စစ်ကောင်စီ

  • Feb- 2025 -
    18 February
    သတင်း

    စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် ဝါရာဇွပ်ဒေသခံတစ်ဦး သေဆုံး

    ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမပေါ် ၊ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် ဂျက်လေယာဉ်တစ်စီးနဲ့ ဝါရာဇွပ်ကျေးရွာအလည်တည့်တည့်ကို ဗုံး ၂ လုံး လာရောက် ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • 17 February
    သတင်း

    အင်းတော် ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲမှာ နှစ်ဖက်တပ် ကျဆုံး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၄ နာရီဝန်းကျင်လောက်ကစ စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ထားရတဲ့ တုံးပုံကျေးရွာက…

    Read More »
  • 12 February
    သတင်း

    ကချင်မှာ တစ်ပတ်အတွင်း စစ်ကောင်စီ ၅ နေရာခန့်ကို ဗုံးကြဲတိုက်ခိုက်

    ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ကချင်ပြည်နယ်ထဲက တိုက်ပွဲမဖြစ်တဲ့ လူနေကျေးရွာတွေကို ဦးတည်ပြီး စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံနေရတယ်လို့ သိရပါတယ်။ တစ်ပတ်တာအတွင်း KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ မုန်းဆိုင်ယန် (Mung Seng Yang) ၊ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်ရှိ ဝေရှီ (Wai-shi)ကျေးရွာ ၊ အင်ဂျန့်ယန်လမ်းပေါ်က တန်ဘောင်ယန် (Tangbau…

    Read More »
  • 11 February
    သတင်း

    ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ချို့ကို KIA က ဖမ်းဆီးရမိပြီး တပ်နဲ့ စခန်းတွေကိုလည်း သိမ်းပိုက်ရရှိ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်ကို KIA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သလို ကျန်ရှိတပ်ရင်းတွေကိုလည်း ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်းအတွင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတာဟုတ်တယ်။ လက်နက်ချဝင်လာတာလည်းပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အတွင်း ဖမ်းမိတာလည်းပါတယ်။ အားလုံး ၄၀ ကျော်လောက်ရှိမယ်ထင်တယ်” လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကို ပြောပါတယ်။ ဇန်နဝါရီလဆန်းကတည်းက…

    Read More »
  • 10 February
    သတင်း

    လန်ဆယ်ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

    ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား တွေနေထိုင်တဲ့ ဘက်ကို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက…

    Read More »
  • 7 February
    သတင်း

    မိုးညှင်းမြို့မှာ ရဲနဲ့ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာ

    ကချင်ပြည်နယ် မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်လက်‌အောက်ရဲနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ တို့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးကို ပိုမိုတင်းကြပ်လာတယ်လို့ မိုးညှင်းမြို့ပြည်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ မိုးညှင်းမြို့‌ရှောင်လမ်းမှာ ခရီးသည်ယာဉ်နဲ့လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးကာ ငွေတောင်းခံ နေတဲ့ စစ်ကောင်စီလက်အောက်ရဲနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်…

    Read More »
  • Jan- 2025 -
    27 January
    သတင်း

    ဖောင်းပြင်မြို့နယ် နယ်မြေအများစု ကို PDF ပူးပေါင်းတပ် ထိန်းချုပ်ထားနိုင်ဟုဆို

    ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ပူးပေါင်းတပ် စိုးမိုးထားတဲ့ နယ်မြေအများအပြားကို ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီလို့ သိရပါတယ်။ “ဒီကနေ့အထိဆိုရင် ကျနော်တို့ဘက်က ထိန်းထားနိုင်တဲ့ရွာတွေကတော့ သူတို့ကိုအထိနာပြီးအကျပ်ရိုက်စေတဲ့လွင်ကြီးရွာ၊ ဆိတ်ဆားရွာ၊ သရောင်းရွာရယ် မင်းယာရွာရယ်ပြီးတော့ တခြားရွာတွေလည်းအများကြီးပဲရွာ ပေါင်းကိုမနည်းတော့ဘူး ရွာတွေ မရှိသလောက်ဖြစ်သွားပြီဗျ မြို့နယ်ရဲ့…

    Read More »
  • 21 January
    သတင်း

    စစ်ကောင်စီ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဝိုင်းမော်မြို့ ငှက်ပျောခြံတစ်ခုမှာ အမျိုးသားတစ်ဦး သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ငှက်ပျောခြံတစ်ခုမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အချို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု ကျမ်းခမ်းကျေးရွာ ဝေဆာမနောမြေ ငှက်ပျောခြံလုပ်ကွက်မှာ လက်နက်ကြီး…

    Read More »
  • 21 January
    သတင်း

    စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့

    မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်လိုက်ပါတယ်။ သေဆုံးမှုဖြစ်စဥ်တွေဟာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် မတရား သတ်ဖြတ်တာ၊ မြေမြုပ်မိုင်း၊…

    Read More »
  • 9 January
    သတင်း

    တိုက်ပွဲပြင်းထန်နေတဲ့ ကချင်နဲ့စစ်ကိုင်းအစပ်က ဟုမ္မလင်းနယ်ထဲမှာ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်နေ

    ဖားကန့်မြို့နယ် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာ နဲ့ ပါဟုတ်ကြီး ကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းနေချိန် စစ်ကောင်စီတပ်ဘက်က…

    Read More »
Back to top button