စစ်တပ်
-
Jul- 2023 -14 Julyသတင်း
ကလေးမြို့နယ်မှာ လက်နက်ကြီးမှန်လို့ လင်မယားနှစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စီးစံရွာကဒေသခံ လင်မယား ၂ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံဆီကနေ သိရပါတယ်။ မနေ့က ဇူလိုင် ၁၃ရက်နေ့ည ၉နာရီဝန်းကျင်မှာ ကလေးမြို့ပေါ်အမြောက်တပ်ကနေ လက်နက်ကြီး ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စီးစံနဲ့စက္ကန့် ရွာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က မြို့ထဲကနေပစ်လိုက်တာ ကလေးမြို့နားက ရွာတွေကိုကျတာပေါ့စီးစံရွာကလင်မယားနှစ်ဦးပေါ့ နော် သူတို့အိမ်ပေါ်ကျတာ ဝမ်းဗိုက်ကိုမှန်တာဗိုက်ထဲကအူတွေတောင်မှထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ပြောပါတယ်။…
Read More » -
14 Julyသတင်း
အင်းတော်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံတွေဆီကနေ ရွှေ ၂ ကျပ်သားနှင့် ငွေသားသိန်း ၇၀ လုယူသွား
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွာသာရွာထဲဝင်ရောက်လာတဲ့ စစ်ကြောင်စီ စစ်ကြောင်းဟာ ဒေသခံတွေဆီကနေ ငွေသားသိန်း ၇၀ နှင့် ရွှေ ၂ ကျပ်သား ကိုလုယူသွားတယ်လို့ ရွာသာရွာဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ လဆန်းပိုင်းကတည်းက အင်းတော်နယ်မှာရောက်နေတဲ့ရက်နေ့ တပ်မ ၈၈နှင့် တပ်မ ၇၇ အင်အား ၈၀ ကျော်ပါတဲ့စစ်ကြောင်းဟာ…
Read More » -
12 Julyသတင်း
ဝက်လက်မှာ ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ဝက်လက်နယ်တောင်ဘက်ခြမ်း ရထားသံလမ်းဘက်ကို ဒီကနေ့ မနက်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က သံလမ်းဘေးက သာလိုင်းရွာဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ကြောင်းဝင်လာတဲ့အချိန် သာလိုင်းရွာအရောက်မှာ ပြည်သူတစ်ချို့လည်းပြေးကြတစ်ချို့ကြလည်း မပြေးကြဘူးပေါ့ဗျာ အဲ့မှာသူတို့နဲ့ပက်ပင်းတိုးပြီး သူတို့ရှေ့ပြေး တယ်ဆိုပြီးတော့ ပစ်သတ်လိုက်တဲ့သဘောပေါ့ ပစ်တာကတော့ရည်ရွယ် ချက်ရှိရှိကိုပစ်တာပါ“ လို့ပြောပါတယ်။ ပစ်သတ်ခံခဲ့ရသူဟာ သာလိုင်းကျေးရွာဒေသခံ အသက်၆၀နှစ်အရွယ် ဦးသံချောင်းဆိုသူဖြစ်ပြီးတော့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားချိန်မှာပဲ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း သဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။…
Read More » -
12 Julyသတင်း
ကားမိုင်းအနီး တိုက်ပွဲဖြစ်နေချိန် ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး
ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေစဉ် ကားလမ်းတိုင်း ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ အမျိုးသားတစ်ဦး လက်နက်ထိမှန်သေဆုံးသွား တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၁၀ နာရီဝန်းကျင်ကစပြီး ကားမိုင်း၊လဝါးလမ်း အင်ဘရော့် လမ်းဆုံမှာ စစ်တပ်နဲ့ KIA ကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားနေချိန် ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ ကားမိုင်းဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကားမိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီမနက် ၁ နာရီလောက်ကြာတယ် အချင်းချင်းတိုက်ပွဲဖြစ်နေတာ။ အဲ့တာနဲ့ ကားမိုင်းက ပြည်သူတစ်ယောက်ဆိုင်ကယ်လာတာ တိုက်ပွဲဖြစ်နေစဉ်ဖြတ်လာလို့ လက်နက် ထိပြီးသေသွားတယ်”လို့ ပြောပါတယ်။…
Read More » -
10 Julyသတင်း
ရေဦးနယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအနီးကို လေကြောင်းကတိုက်ခိုက်
စစ်ကိုင်းတိုင်း ရေဦးနယ် ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်း၁၀နာရီလောက်မှာ လေကြောင်းကနေဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်ဆီးမူတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီမနက်မှာ ရေမြက်ကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး၃လုံးကြဲချတယ်စက်လက်နက်တွေနဲ့လည်းရွာပတ်ပတ်လည်ကိုဝဲပြီးပစ်သွားတယ်ဗျ။ ထိခိုက်မူကတော့ဘုန်းကြီးကျောင်းက စေတီတော်က ထီးတော်ပြုတ်ကျသွားတယ်ဆင်းတုတော် ၅ ဆူထက်မနည်းပျက်ဆီးသွားတယ် စာသင်ကျောင်းလည်း အနည်းငယ်ထိခိုက်သွား တယ် အရပ်သား ကျဆုံးမူတော့မတွေ့ရသေးပါဘူး”ဟု ကိုထူးခန့်ကပြောပါတယ်။ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံး၃လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဓမ္မာရုံအနီးကျရောက်ခဲ့တဲ့တစ်လုံးကတော့ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။လက်ရှိအခြေနေတွေကြောင့် ရေမြက်ကျေးရွာနဲ့အနီးတစ်ဝှိုက်က ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။…
