သတ်ဖြတ်မှု

  • Oct- 2023 -
    17 October
    သတင်း

    ယင်းမာပင်မှာ အသက်မပြည့်သေးသူ ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သဲကုန်းရွာကို အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့က စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ပြန်ထွက်သွားတဲ့အချိန် အသက်မပြည့်သေးသူ ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သတ်ဖြတ်ခံခဲ့ရသူတွေဟာ အသက် ၁၇ နှစ်အရွယ်ကျောင်းသားတွေဖြစ်တဲ့ မောင်သန့်ဇင်ဦး၊ မောင်ခန့်နေနိုင်၊ မောင်သန်းထိုက်အောင်…

    Read More »
  • 16 October
    သတင်း

    စစ်ကိုင်း- ကချင်အစပ်ဒေသကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော်တစ်ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ စစ်ကိုင်းတိုင်းရဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော် ကိုသိန်းဇော်ဦး(ခ) ကိုရော့ကတ် သတ်ဖြတ်ခံလိုက်ရကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ အင်းတော်မြို့အထွက် သံလမ်းကူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးဖမ်းဆီးခံလိုက်ရတဲ့ ထောက်ပို့ရဲဘော်ကိုသိန်းဇော်ဦးဟာ…

    Read More »
  • 12 October
    သတင်း

    ခင်ဦးမှာ ဒေသခံ ၂ယောက်သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကန်သာယာရွာမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း ဒေသခံ ၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ ရေဦးမြို့နယ်ကနေ ထွက်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းက ခင်ဦးမြို့နယ် ကန်သာယာရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး…

    Read More »
  • 11 October
    သတင်း

    ဖားကန့်မှာ သတ်ဖြတ်ခံရတာတွေ ခပ်စိပ်စိပ်များလာ

    ဖားကန့်ဒေသမှာ လမ်းသွားလမ်းလာရင်း သတ်ဖြတ်ခံရတဲ့သူတွေ ပိုများလာတယ်လို့ ဖားကန့်မှာနေထိုင်သူတွေက ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ စစ်ကောင်စီရဲ့ သတင်းပေးအဖြစ် စျေးသည်ယောင်ဆောင်ပြီး သွားလာတဲ့သူတွေ၊ပိုင်ရှင်မဲ့အလောင်းတွေ အပါအဝင် ဓါးမြတိုက်ခံရလို့သတ်ဖြတ်ခံရတာတွေဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အလကားနေရင်းတော့ သတ်လို့မရဘူးလေ။ ဖားကန့်မှာက လူမျိုးပေါင်းစုံရှိတယ် အဲထဲမှာမှ အခုသတ်ခံရတဲ့သူတွေ က…

    Read More »
  • 5 October
    သတင်း

    ဖားကန့်မှာ အမျိုးသားနှစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ

    ဖားကန့်မြို့ မမုံရွာမှာ ဓါတ်ဆီဖြည့်နေတဲ့အမျိုးသားတစ်ယောက်နဲ့ ဆန်းကြွယ်ဘက် အားလူးကြော်လိုက်ပို့တဲ့ဈေးသည် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၅ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ ဆိပ်မူကျေးရွာအုပ်စု၊မမုံကျေးရွာ ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့ အမျိုးသားတစ်ဦးအား သေနတ်နဲ့ပစ်သတ်ခံရတယ်လို့…

    Read More »
  • 3 October
    သတင်း

    ဒီပဲယင်းမှာ ဒေသခံ၂ ယောက်သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ပတ်ကြာစစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ၂ ယောက်သတ်ဖြတ်သွားသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပြီး ၂ ကြိမ် အထိ တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းဒေသခံတွေဆီက နေသိရပါတယ်။ စစ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့နယ်ကနေ ဒီပဲယင်းနယ်ထဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ ကနေ…

    Read More »
  • Sep- 2023 -
    27 September
    သတင်း

    ဟုမ္မလင်းမှာ SNA နဲ့ PDF တိုက်ပွဲပြင်းထန်၊ အရပ်သားနှစ်ဦး သတ်ဖြတ်ခံထားရ 

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်၊ မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး၊ အရပ်သား ၂ ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ကင်းစေတီအနီးထိုင်ထားတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ SNA တပ်စခန်းကိုဟုမ္မလင်း PDD နှင့် မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီး ၊…

    Read More »
  • 18 September
    သတင်း

    ကသာမှာ စစ်ကောင်စီတပ်က အရပ်သား ၈ ယောက်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၄ လုံးကိုလည်း မီးရှို့ဖျက်ဆီး

    ကချင်ပြည်နယ် ဗန်းမော်ကိုဦးတည်တက်လာနေတဲ့စစ်သင်္ဘောတွေပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးအရပ်သား ၈ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘော၆စီးက တုတ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကို…

