စစ်ကောင်စီ
-
Aug- 2023 -7 Augustသတင်း
ဖားကန့် ကသိုဏ်းတောင် စစ်တပ် စခန်းတိုက်ခိုက်ခံရ၊ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာနားမှာထိုင်ထားတဲ့ စစ်ကောင်စီစစ်တပ်ကုန်းနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သွားရာမှာ ကသိုဏ်းတောင်တပ်စခန်း တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “ကသိုဏ်းတောင်ကိုသိမ်းလိုက်နိုင်ပြီ နမ့်မော်တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာစိုးလို့ တားထားတဲ့သဘော အဓိကတော့ ကသိုဏ်းတောင်ကိုတိုက်တာ…
Read More » -
3 Augustသတင်း
စစ်ကောင်စီပစ္စည်းသွားပို့ခိုင်းလိုက်တဲ့ မူဆင့် ဒေသခံ ၃ ဦးတစ်လကျော်ကြာပျောက်ဆုံးနေ
ကချင်ပြည်နယ် မံစီမြို့နယ် မူဆင့်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ္စည်းသွားပို့ခိုင်းတဲ့ မူဆင့်ဒေသခံအမျိုးသား ၃ ဦး တစ်လကျော်ကြာတဲ့အထိပြန်မလာပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ မူဆင့်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဒုတပ်ရင်းမှူး ဟိန်းထက်ရှိန်းကနေပြီး မူဆင့်ဒေသခံအမျိုးသား ၃ ဦးကို မံစီမြို့နယ် မူဆင့်ရွာကနေ ရှမ်းပြည်နယ်…
Read More » -
2 Augustသတင်း
စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ ကချင်ပြည်နယ် အကျဉ်းထောင်တစ်ချို့က အကျဉ်းသား၊သူ ၁၅၉ ဦးလွတ်မြောက်၊ နိုင်ကျဉ်း ၁၅ ဦးပါဝင်
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်မှာ ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား၊သူ ၁၅၉ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာတယ်လို့ သိရပါတယ်။ အဲဒီလွှတ်ငြိမ်းချမ်းသာခွင့်မှာ မြစ်ကြီးနားအကျဉ်းထောင်က ၇၇ ဦး၊ဖားကန့်အချုပ်ထောင်မှ ၁၇ ဦး၊ ဗန်းမော်အကျဉ်းထောင်မှ ၃၀ ဦးနဲ့မိုးညှင်းအကျဉ်းထောင်က ၃၅ ဦးပါဝင်လာပြီး စုစုပေါင်း လွတ်မြောက်လာသူ ၁၅၉ ဦးရှိပြီး အဲထဲမှာမှ ဖားကန့်အချုပ်ထောင်က နိုင်ကျဉ်းသား ၁၁ ဦးပါဝင်လာပြီး၊…
Read More » -
Jul- 2023 -26 Julyသတင်း
စစ်ရိက္ခာသယ် စစ်သင်္ဘော ၉ စီး ဆန်တက်လာတဲ့အတွက် မြစ်ကြောင်းတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်
မန္တလေးတိုင်းဘက်နေ ကချင်ပြည်နယ်ဘက်ကို ဦးတည်ပြီး ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းများသယ်လာတဲ့ စစ်သင်္ဘော ၇ စီးဆန်တက်လာတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ နံနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာ…
Read More » -
19 Julyသတင်း
ရွှေကူမြို့က ထွေအုပ်ရုံးနှင့်စည်ပင်ရုံးဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်က စစ်ကောင်စီလက်အောက် ထွေအုပ်ရုံးနှင့်စည်ပင်ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာကြောင့် ဝန်ထမ်းနှစ်ဦးထိခိုက်တဲ့အပြင် ရုံးအဆောက်အဉီးလည်းပျက်ဆီးသွားတယ်လို့ ရွှေကူမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မြို့နယ် ထွေအုပ်ရုံးနဲ့ မြို့နယ်စည်ပင်ရုံးကို ဒီနေ့မနက် ၁၁ နာရီခွဲ အချိန်မှာ ရွှေကူ PDF က ဒရုန်းနဲ့ပစ်ခတ်…
Read More » -
17 Julyသတင်း
