စစ်ရှောင်

  • Jul- 2023 -
    5 July
    သတင်းနေရပ်ပြန်ခဲ့စဉ်ပုံ

    ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်ခဲ့တဲ့ လိုင်ကာဇွပ်ဂျာဒေသခံများ အစားသောက်နဲ့နေရာထိုင်ခင်း ခက်ခဲနေ

    မံစီမြို့နယ် မိုင်းခေါင်စစ်ရှောင်စန်းက လိုင်ကာဇွပ်ဂျာရွာဒေသံတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ မိုင်းရှင်းလင်းရှင်းရေးလုပ်ပြီး နေရပ်ပြန်ခဲ့ကြပြီဖြစ်ပေမယ့် နေရာထိုင်ခင်းနဲ့ အစားအသောက် အခက်အခဲဆက်လက်ကြုံတွေ့နေရတယ်လို့ နေရပ်ပြန်စစ်ရှောင်များက ပြောပါတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်နေထိုင်တာ ၂ လခန့်ကြာလာပြီဖြစ်ပေမယ့် ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းမရှိတဲ့အပြင် နှစ်ကြာရှည်ပစ်ထားခဲ့တဲ့နေအိမ်တွေကိုလည်း ပြန်လည်ဆောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးသေးတဲ့အတွက် နေရာထိုင်ခင်းနဲ့ စားဝတ်နေရေး ခက်ခဲနေတယ်လို့ နေရပ်ပြန်လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံတစ်ဦး  ခုလိုပြောပါတယ်။ “တချို့က မိုးကာတဲထိုးပြီးနေနေတယ်၊ တချို့ အိမ်တွေက နေလို့မရတော့တာကြောင့် ဆွေမျိုးတွေရဲ့ အိမ်တွေမှာ မှီခိုပြီး ပူးတွဲနေနေရတာတွေ၊ တချို့ကျတော့လည်း စပါးကျီ ၊ စပါးသိုက်တတွေထဲ ဖြစ်သလို ကြပ်ကြပ်တည်းတည်း နေပြီး ဖြတ်ကျော်နေကြပါတယ်”လို့…

    Read More »
  • Jun- 2023 -
    22 June
    သတင်း

    ကွတ်ခိုင် KBC စစ်ရှောင်များ နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ရန် ငွေကြေးအကူအညီလိုအပ်နေ

    ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရာသစ်သို့ ပြောင်းရွှေ့နေထိုင်နိုင်ရန် ငွေကြေးအကူအညီလိုအပ်နေသည်ဟု စစ်ရှောင်ပြည်သူများကပြောသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် KBC ဘုရားကျောင်းဝင်းတွင် ဆယ်စုနှစ်တစ်ခုအကြာ စစ်စရှောင်ကာလ ကြာမြင့်လာပြီဖြစ်သည့်အတွက်  ကွတ်ခိုင်မြို့…

    Read More »
  • 21 June
    စစ်ပြေးဒုက္ခသည်များ

    နေရပ်ပြန် ရေကြည် စစ်ရှောင်ပြည်သူများအတွက် စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်းမရှိသည့်အတွက် အခက်အခဲကြုံတွေ့နေရ

    မြစ်ကြီးနားမြို့နယ် ရေကြည်(Hkasan) ကျေးရွာတွင် ပြန်လည်နေရာချထားသည့် စစ်ရှောင်များနှင့် နေရပ်ပြန်စစ်ရှောင်ပြည်သူများအတွက်  စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်းများမရှိသောကြောင့် အဓိက အမျိုးသမီးများနှင့် ကလေးများ အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ လက်ရှိ ရေကြည်ကျေးရွာတွင် မည်သည့်အစိုးရဘက်မှ စာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်းမရှိသေး သည့်အတွက်ကြောင့် …

    Read More »
  • 20 June
    စစ်ပြေးဒုက္ခသည်များ

    စစ်ရှောင်ရက် ကြာမြင့်လာသည့် ဆားလင်းကြီး စစ်ရှောင်များ စားဝတ်နေရေးခက်ခဲလာ

    စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ သုံးထောင်ကျော်က စစ်ရှောင်ကာလ ၁၀ ရက်ကျော်ခန့်ကြာမြင့်လာပြီဖြစ်သည့်အတွက် စားဝတ်နေရေးပိုမို ခက်ခဲလာကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့ထံမှသိရသည်။ ဇွန်လ ၉ ရက်နေ့ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီးကျေးရွာအုပ်စုကို…

