,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် မိုးမောက်ဒေသခံများ လယ်စပါးရိတ်သိမ်းရန် အခက်ကြုံနေ

မိုးမောက်နယ်တွင် ဒေသခံတောင်သူများ အချိန်မှီ မရိတ်သိမ်းနိုင်သည့် လယ်ယာများ

မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ တပ်ဆွဲနေထိုင်နေသည့်အပြင် နေ့စဥ် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်နေမှုကြောင့် လယ်ရှင်များ လယ်စပါးရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

လုံဂျာ၊ နောင်ပေါင်း၊ ဝဝမ် စသည့်ကျေးရွာများရှိ ပြည်သူလူထု၏ လယ်စပါးခင်းများမှာ လုံဂျာဘွမ်တောင်ခြေ တကြောတွင်သာရှိပြီး ထိုနေရာတစ်ဝိုက်တွင် စစ်ကောင်စီ အင်အား ၆၀၀ ခန့် တပ်ဆွဲထားသည်။ နေ့စဥ် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်နေမှုကြောင့် လယ်ရှင်များလယ်စပါးရိတ်သိမ်းရန်အခက်အခဲဖြစ်နေကြောင်း မိုးမောက်ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

အဲ့လယ်စပါးခင်းတွေက သူတို့စစ်သားတွေရဲ့ လက်နက်ကြီးပစ်ကွင်းဘက်မှာရှိနေတာလေးအဲ့ဆိုတော့ဘယ်သူ့မှ အသက်နဲ့လဲပြီးမသွားရဲကြဘူး။ ပိုက်ဆံများများပေးပြီးခေါ်နေရတာ ပိုက်ဆံများများ ပေးခေါ်တာတောင်လူကရှားတယ်။ လက်နက်ကြီးတွေလည်းပစ်တော့ အဲ့ဘက်ကိုဆို မသွားရဲကြဘူးလေ လယ်ရှင်တွေကအခက်အခဲဖြစ်တာပေါ့။ မရိတ်သိမ်းလည်းမဖြစ်ဘူးဟုပြောသည်။

မိုးမောက်ဘက်တွင် ယခင်နှစ်များက လယ်စပါးရိတ်သိမ်းခ နေ့စားတစ်ဦးလျှင် ကျပ် ၅၀၀၀ သာပေးရသော်လည်း လက်ရှိတွင် ၈၀၀၀ ကျပ် ပေး၍ နေ့စားငှားနေရကြောင်း သိရသည်။

သို့သော်လည်း နေ့စားလိုက်မည့်သူ ရှားပါးနေဆဲဖြစ်သောကြောင့် အဆိုပါဒေသရှိ လယ်ယာဧက ၈၀၀ ကျော် လယ်စပါးအချိန်မှီ မရိတ်သိမ်းနိုင်မည့်အခြေအနေဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက လုံဂျာဘွမ်တောင်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မံခွန်ကျေးရွာ ယာခင်းတစ်နေရာတွင် လက်နက်ကြီး တစ်လုံးကျမှန်ပေါက်ကွဲခဲ့ရာ အမျိုးသမီတစ်ဦး အသက်သေဆုံးမှုရှိခဲ့ပြီး ခါနန်ရပ်ကွက် အထက်တန်းကျောင်းရှေ့ တွင်လည်း လက်နက်ကြီး တစ်လုံးကျကွဲခဲ့သည့်အတွက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုနည်းတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း မိုးမောက် ခါနန်ရပ်ကွက် ၃ နေအိမ်တစ်ခုတွင် လက်နက်ကြီး ထပ်မံကျကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ခါနန်ရပ်ကွက်ရှိ မူကြိုကျောင်းအတွင်း လက်နက်ကြီးတစ်လုံး ကျမှန်ပေါက်ကွဲခဲ့သောကြောင့် ကျောင်း များ ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

Read Previous

ရွှေကူဆိပ်ကမ်းတွင် ညအိပ်ခဲ့သည့်  စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်မွေးတိရိစ္ဆာန်အများအပြားသေဆုံး

Read Next

KIA နှင့် PDF တပ်ဖွဲ့များကြား အချင်းချင်းပစ်ခတ်ခဲ့တယ်ဆိုပြီး သတင်းအမှား ဝါဒဖြန့်နေ