    Read More »
  • 15 September
    သတင်း

    ချောင်းဦးမှာ သိုးကျောင်းနေတဲ့အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကံကြီးကုန်းရွာအရှေ့ဘက်တောထဲမှာ သိုးကျောင်းနေတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးပူပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်း ၂နာရီလောက်မှာ ကံကြီးကုန်းပျူရွာက အင်အား ၂၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေက သူတို့တပ်စွဲထားတဲ့ရွာရဲ့အရှေ့ဘက် တောထဲသိုးကျာင်းနေတဲ့ အရပ်သားကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တာလို့…

    Read More »
  • 5 September
    သတင်း

    ဖားကန့်မှာ တစ်လအတွင်း အရပ်သားပြည်သူအယောက် ၄၀ သေဆုံး

    ဖားကန့်မှာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မြေစာပုံပြိုလို့ သေဆုံးခဲ့ရသူတွေ အပါအဝင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်းအရပ်သားပြည်သူ ၃၉ ယောက်ထိရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလာတဲ့ ဖားကန့်နယ်မြေမှာ အာဏာရယူထားတဲ့ စစ်တပ်ကိုယ်၌ မသင်္ကာတဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ တွေအပြင် ခိုးဆိုး၊လုယက်မှူတွေကြောင့် သတ်ဖြတ်ခံရသူတွေ လတိုင်း ရှိနေတဲ့မြို့နယ်ဖြစ်ပါတယ်။ “ကျနော်တို့ ဖားကန့်မှာက ခုနောက်ပိုင်းဆို သတ်ဖြတ်ခံထားရတဲ့အလောင်းတွေက ပုံမှန်လို မြင်တွေ့လာရတော့ အဆန်းမဟုတ်တော့ဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်ပေါ့ ကိုယ်လည်းဘယ်ချိန်မှာ ရောယောင်ပါသွားမလဲဆိုတာ မသိနိုင်ဘူး”လို့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ စစ်တပ်ဘက်က သတ်ဖြတ်ပြီး လာစွန့်ပစ်တာတွေရှိသလို ခိုးဆိုးလုယက်ရင်း သတ်ခံရတာတွေ၊အချင်းများပြီး သတ်ဖြတ်ကြတာတွေနဲ့ ကာကွယ်ရေးတပ် ဘက်က စစ်တပ်လက်အောက်ခံတွေကို လာရောက်ရှင်းပစ်တာတွေလည်းရှိ တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သတ်ဖြတ်ခံထားရသူတွေအများပိုင်းဟာ ပိုင်ရှင်မဲ့အလောင်းတွေ အဖြစ်များတယ်လို့လည်း ဖားကန့် မှော်ဝမ်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဒီမှာက လူတွေအရင်ထက် ၂ ဆလောက်ကိုများလာတာ ဥပမာ မြေပြိုတဲ့နေရာမှာကြည့် အလောင်း ၃၃ လောင်း ပိုင်ရှင်ရှိတာ ၆ ယောက်ဘဲ။ အဲလိုဘဲ သတ်ဖြတ်ခံထားရတဲ့သူတွေလည်း ပိုင်ရှင်မရှိတာများလာတယ် ဘယ်သူသတ်လို့ သတ်မှန်း တိတိကျကျပြောဖို့ခက်တယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲသေဆုံးခဲသူတွေဟာ ဩဂုတ်လ ၁၃ ရက်နေ့ မနမှော်မြေစာပုံပြိုကျလို့  သေဆုံးခဲ့တဲ့ အရပ်သား ၃၃ ယောက်နဲ့ ၁၇ ရက်နေ့ ယူမာရပ်ကွက် ကျောက်မျက်စျေးရှေ့ သတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်၊ လုံးခင်းရပ်ကွက် လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ဖားပြင်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ၂၉ ရက်နေ့ ရှရော်ခမှာ သတ်ခံထားရတဲ့ အမျိုးသမီးငယ်တစ်ယောက်၊ ၃၁ ရက်နေ့ မရှီကထောင်နဲ့ ဆွတ်ကြိုင်ရွာမှာ အချင်းများပြီး ဓါးခုတ်မှုဖြစ်ရာကနေ အမျိုးသား ၂ယောက် ဖြစ်ပါတယ်။ ဒီစာရင်းဟာ KNG ရဲ့ စုစည်းထားတဲ့အချက်လက်သာ ဖြစ်ပြီး မြေပြင်အချက်လက်နဲ့ကွာဟတာ တွေရှိနိုင်ပါတယ်။ ဒါ့အပြင် ဖားကန့်မှာ ခုလိုအကြောင်းမဲ့သတ်ဖြတ်ခံရတာတွေ တစ်ရက်ထက်တစ်ရက် ပိုဆိုးရွားလာနေတဲ့အတွက် အာဏာသိမ်းပြီးနောက်ပိုင်း လာရောက်ရွှေ့ပြောင်းနေထိုင်လာသူ တစ်ချို့က ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး ဖားကန့်ကနေ ချီဖွေ၊ပန်ဝါဘက် ပြောင်းရွှေ့သွားသူတွေလည်း ရှိနေတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ ဒေသခံတစ်ယောက်ပြောပါတယ်။

    Read More »
Back to top button