုံဂျာဘွမ်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိပြီး တပ်ရင်းမှူးနှင့် စစ်သားအများအပြားသေဆုံးခဲ့သဖြင့် ထိုနေရာကို ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေသည်ဟု ဒေသခံများ ပြောသည်။ အင်အား ၅၀ ကျော်ပါဝင်သော စစ်ကောင်စီတပ်သည် စစ်ကြောင်း ၃ ကြောင်းခွဲ၍ အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဗန်းမော်ဘက်မှ KIA ၊ PDF များရှိရာ လုံဂျာဘွမ်ဘက်သို့ချီတက်လာစဥ် ပထမဆုံး ချီတက်လာသည့် စစ်ကြောင်းမှာ KIA ထောင်ထားသော မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် တပ်ရင်းမှူးအပါအဝင် စစ်သား ၅ဦးခန့်သေဆုံးခဲ့သည့်အတွက် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လုံဂျာဘွမ်တောင်ကို