    Read More »
  • 14 June
    စစ်ပြေးဒုက္ခသည်များ

    စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်နေ

    ရွှေကူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ စစ်ရှောင် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် KPDF တို့အကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ရွှေကူမြို့နယ် မံဝင်း၊ နောင်လတ်ကြီး၊ နန့်လန်၊ စီသာ၊ စီသောင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်မိခင် ဦးရေ ၅၀ ခန့်ရှိသည့်အနက် အချို့မှာ တောတောင်များတွင် ခက်ခက်ခဲခဲဖြစ် မီးဖွားနေရသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း…

    Read More »
  • 9 June
    စစ်ပြေးဒုက္ခသည်များ

    နေရပ်ပြန် မလိဆွတ်ယန်ကျေးရွာတွင် စာသင်ကျောင်းမဖွင့်နိုင်သဖြင့် မူလစစ်ရှောင်စခန်းသို့ ပြန်ရန် ဆုံးဖြတ်

    မြစ်ကြီးနား – ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန်နေရပ်ပြန်ကျေးရွာတွင် စာသင်ကျောင်းမရှိသေးသောကြောင့် ကျောင်းသားရှိသော အိမ်ထောင်စုများသည် မူလစစ်ရှောင်စခန်းဖြစ်သည့် မြစ်ကြီးနား စီတာပူစစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ မလိဆွတ်ဒေသခံပြည်သူများသည် ဆယ်စုနှစ်တစ်စုကြာ မြစ်ကြီးနားမြို့ စီတာပူ KBC စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် နေရာကနေ ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် နေရပ်ပြန်ခဲ့သည်။ သို့သော်…

    Read More »
  • May- 2023 -
    31 May
    စစ်ပြေးဒုက္ခသည်များ

    နေရပ်ပြန် ရွှေကူစစ်ရှောင်ကျေးရွာများတွင် စစ်တပ်ဝင်လာသဖြင့် ထပ်မံ ထွက်ပြေးနေရ

    တိုက်ပွဲငြိမ်သက်သဖြင့် နေရပ်ပြန်သော ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ ဒေသခံများသည် လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းပြန်လည်ဝင်ရောက်လာမှုကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အား ၈၀ ကျော်ပါသောစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့ညပိုင်းက ရွှေကူမြို့နယ်၏ ငအိုးဘက်သို့ ဝင်ရောက်လာသောကြောင့် ပြန်လည်ထူထောင်ရေးလုပ်နေသည့် ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ရွာ…

    Read More »
  • 12 May
    သတင်း

    နေရပ်ပြန် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အကူညီလိုအပ်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မန်လုံနှင့် ကောင်းလိန် စစ်ရှောင်ပြည်သူများသည် နေရာထိုင်ခင်း အခက်အခဲရှိနေသဖြင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် ဧပြီလ ၂၅ ရက်နေ့ မိမိတို့နေရပ်ပြန်လည်နေထိုင်နေကြပြီဖြစ်သော်လည်း လက်ရှိချိန်တွင် နေအိမ်မရှိသေးသောကြောင့် မိုးကာတဲများထိုးပြီး နေထိုင်နေရကြောင်း နေရပ်ပြန် စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ “အခုချိန်ထိတော့ မိုးကာတဲနဲ့ပဲ နေနေကြတာပေါ့။ မိုးရွာတဲ့အချိန်ဆို အရမ်းဒုက္ခရောက်တယ်၊ ဟိုတစ်နေ့ညက…

    Read More »
  • 9 May
    စစ်ပြေးဒုက္ခသည်များ

    မလိဆွတ်ယန် နေရပ်ပြန် စစ်ရှောင်များ နေအိမ်မရှိသေးဖြင့် ကူညီမှုများ လိုအပ်နေ

    မြစ်ကြီးနား – ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများအတွက် နေအိမ်မရှိသေးသောကြောင့် မိုးကာတဲတွင် ခိုလှုံနေရဆဲ ဖြစ်ပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ မလိဇွပ်ယန် ဒေသခံ အိမ်ထောင်စု ၃၈ စုသည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့မှစပြီး ကိုယ်ထူကိုယ်ထ…

    Read More »
  • 8 May
    သတင်း

    ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၁၅ ဦးအား ဓားစာခံအဖြစ်ဖမ်းဆီးသွား

    ကန့်ဘလူမြို့နယ်ရှိ ထောက်ရှာအိုင်ကျေးရွာမှ စစ်ရှောင်ပြည်သူ ၁၅ ဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှသိရသည်။ စစ်ကောင်စီတပ်သည် မေလ ၇ ရက်နေ့ နံနက် ၇နာရီခန့်တွင် ထောက်ရှာအိုင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာရှိနေအိမ်များကိုလည်းမီးရှို့ခဲ့ပြီးနောက် စစ်ရှောင်ပြည်သူ ၁၅ဦးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု…

    Read More »
Back to top button