ကချင်ပြည်နယ်

  • Sep- 2022 -
    30 September
    သတင်း

    ပူတာအိုမြို့နယ်တွင် ဘေချီဥရှာရင်းပြုတ်ကျသေဆုံးသူ ၇ဦးခန့်ရှိလာ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် ရေခဲတောင်ပေါ်တွင် ပေါက်ရောက်တတ်သော ဘေချီဥရှာဖွေရင်း ပြုတ်ကျသေဆုံးသူ တစ်နှစ်အတွင်း ၇ ဦးခန့်ရှိလာပြီဟု သိရသည်။ စက်တင်ဘာလ ပြုတ်ကျသေဆုံးခဲ့သူများသည် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ၊ မလိခွမ်ကျေးရွာ၊ ခေါင်လန်ဖူးမြို့နယ် ဆန်ဒမ်းကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါဝင်သည်ဟု သိရသည်။ “ဆေးမြစ်ရှာရဖို့အတွက် အလုအယက်လုပ်နေကြတာပါ နှစ်စဥ်သေဆုံးသူကအတော်လေးများပါတယ်။ ဒီနှစ်ဘေဥချီဥထွက်ချိန်မှာပဲကျနော်တို့သိ‌သလောက်…

    Read More »
  • 29 September
    သတင်း

    ဖားကန့်တွင် ဖယောင်တိုင်မီးမှတဆင့် ၂ထပ်တိုက် ၄လုံး မီးလောင်ပျက်စီး

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ထပ်တိုက် ၄လုံးတဆက်တည်း မီးလောင်ပျက်စီးမှု ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဆိုင်းတောင် အမှတ် (၂)ရပ်ကွက် ကချင်စားသောက်ဆိုင်တစ်ခုဖြစ်သည့် ‘Num Ri…

    Read More »
  • 28 September
    သတင်းနန်းမား

    နန်းမားတွင် လင်မယားနှစ်ဦးဖမ်းဆီးခံရပြီး အမျိုးသားဖြစ်သူကို သတ်ဖြတ်ထား

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ လင်မယားနှစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီနောက် အမျိုးသားဖြစ်သူမှာ သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများထံ မှသိရသည်။  စက်တင်ဘာလ ၂၆ ရက်နေ့ နန်းမားကျေးရွာ နန်းခမ်းရပ်ကွက်မှ ဦးတင်ဌေး ၊ ဒေါ်နေကြည်တို့ လင်မယားကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့တွင် အမျိုးသားဖြစ်သူ ဦးတင်ဌေးသတ်ဖြတ်ခံလိုက်ရကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ ”၂၆ ရက်နေ့ည ၇နာရီခွဲလောက်မှာ ဖမ်းခေါ်သွားတယ်တဲ့…

    Read More »
  • 23 September
    သတင်း

    စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

    ကချင်ပြည်နယ် ရွှေကူနယ် ကျွန်းတော်ရွာမှ မိုးစစ်ကျေးရွာဘက်သို့ကူးလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ စက်လှေ ၄စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး စက်လှေ ၃စီးနစ်မြှုပ်သွားကာ စစ်ကောင်စီဘက် သေဆုံးသူ ၂၇ဦးအထက်ရှိနိုင်ကြောင်းသိရသည်။ စစ်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်တွင် စစ်အင်အား ၁၀၀…

    Read More »
  • 21 September
    Covid-19 Reporting

    ကချင်တွင် ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးနေပြီး ယခုလအတွင်း လူပေါင်း ၁၀၀ နီးပါးတွင် ကိုဗစ်ပိုးတွေ့

