ကန့်ဘလူ

  • Jul- 2023 -
    5 July
    သတင်းစစ်ကိုင်းတိုင်းတစ်နေရာက စစ်ဘေးရှောင်များ (ပုံဟောင်း)

    မိဿလင်ကုန်းရွာက ဒေသခံ ၅၀ကျော် ဓားစာခံအဖြစ်ဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ၅၀ကျော်ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးတောင်ဘို့မှာအထိုင်ချထားတဲ့ စစ်ကောင်တပ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ကိုးတောင်ဘို့ကနေ ၂မိုင်ခန့်အကွာမှာရှိတဲ့ မိဿလင် ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က…

    Read More »
  • Jun- 2023 -
    29 June
    သတင်း

    ကန့်ဘလူ NUG လက်အောက်ခံကျောင်းတွေ ကိုယ်ထူကိုယ်ထ ရပ်တည်နေရ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံကျောင်းတွေ အခုနှစ်မှာတော့ ကိုယ်ထူကိုယ်ထ ရပ်တည်နေကြရတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ ပညာရေးအတွက်လိုအပ်တဲ့ အသုံးစရိတ်တွေကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်က မပေးတဲ့အတွက် ပြည်သူ့အုပ်ချုပ်ရေးနှင့် အမျိုးသားညီညွှတ်ရေးအစိုးရထံကနေ တစ်ဆင့်ပြန်တောင်းခံရတာ ဖြစ်တယ်လို့ ကန့်ဘလူပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ပညာရေးဘက်ကို မရသေးဘူး။ သက်ဆိုင်ရာတွေကို မေးကြည့်တော့ အချက်အလက်နဲ့အပြည့်အစုံ တင်တောင်းမှ ရမယ်လို့ သိရတယ်။ တောင်းတဲ့အခါမှာလည်း အချက်အလက်အပြည့်အစုံလိုတယ်။ ဘယ်အတွက် သုံးချင်တာပါ ဘယ်ထဲကနေ ရချင်ပါတယ်ဆိုပြီး တောင်းရတာပါ။ ကျနော်တို့ကိုယ်တိုင်လည်း တောင်းခဲ့တယ်။ အချက်အလက်မပြည့်စုံလို့ဆိုပြီး ပြန်တင်ခိုင်းတယ်။ အခုလည်းပြန်တင်ဖို့လုပ်နေပါတယ်” လို့ ပြောပါတယ်။ ယခင် စာသင်နှစ်မှာတော့…

    Read More »
  • 19 June
    သတင်း

    ကန့်ဘလူတွင် နှစ်ပတ်အတွင်းမြွေကိုက်ခံရသူ ၉ ဦးအထိ ထပ်တိုးလာ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ နှစ်ပတ်အတွင်း ၉ ဦးအထိ ရှိလာသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။ ဧပြီလအတွင်း မြွေကိုက်ခံရသူ ၄ ဦး၊ မေလတွင် မြွေကိုက်ခံရသူ ၈ ဦးအထိရှိခဲ့ရာ ယခုဇွန်လ လဝက်အတွင်း မြွေကိုက်ခံရသူ…

    Read More »
  • 14 June
    သတင်း

    ကန့်ဘလူတွင် တစ်လအတွင်း ကျေးရွာ ၁၇ ရွာမီးရှို့ခံရသည့်အပြင် အရပ်သား ၃ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်တွင် မေလတစ်လအတွင်း ကျေးရွာ ၁၇ ရွာမှ နေအိမ် ၆၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံအမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦး အသတ်ခံလိုက်ရသည်ဟု သိရသည်။ မီးရှို့ခံရသည့် နေအိမ်…

    Read More »
  • 9 June
    စစ်ပြေးဒုက္ခသည်များ

    ကန့်ဘလူတွင် သုံးရက်အတွင်း စစ်ဘေးရှောင်၂ဦး မြွေပွေးကိုက်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဇွန်လ ၆ရက်နေ့မှ ၈ရက်နေ့အထိ သုံးရက်တာအတွင်း စစ်ဘေးရှောင် အမျိူးသား၂ဦး မြွေပွေးကိုက်ခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။ မြွေကိုက်ခံရသူများသည် ကိုးတောင်ဘို့တိုက်နယ်နှင့် ချပ်သင်းတိုက်နယ်က အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိူးသားနှစ်ဦးဖြစ်ကြပြီး လက်ရှိမှာ မြွေဆိပ်ဖြေဆေး…

