ပူတာအို
-
Mar- 2024 -12 Marchသတင်း
ပူတာအိုမြို့မှာ ကုန်စျေးနှုန်း အဆမတန်ထိုးတက်
ပူတာအို–မြစ်ကြီနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေပြီး ကြက်ဥ ၁ လုံးကို ကျပ် ၅၀၀ ကျပ်အထိပေးဝယ်နေရတယ်လို့ မြို့ခံ တွေကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပူတာအို KPDF ၊ ခါကာဘို PDF…
Read More » -
9 Marchသတင်း
တိုက်ပွဲကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရက်အကန့်အသတ်မရှိ ပိတ်ထား
မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်းကို မနေ့ညပိုင်းကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ပူတာအိုမြို့ ဂိတ်မှူးတစ်ဦးက KNG ကို ပြောပါတယ်။ “ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာမနေ့ညကစပြီး သေနတ်သံတွေစကြားရတာပဲ မနေ့ညပိုင်းကနေ လမ်းပိတ်မယ်လို့ ပြောတယ်။ အဲ့ကြောင့် ဒီနေ့တော့ မြစ်ကြီးနားဆင်းမယ့် ကားဆရာတွေကို မဆင်းခိုင်းတော့တာ…
Read More » -
Feb- 2024 -29 Februaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
စစ်အာဏာသိမ်းနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေ ပိုများလာတဲ့ ပူတာအိုဒေသ
ကချင်ပြည်နယ် ပူတာအိုဒေသတစ်ခုလုံးမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း တရားမဝင်ရွှေတူးဖော်တာတွေ တစ်နေ့တစ်ခြား ပိုများလာနေတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
Read More » -
28 Februaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ပူတာအို နမ်ဆဘွမ်ကျေးရွာဘေး ရွှေတူးဖော်နေသူတွေ စစ်တပ်က မောင်းထုတ်
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နမ်ဆဘွမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့သူတွေကို စစ်ကောင်စီတပ်က လိုက်လံမောင်းထုတ်နေတယ်လို့ ဒေသခံ တွေဆီကနေသိရပါတယ်။ ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းလောက်ကတည်းကနေ နမ်ဆဘွမ်ကျေးရွာ ချောင်းနဘေးမှာတရားမဝင်ရွှေတူးဖော်သူတွေကို စစ်ကောင်စီတပ်က ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းကတည်းကနေ လိုက်လံမောင်းထုတ်နေတာဖြစ်တယ်လို့ နမ်ဆဘွမ်ဒေသခံတစ်ဦးက…
Read More » -
28 Februaryသတင်း
ပူတာအိုမှာ မှတ်ပုံတင်ကိုင်ဆောင်ထားသူတိုင်း စမတ်ကဒ်ပြုလုပ်ရန်စစ်ကောင်စီညွန်ကြားထား
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲမှာ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့လူတိုင်း Smart Card(စမတ်ကဒ်)ပြုလုပ်ရမယ်လို့ စစ်ကောင်စီက ညွန်ကြားထားကြောင်းသိရပါတယ်။ ပူတာအိုမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ အရပ်သားတိုင်း စမတ်ကဒ်ပြုလုပ်ရမယ်ဖြစ်ကြောင်း ရပ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ဆယ်အိမ်မှူး၊ရာအိမ်မှူးတွေကနေတဆင့် အသိပေးညွန်ကြားထားတယ်လို့ ပူတာအို မြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့ဆီတော့…
Read More » -
15 Februaryသတင်း
တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်လုပ်ဖို့ကား၊ သုံးဘီးတွေနဲ့လှည့်လည်စည်းရုံးလှုံ့ဆော်နေ
ပူတာအိုမြို့နယ်ထဲမှာ တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တာဝန် ထမ်းဆောင်ဖို့ရန်အတွက် ကား၊ သုံးဘီးတွေမှာ လော်စပီကာတပ်ပြီးတော့ လိုက်လံစည်းရုံးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဇန်ဝါရီလကုန်ပိုင်းလောက်ကနေ ပူတာအိုမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်နေရာတွေမှာ ‘ကိုယ့်ဒေသကိုကာကွယ်ဖို့နဲ့ လက်နက်ကိုင်တော်လှန်နေတဲ့ ရန်သူတွေကို…
Read More » -
14 Februaryသတင်း
နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် ၂ရက်ခြား တစ်ကြိမ်သာ မီးပေးနိုင်
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာအထက် နမ့်ထွမ် ချောင်းရေတိမ်ကောလာတာကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာတွေမှာ ၂ ရက်ခြားတစ်ကြိမ်သာ အလှည့်ကျစနစ်နဲ့ လျှက်စစ်မီးပေးနေတယ်လို့သိရပါတယ်။ ဇန်နဝါရီလဆန်းပိုင်လောက်ကနေ ပူတာအို မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ နမ့်ထွမ်ချောင်းရေဟာ ရေတိမ်ကောစပြုလာတာကြောင့် ရေအပြည့်အဝမရရှိနိုင်တော့ဘဲ မီးအလှည့်ကျစနစ်နဲ့ ပေးနေတာဖြစ်တယ်လို့…
