စစ်ကိုင်းတိုင်းဒေသ

  • Mar- 2024 -
    18 March
    သတင်း

    မီးဘေးသင့် ဟွေထိုက်ကျေးရွာပြည်သူတွေအတွက် အစားသောက်၊နေရာထိုင်ခင်း အရေးပေါ်အကူအညီလိုအပ်နေ

    စစ်ကိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့ ဟွေထိုက်ကျေးရွာနေ ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ နေ့လည်ပိုင်း တောမီးကူးစက်မီးလောင်ကျွမ်းရာကနေ ဟွေထိုက်ကျေးရွာက ရွာလုံးကျွတ်နီးပါး မီးဘေးသင့်နေပြီး ပျက်စီးဆုံးရှုံးမှုတွေများတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့  လဟယ်မြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။ “နေ့လည်၁၂ နာရီကြီးမှာလောင်သွားတာ အဲ့နေ့ကကြာသာပတေးနေ့လည်း အဲ့ဆိုတော့ အားလုံးကတောင်ယာသွားနေကြတာ အိမ်မှာက ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေလောက်ပဲကျန်တာ ဘာမှမလုပ်နိုင်ဘူးလေသူတို့ အဲ့ကြောင့် တစ်ရွာလုံးနီးပါးကိုလောင်သွားတာ ဘာမှမရလိုက်ကြဘူး”လို့သူကပြောပါတယ်။ ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့ ဟွေထိုက်ကျေးရွာ (CRD- Ngai Thang ဖေ့စ်ဘုတ်) အိမ်ခြေ ၅၀ ဝန်းကျင်လောက်သာရှိတဲ့ အဲ့ဒီကျေးရွာမှာ အိမ်ခြေ ၃၅ လုံးအထိမီးလောင်သွားတာဖြစ်ပြီး အိမ်သုံးပစ္စည်း၊ တကိုယ်ရေအသူံးအဆောင်တွေမီးလောင်သွားတဲ့အပြင် အချို့တစ်နှစ်စာသိုလောင်ထားတဲ့စပါးတွေပါ မကျန် မီးလောင်သွားတဲ့အတွက် အစားအသောက်၊ အဝတ်အထည်ကအစအကူအညီလိုအပ်နေတာလို့ဒေသခံတွေကဆိုပါတယ်။ “ရွာရဲ့သင်းအုပ်ဆရာအိမ်ကအစပါသွားတယ် တချို့က စပါးကိုရွာထဲမှာပဲ စပါးသိုက်ဆောက်ပြီးထားတာလေး အဲ့တာတွေကအစ ပါသွားတယ်ဗျ စောင်တွေ အဝတ်အထည်တွေ အိုးခွက်ပန်းကန်ကစ မရလိုက်ကြဘူး အဓိကတော့အခု အဝတ်အထည်တို့ အစားအသောက်တို့လိုအပ်နေတယ်လို့”လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားကဆက်ပြောပါတယ်။ မီးလောင်မှုကြောင့် အိမ်မွေးရိတိစ္ဆာန်သေဆုံးမှုအနည်းငယ်ရှိခဲ့ပြီး အရပ်သား ၂ဦးလည်း မီးလောင်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ အဲ့ဒီဟွေထိုက်ကျေးရွာမီးဘေးသင့်ပြည်သူတွေကို ကူညီလှူဒါန်းလိုတယ်ဆိုရင်တော့ ဖုန်းနံပတ် 09764817340 ကိုဆက်သွယ်ပြီးလျှူဒါန်းနိုင်ကြောင်း Ngai Thang ဖေ့စ်ဘုတ် အကောင့်မှာ ဖော်ပြထားပါတယ်။ လဟယ်မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါ ရီလကလည်း ဆော်လော်နောက်ကုန်းကျေးရွာမှာအိမ်သုံး ဆိုလာပြားအပူလွန်ကဲပြီး အိမ်ခြေ ၇၀ ကျော်မီးလောင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2022 -
    4 November
    သတင်း

    ကသာနယ်တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို အင်းရွာ PDF အဖွဲ့ ဖမ်းဆီးထား

    စစ်ကိုင်းတိုင်းဒေသ ကသာမြို့နယ် အင်းရွာကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တစ်ဦးဖြစ်သူကို အင်းရွာ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် ပျူစောထီးအဖွဲ့ဝင် အသက် ၂၀ ကျော်အရွယ် ကိုမြတ်မိုး ခေါ်သူသည် သူ၏…

    Read More »
  • Oct- 2022 -
    18 October
    တိုက်ပွဲ

    ချောင်းဦးနယ်တွင် တစ်ပတ်အတွင်း လူနေအိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၄ဦးနှင့် ထောက်ပို့ရဲဘော် ၂ဦး သတ်ဖြတ်ခံရဟုဆို

    စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ လူနေအိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၄ဦး နှင့် PDF ထောက်ပို့ ရဲဘော် ၂ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချောင်းဦးနယ်…

    Read More »
  • Sep- 2022 -
    16 September
    တိုက်ပွဲ

    ခြင်းလုံးခတ်နေသည့် စစ်ကောင်စီအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရကာ ၇ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ပေါ်  ကျန်စစ်ရပ်ကွက် အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ ခြင်းလုံးခတ်နေစဥ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ၇ဦးသေဆုံးခဲ့သည်ဟု အဆိုပါတိုက်ခိုက်မူအတွင်းပါဝင်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ ယမန်နေ့  ညနေပိုင်း၅နာရီဝန်းကျင် Zero ပြောက်ကျားတပ်ဖွဲ့ နှင့် True Fighter ‌ဒေသခံကာကွယ်ရေးတပ်များပူးပေါင်းကာ…

    Read More »
  • 1 September
    တိုက်ပွဲ

    ခင်ဦးတွင် စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၁၀ ဦး ခန့်သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာတွင် ပျူစောထီး၊ စစ်ကောင်စီ ပူးပေါင်းတပ် နှင့် နယ်မြေခံ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့က ပျဥ်ထောင်ကျေးရွာတွင် ရောက်ရှိနေသော ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များကို နယ်မြေခံကာကွယ်ရေးတပ်များမှ ဒရုန်းဖြင့်ပစ်ခတ်ခဲ့ပြီးနောက် တဲစုကျေးရွာ ဦးတည်လာတဲ့…

    Read More »
  • 1 September
    တိုက်ပွဲ

    ထီးချိုင့်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရကာ ၁၄ ဦးထက်မနည်း သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပေါင်းနက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့ နံနက် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၁၄ ဦး ထက်မနည်းသေဆုံးကာ ၆ဦး ခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့နံနက် ၈နာရီဝန်းကျင် စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ခန့်သည် ပေါင်းနက်ကျေးရွာဘက်ကို ဦးတည် ထွက်ခွာလာစဉ် အောင်သာယာရွာအကျော်အရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက…

    Read More »
  • Aug- 2022 -
    29 August
    စစ်ပြေးဒုက္ခသည်များ

    စစ်ကိုင်းနယ်ရှိ မြို့နယ် ၃ခု၏ စစ်ဘေးရှောင်ပြည်သူများ ၃သောင်းကျော်အတွက် အရေးအပေါ် အကူအညီလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသရှိ ကောလင်း၊ ကန့်ဘလူနှင့် ကျွန်းလှ စသော မြို့နယ် ၃ခု၏ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည် ၊ မိုးကာ နှင့် ဆေးဝါးများအရေး ပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှသိရသည်။ ပြီးခဲ့သော ဩဂုတ်လ ၂၃ရက်နေ့မှစပြီး အဆိုပါ…

    Read More »
  • 15 August
    သတင်း

    အင်းတော်နယ်တွင် စစ်ကောင်စီထုတ် ဘီယာအဖာ ၂၀၀ တိတိကို KIA နှင့် PDF ဖျက်ဆီး

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အင်းတော်မြို့နှင့် ကျောင်းကုန်းကျေးရွာကြားတွင် မန္တလေးဘက်မှ တင်ဆောင်လာသည့် မြန်ဘီယာ၊ ဒဂုန်ဘီယာနှင့် Andaman ဘီယာအဖာ ၂၀၀ တိတိကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့က ဖမ်းဆီး၍ ဖျက်ဆီးခဲ့ကြောင်း အင်းတော်…

    Read More »
  • 9 August
    သတင်း

    စစ်ကိုင်း မူးကမ်းကြီးနှင့်ဆူးတပ် ရွာ ၂ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

    စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မူးကမ်းကြီးနှင့် ဆူးတပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အဖွဲ့ ၄ခုခွဲပြီး  ပြည်သူများ၏ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ယမန်နေ့ နံနက်ပိုင်း ၁၁နာရီဝန်းကျင်မှစကာ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်း လက်လှုပ်ရွာမှ မူးကမ်းကြီး…

    Read More »
  • 5 August
    တိုက်ပွဲ

    ထီးချိုင့်မြို့လယ် ဘောလုံးကွင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂ဦးသေဆုံး၊ ၅ဦး ထိခိုက်ဒဏ်ရာရရှိ

    စစ်ကိုင်းတိုင်းဒေသ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းတွင် စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ၂ဦးထက်နည်း သေဆုံးပြီး ၅ဦးထက်နည်း ခြေပြတ်လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်တွင် ထီးချိုင့်မြို့လယ် ဘောလုံးကွင်းတွင် စစ်အင်အား…

    Read More »
Back to top button