    Read More »
  • May- 2023 -
    23 May
    သတင်း

    မြွေကိုက်ခံရသော စစ်ဘေးရှောင် ၇၀ ဦး အထိရှိလာ

    ကန့်ဘလူမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးနေရသော စစ်ဘေးရှောင်များထဲတွင် မြွေကိုက်ခံရသူ ၇၀ ဦးခန့်ရှိလာပြီဟု စုံစမ်း သိရှိရသည်။ အာဏာသိမ်းချိန်မှ စတင်ကာ ၂၀၂၃ ခုနှစ် ဧပြီလအထိ ကန့်ဘလူမြို့နယ်အတွင်း မြွေ‌ပွေးကိုက်ခံရသူ ၆၁ ဦးထိရှိခဲ့ပြီး ထိုအထဲတွင် ကလေးငယ် ၂ ဦး အပါအဝင် သေဆုံးသူ ၆…

    Read More »
  • 8 May
    သတင်း

    ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၁၅ ဦးအား ဓားစာခံအဖြစ်ဖမ်းဆီးသွား

    ကန့်ဘလူမြို့နယ်ရှိ ထောက်ရှာအိုင်ကျေးရွာမှ စစ်ရှောင်ပြည်သူ ၁၅ ဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှသိရသည်။ စစ်ကောင်စီတပ်သည် မေလ ၇ ရက်နေ့ နံနက် ၇နာရီခန့်တွင် ထောက်ရှာအိုင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာရှိနေအိမ်များကိုလည်းမီးရှို့ခဲ့ပြီးနောက် စစ်ရှောင်ပြည်သူ ၁၅ဦးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု…

    Read More »
  • Apr- 2023 -
    27 April
    သတင်း

    ကန့်ဘလူတွင် မြွေဆိပ်ဖြေဆေးအကူညီများ အရေးပေါ်လိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြွေဆိပ်ဖြေဆေးအကူညီများ လိုအပ်နေ‌ကြောင်း ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ကန့်ဘလူဒေသတွင် ယခုရာသီကာလအတွင်း မြွေဟောက်အလွန်ပေါများပြီး စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသည့် ဖြစ်စဥ်များ မကြာခဏဖြစ်ပွားနေသောကြောင့် ဧပြီလ တစ်လအတွင်း မြွေကိုက်ခံရသူ ၄ဦးအထိရှိလာကာ မြွေဆိပ်ဖြေဆေးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦးကပြောသည်။…

    Read More »
  • 22 April
    သတင်း

    ကန့်ဘလူတွင် ရှစ်နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦး မြွေကိုက်ခံရလို့ သေဆုံး

    ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်းကျေးရွာမှ အသက်ရှစ်နှစ်အရွယ် စစ်ဘေး‌ရှောင်ကလေးငယ်တစ်ဦး တောထဲတွင် စစ်ဘေးရှောင်နေစဥ် မြွေကိုက်ခံရပြီး သေဆုံးခဲ့ရသည်ဟု သိရသည်။ ဖြစ်စဥ်မှာ အဆိုပါကလေးငယ်သည် မိသားစုများနှင့် တောထဲတစ်နေရာတွင်စစ်‌ဘေးရှောင်နေစဥ် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ထမင်းချက်ရန်ထင်းသွားရှာရင်း မြွေကိုက်ခံခဲ့ရခြင်းဖြစ်ပြီး…

    Read More »
  • 13 April
    တိုက်ပွဲ

    ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သား ၁၆၈ ဦးအထိ သေဆုံးမှုရှိခဲ့ပြီး ရှင်းလင်းရေးဆောင်ရွက်နေဆဲ

    ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးမှုတွင် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၆၈ ဦးအထိရှိခဲ့ကြောင်း မြေပြင်ကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။ သေဆုံးမှုတွင် ဗုံးကျဲတိုက်ခိုက်ခံရသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသူများသာဖြစ်ကြပြီး ထိုထဲတွင် ၆ နှစ်သားအရွယ်များနှင့်…

    Read More »
Back to top button