Read More » -
7 Julyသတင်း
ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမရိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မူကြောင့် ဈေးသည်အမျိူးသမီးများအပါအဝင် အရပ်သား ၇ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ကမနက်ပိုင်း ၄နာရီဝန်းမှာ သမ္မရိုးရွာဘက်ကို စစ်ကြောင်းထွက်လာချိန်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကရွာသာကြီးမှာတပ်စွဲညအိပ်တာ အဲ့ကနေမနက်၄နာရီလောက် စစ်ကြောင်းပြန်ထွက်တော့ ဈေးသည် တွေကလည်းမနက်၅နာရီလောက်ဆို ဈေးထွက်ရောင်းတာဗျ အဲ့မှာသူတို့သမ္မာရိုးရွာအရောက်မှာ ပတ်လည်ကို ပတ်ပစ်တာ အဲ့မှာဈေးသည်တွေသွားမှန်တာ ပွဲချင်းပြီးသေကုန်တာပဲ”လို့…
Read More » -
6 Julyသတင်း
ဗန်းမော်ဘက်ကိုဆန်တက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ သံခွန်ရေယာဉ်ပစ်ခတ်ခံရ၊ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်လိုက်အတွက်ပြည်သူ ၂ဦးကျည်ထိမှန်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဘိုကုန်းဘက်ကနေ ဗန်းမော်မြို့ဘက်ကို သံခွန်ရေမော်တော်တွေနဲ့ ဆန်တက်သွားတဲ့စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံနေရပြီး စစ်တပ်ကပြန်ပစ်ခတ်သောကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ ဘိုကုန်းနဲ့ချောင်းဝကျေးရွာတွေကို မီးရှို့ခဲ့တဲ့ အင်အား ၃၀၀ နီးပါးပါတဲ့စစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်း ဘိုကုန်းကနေ ဗန်းမော်ဘက်ကို သံခွန်မော်တော်တွေယာဥ် သုံးစီးနဲ့ ဆန်တက်သွားတဲ့စဉ် ကာကွယ်ရေးတပ်ဖွဲ့တွေကရွှေကူမြို့အထက်ဘက် ငပေါက်ဝရွာ…
Read More » -
5 Julyသတင်း
ရွှေကူနယ်အနောက်ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်တွေမီးရှို့နေ
ရွှေကူမြို့နယ်အနောက်ဘက်ခြမ်းကကျေးရွာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာထဲက လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ကစပြီး စစ်တပ်ရဲ့ ခလရ ၇၇ နဲ့ ခလရ ၁၀ ပူးပေါင်းထားတဲ့ စစ်အင်အား ၃၀၀ ခန့်ရှိတဲ့စစ်ကြောင်းဟာ ရွှေကူနယ်အနောက်ခြမ်းမှာရှိတဲ့ ဘိုကုန်း၊ ချောင်းဝ၊ သပြေလှ စတဲ့ကျေးရွာဘက်မှာ စစ်ကြောင်း ၂ကြောင်းခွဲပြီး ဝင်ရောက်နေတဲ့အပြင် ဇူလိုင်လ ၄ ရက်နေ့ ညနေမှာတော့ လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဘိုကုန်းဇာတိဒေသခံအမျိုးသားတစ်ဦးက ကKNG ကိုအခုလိုပြောပါတယ်။…
Read More » -
Jun- 2023 -2 Juneသတင်း
မော်တိတ်ကျေးရွာအနီး စစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာ
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာအုပ်စုတွင် စစ်တပ်က အပြည့်အဝထိန်းချုပ်ရန် စစ်အင်အားဖြည့်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများ သိသိသာသာ လုပ်ဆောင်လာကြောင်း ဒေသခံများ ပြောသည်။ “သူတို့က မော်တိတ်ဒေသကို ထိန်းချုပ်ချင်နေတဲ့သဘောပါပဲ နီးစပ်တဲ့ပတ်ဝန်းကျင်ရွာတွေကိုဝင်တယ်။ သတင်းပေါက်ကြားရင်ဖမ်းတယ်ဆီးတယ်။ သူတို့ဝင်လို့ရတဲ့ရွာတွေဆို မီးရှို့တယ် ပြီးရင်သူတို့ ဗုံးခိုကျင်းတွေတူးတယ် ရပ်ထဲရွာထဲက သစ်တုံးကြီးတွေဘာဘာယူပြီးတော့ ကြီးကြီးကျယ်ကျယ်လုပ်ထားတယ်။…
Read More » -
May- 2023 -12 Mayအင်တာဗျူး
PDF တွေ ဥပဒေဘောင်အတွင်း ပြန်ဝင်လာဖို့ ဆုကြေးငွေများနဲ့ မက်လုံးပေးစည်းရုံးတဲ့အပေါ် ကချင်ပြည်နယ်မှာရှိတဲ့ PDF တွေ ဘာပြောလဲ
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ စစ်တပ်ပိုင်ရုပ်သံနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ PDF တွေနဲ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ကို မေလ ၉ ရက်နေ့က စတင်ပြီးတော့ ပြည်နယ် နေရာတချို့မှာ ထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ချက်မှာ PDF တွေအပါအဝင် အကြမ်းဖက်အဖွဲ့ထဲရောက်နေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့နဲ့ လက်နက်ခဲယမ်းများပါရှိပါက…
Read More »