    ကချင်ပြည်နယ်တွင် နေ့စဥ် ကိုဗစ်-၁၉ ပိုးတွေ့လူနာတိုးနေပြီး စက်တင်ဘာ ၁ ရက်နေ့မှ ယနေ့ အထိ ကူးစက်လူနာအသစ် ၁၀၀ နီးပါး ရှိပြီဟု စစ်ကောင်စီလက်အောက် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးလာနေမှုနှင့် ပက်သက်၍ ကိုဗစ်-၁၉ အရေး ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းတစ်ခု တာဝန်ရှိသူက ယခုကဲ့သို့ သုံးသပ်ပြောဆိုထားသည်။ ”လူတွေက ကိုဗစ်ဆိုရင်သိပ်ပြီးမကြောက်တော့ဘူးဖြစ်နေတာ။ တွေ့နေရတာ လူဆယ်ယောက်မှာတစ်ယောက်လောက်ပဲ mask တပ်တော့တယ်ဆိုတော့…

    Read More »
  • 16 September
    သတင်း

    မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါ ရှော့ဖြစ်ပြီး သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲပြီး ရှော့ဖြစ်ကာ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိရကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။ ယနေ့နံနက် ၈နာရီဝန်းကျင် ခေမာသီရိရပ်ကွက် ခေမာစီဝံဘုန်းကြီးကျောင်းလမ်းကြားတွင် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦး KNG…

    Read More »
  • 16 September
    သတင်း

    လုံးခင်းတွင် ရွှေဆိုင်တစ်ခု ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၅၀၀ ကျော်လုယူသွား

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက် ၃ ရှိ ရွှေဆိုင်တစ်ခုတွင် စက်တင်ဘာလ ၁၅ရက်နေ့ ညနေပိုင်း ၄နာရီဝန်းကျင် ဓားပြတိုက်ခံရပြီး ငွေသားကျပ်သိန်း ၅၀၀ ကျော် လုယူသွားကြောင်း ဒေသခံများထံမှသိရသည်။ ဝေဖြိုးအောင် အမည်ရှိ ရွှေဆိုင်အတွင်းသို့…

    Read More »
  • Aug- 2022 -
    26 August
    သတင်း

    အဆိပ်သင့် ဘိုင်အိုဒိုင်ဗာစတီ

    ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါဒေသရဲ့ တောင်တွေမှာ မြေရှားသတ္တုတူးဖော်ရာတွင်အသုံးပြုသည့် သတ္ထုပျော်ရည် စုဆောင်းသည့် ကန်ပေါင်း ၂၇၀၀ ကျော်ကို ဂြိုလ်တုမှ ရှာဖွေ့တွေ့ရှိထားကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Global Witness ရဲ့ အဆိပ်သင့်တောင်တန်းများ ဆိုသည့်အစီရင်ခံစာ ထွက်ပေါ်လာသည်။ မြေရှားတူးဖော်မှုကို တရုတ်ကုမ္မဏီများနှင့် တရုတ်အစိုးရပါဝင်သည့်…

    Read More »
  • Jul- 2022 -
    5 July
    သတင်း

    ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သော ပျောက်ကြားသပိတ် ဦးဆောင်ခဲ့သည့် ဦးချစ် အပါအဝင် PDF တပ်သား ၄ ဦးအား စစ်ကောင်စီတပ် ဖမ်းဆီးထားရာမှ ၂ဦးကို ထောင်တွင်း သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း နီးစပ်ရာ ပြည်သူတစ်ဦးထံမှသိရသည်။ ပြီးခဲ့သော ဧပြီလ…

    Read More »
  • Jun- 2022 -
    10 June
    သတင်း

    ကချင်တွင် မေလအတွင်း ကိုဗစ် ကူးစက်သူ မရှိသလောက်နည်းပါးခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာန ဖော်ပြထား

    ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အသင့်သင့်ရှိခဲ့သော်လည်း မေလတွင်မူ ကူးစက်သူ နှင့် သေဆုံးသူ မရှိသလောက်နည်းပါးခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန စာရင်းများအရ လေ့လာတွေ့ရှိရသည်။ ကချင်ပြည်နယ် မြို့နယ်ပေါင်း…

    Read More »
Back to top button