Read More » -
9 Februaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
နမ်ဆဘွမ်ကျေးရွာမှာ တရားမဝင်ရွှေတူးဖော်မှုတွေကြောင့် လယ်ယာစိုက်ခင်းများထိခိုက်ပျက်စီး
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ထဲက နမ်ဆဘွမ်ကျေးရွာထဲမှာစက်ယန္တရားကြီးတွေအသုံးပြုပြီး တရားမဝင်ရွှေတူးဖော်မှုတွေပိုမိုများပြားလာနေတာကြောင့် ဒေသခံတွေရဲ့ လယ်ယာ၊စိုက်ခင်းတွေထိခိုက်ပျက်စီးလာတဲ့အပြင် ချောင်းတွေလည်း ပျက်စီးလာနေတယ်လို့သိရပါတယ်။
Read More » -
Jan- 2024 -30 Januaryသတင်း
ပူတာအိုမှာ ဗျူဟာမှူး နဲ့ အုပ်ချုပ်ရေးပေါင်းပြီး ကျေးရွာခြံစည်ရိုးအထိ ရွှေတူးဖော်နေ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကပ်မုံကျေးရွာမှာ စစ်ကောင်စီတပ်ဗျူဟာမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီးတော့ ကျေးရွာခြံစည်းရိုးနားအထိ ရွှေတူးဖော်မှုတွေလုပ်ဆောင်နေတာကြောင့် ရွာနယ်မြေထိခိုက်ပျက်စီးလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More » -
29 Januaryသတင်း
ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်က ဂိတ်ထိုင်ဖို့ပြင်ဆင်နေ
ကချင်ပြည်နယ် ပူတာအိုမြို့အပြင်ဘက် လမ်းဆုံတစ်နေရာမှာ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့က စစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဂိတ်ထိုင်မယ့်နေရာဟာ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်ထဲက နောင်မွန်မြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တွေဘက်ကိုသွားတဲ့လမ်းဆုံနေရာမှာဖြစ်ပြီး စစ်ဆေးရေးဂိတ်ထိုင်ဖို့အတွက် ဇန်နဝါရီလဆန်းပိုင်းကတည်းကပြင်ဆင်နေတယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တကယ့်လမ်းဆုံနေရာမှာကြီးထိုင်ဖို့လုပ်နေတယ် အခုသူတို့ဂိတ်ထိုင်ဖို့လုပ်နေတဲ့နေရာက နောင်ခိုင်တို့၊ နောင်မွန်တို့မချမ်းဘော့တို့ကိုသွားမယ်ဆိုအဲ့တာကိုဖြတ်ရမှာအဲ့ဒီနေရာမှာထိုင်ဖို့လုပ်နေတာအခု ဂိတ်တဲပေါ့ သတင်းပို့ရန်ဆိုပြီးရှိတယ်လေးဂိတ်တိုင်းမှာအေ အဲ့လိုမျိုးတဲကတော့ပြီးသွားပြီအခုတားတဲ့ဟာလုပ်နေတယ်”လို့ လေယာဥ်ကွငးရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ လက်ရှိဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့ အဲ့ဒီနေရာဟာ လေယာဥ်ကွင်းရပ်ကွက်နဲ့ ဂျူဗလီရပ်ကွက်ကြားမှာဖြစ်ပြီး ဂိတ်တဲဆောက်တာနဲ့ ဝါးတားဂိတ်လုပ်ဖို့တိုင်စိုက်တာမျိုးတွေပြီးစီးနေပြီလို့သိရပါတယ်။ ဒါ့အပြင် တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အနေနဲ့ လူနေရပ်ကွက်ကြားမှာ အခုလိုစစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီးဒေသခံတွေကြားမှာစိုးရိမ်မှုတွေလည်းမြင့်တက်နေတယ်လို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ဒါကြီးကမဖြစ်သင့်ဘူးလေး မြို့ပြင်ဘက် ဆိုပေမယ့် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက် ကြားမှာဖြစ်နေတယ် သူတို့ဂိတ်ထိုင်လိုက်ပြီဆိုတာနဲ့ ပြည်သူတွေက အရင်လိုလွတ်လွတ်လပ်လပ်သွားလာလို့ရတော့မှာမဟုတ်ဘူးပြီးတော့ အခုခေတ်အခြေအနေအရ အဲ့ဒီဂိတ်ကိုတစ်ဖွဲ့ဖွဲ့က လက်နက်ကြီးနဲ့ထုတာတို့ဘာတို့ဖြစ်လာရင် လေယာဥ်ကွင်းရပ်ကွက်ထဲတွေမှာ ကျပြီးပြည်သူတွေထိလာနိုင်တယ်”လို့အထက်ပါအမျိုးသားကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရလာမယ့် ဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့နေရာဟာ ပူတာအိုမြို့ စစ်တပ်အခြေစိုက်စခန်းအနီးမှာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာဂိတ်ထိုင်နိုင်အောင် ပြင်ဆင်နေတဲ့အပြင် တစ်ဖက်မှာလည်း ခုလိုဂိတ်ထိုင်လာရင် ပူတာအိုဒေသမှာ ရဝမ်၊ လီဆူလူမျိုးတွေနဲ့အခြားမျိုးနွယ်စုတွေကြားလူမျိုးရေးခွဲခြားမှုတွေဖြစ်လာနိုင်တာကြောင့် ဂိတ်ထိုင်ဖို့ပြင်ဆင်နေတာကို ရပ်နားသင့်တယ်လို့ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More »