,
မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို Quarantine အဖြစ် ၅ ရက်သာထားကြောင်း သိရသည်။ ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေး ဂိတ်မှ ဝင်ရောက်လာသူများကို ကန်ပိုက်တည်မြို့ရှိ Quarantine အဆောင်နဲ့ မြစ်ကြီးနားမြို့ပေါ်ရှိ တက္ကသိုလ်၊ ကောလိပ်ဆောင်များတွင် ထားရှိပြီး လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဝင်လာသူများကို လွယ်ဂျယ်မြို့နဲ့ ဗန်းမော် မြို့ရှိ Quarantine ဆောင်များတွင် ၅ ရက်ထားရှိလျက်ရှိကြောင်း သိရသည်။ “ပြည်တော်ပြန်တွေကတော့ ပုံမှန်လိုမျိုးဝင်ရောက်နေတာရှိပါတယ်။ ဒီကန်ပိုက်တည် ဂိတ်ကနေ
ကချင် တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်ပိတ်ထားသောကြောင့် ထိုဂိတ်အနီးတွင်စောင့်ဆိုင်းနေသော တရုတ်တစ်သျှူးငှက်ပျောကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၀၀ နီးပါးအတွက် နေရာထိုင်ခင်းအခက်အခဲ ကြုံတွေ့နေသည်ဟု သိရသည်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြန်ဖွင့်ပေးမည်ဟု တရုတ်အစိုးရဘက်က ပြောဆိုခဲ့သည့် သတင်းများကြောင့် ယင်းနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ငှက်ပျောကားများ စောင့်ဆိုင်းနေကြသည်ဟု သိရသည်။ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအတွက် လွယ်ဂျယ်ဂိတ်အတွင်း နေရာထိုင်ခင်းများ ပြင်ဆင်ပေးထားသော်လည်း ထိုနေရာတွင် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်