ခင်ဦးမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့်စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထားပါတယ်။ ဇူလိုင်၁၆ရက်နေ့ မနေ့က နေ့လည် ၁နာရီလောက်မှာ အင်းပတ် ကွေ့ဈေးတန်းကအထိုင်ချစခန်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကသူတို့စခန်းနဲ့မီတာ ၃၀၀လောက်အကွာမှာရှိတဲ့ အင်းပတ်ရွာကို ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန် ကြားရေးအဖွဲ့ကတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “ အင်းပတ်ကပေါ့ စစ်ဘေးရှောင်နှစ်ဦး လက်နက်ကြီးထိတာပေါ့တစ်ဦးကတော့ပွဲချင်းပြီးဆုံးသွားတယ် တစ်ဦးကတော့ ဆေးကုသမူခံယူနေရဆဲပါ”လို့ပြောပါတယ်။ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသူဟာ…
Read More » -
15 Julyသတင်း
KIO ဗဟိုဌာနချုပ်အတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ တပ်စခန်းအခြေချဖို့ စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ
ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ စစ်ကောင်စီတပ်က စစ်စခန်း ၃ ခုလောက် အထိုင်ချဖို့ စစ်ကြောင်းထိုးနေရင်း တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၁၀ ရက်ကျော် ရှိလာပါပြီ။ စစ်တပ်က နေရာယူဖို့ ကြိုစားနေတဲ့ နေရာတွေကတော့ ဒွမ်ဘန်ဘွမ်…
Read More » -
13 Julyသတင်း
ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြား စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေ
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား ဒီကနေ့မနက်ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက်ကနေ ဇူလိုင်လ ၄ ရက်နေ့ကစပြီး နမ်ဆန်ယန်ဘက်ကို တောက်လျှောက် စစ်ကြောင်းထိုးနေတဲ့အတွက် KIA ဘက်က စောင့်ကြိုတိုက်ခိုက်ရာကနေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတာယ်။ “ ဒီနေ့ဖြစ်တဲ့အဖွဲ့က အောင်ဂျာမှာအင်အားထပ်ဖြည့်ဖို့တက်လာတာ အောင်ဂျာကနေဆို ဒီဘက်သိပ်မဝေးတော့ဘူးလေ…
Read More » -
12 Julyသတင်း
ဂျာပူရွာနားမှာ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ
နမ်ဆန်ယန်ဘက်ကို စစ်အင်အားဖြည့်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဂတ်မိုင်ယန်(Gat Mai Yang) နဲ့ ဂျာပူကျေးရွာကြား ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ရွှေညောင်ပင်စစ်တပ်ဂိတ်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၈ နာရီလောက်မှာ ဂျာပူကျေးရွာအနီးမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်နေပြီး လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေပြောပါတယ်။ “ပြီးခဲ့တဲ့ရက်က မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကနေ စစ်ကြောင်း ရွှေညောင်ပင်ထိရောက်ထားတယ်။ စစ်အင်အားဘယ်လောက်လဲတော့မသိဘူး။ အဲ့ကနေဆက်ချီတက်လာပုံရတယ်။ အခုဂျာပူနဲ့ ဂတ်မိုင်ယန်ကြားမှာ အတကုန်ပစ်နေကြတယ်။ ဒီမနက် ၈ နာရီကနေ စကြားပြီ။ ခုထိ လက်နက်ကြီးတွေနဲ့…
Read More » -
11 Julyသတင်း
မုံရွာမှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မအူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး၁ဦးသေဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ မနေ့က ညနေပိုင်း ၆နာရီဝန်းကျင်မှာ မုံရွာမြို့အဝင် မအူရွာစစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မအူရွာဘက်ကို ၆၀မမ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါ တယ်။ “သူတို့က ရမ်းသမ်းပြီးပစ်တာ ဘာမှလည်းဖြစ်နေတာမဟုတ်ပဲ မအူရွာကိုကျတာထိတာကတော့၃ယောက်…
Read More »









