ပူတာအို

  • May- 2024 -
    11 May
    သတင်း

    ပူတာအိုမှာ စစ်တပ်က အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့သယ်ယူထားပြီး စျေးအဆမတန်မြင့်တင်ရောင်းချနေ

    ကချင်ပြည်နယ် ပူတာအိုဒေသအတွက်  အခြေခံစားသောက်ကုန်တွေကို  စစ်ကောင်စီတပ်က လေကြောင်းနဲ့သယ်ယူပြီး အစျေးအဆမတန်မြင့်တင်ပြီးရောင်းချပေးနေတာကြောင့် ဒေသခံတွေ ပိုပြီးအခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းသွားလာခွင့်ကိုပိတ်ထားပြီး ပူတာအိုဒေသအတွက်လိုအပ်နေတဲ့အခြေခံစားသောက်ကုန်တွေကို မေလ ၇ ရက်နေ့ကနေ လေကြောင်းနဲ့သယ်ယူနေပြီး မေလ ၁၀ ရက်နေ့ကစ ရောင်းချပေးနေပေမယ့် စျေးအဆမတန်စျေး မြင့်တင်ပြီးရောင်းချပေးနေတယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်က အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။…

    Read More »
  • 10 May
    တိုက်ပွဲ

    တန်ဂျာရွာမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

    ဆွမ်ပရာဘွမ့်မြို့နယ် တန်ဂျာကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုမြို့နယ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီနေ့…

    Read More »
  • 9 May
    စစ်ရေး

    တန်ဂျာရွာမှာ စစ်ကောင်စီတပ် စစ်အင်အား တစ်ရာကျော် စစ်ကြောင်းထိုးဝင်ရောက်နေ

    ပူတာအိုမြို့နယ် လုံရှာယန် နဲ့ တန်ဂျာကျေးရွာဘက်ရွာဘက်မှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်စွဲနေထိုင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက မေလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအိုဘက်က စစ်ကား ၂ စီးနဲ့ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည်တက်လာခဲ့ပြီး လက်ရှိ တန်ဂျာကျေးရွာထဲမှာ တပ်စွဲထားတယ်လို့ တန်ဂျာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကြောင်းဝင်လာတာက ဒီမနက်ကဘဲဝင်လာကြတာ။ ပူတာအိုကနေ ကားနဲ့ ဆင်းလာတယ်။ လုံရှားယန်နဲ့ တန်ဂျာဘက်ရောက်တဲ့ အချိန်မှာက ခြေလျင်နဲ့ ဝင်လာကြတယ်။ စစ်အင်အားက များတယ်။ ရွာထဲမှာတွေ့တာတောင် ၁၀၀ လောက်ရှိမယ်ထင်တယ်”လို့ပြောပါတယ်။ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက လက်ရှိ တန်ဂျာကျေးရွာမှာ ဒေသခံပြည်သူတွေကို အကာအကွယ်ယူပြီးတော့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ရှိနေကြတယ်လို့ ပြောပြပါတယ်။ ဒီစစ်ကြောင်းတွေက ကျေးရွာအတွင်းဝင်ရောက်လာပြီးတော့‘ကျေးရွာအနီးတဝိုက်တွေမှာ KIA ရှိမရှိ စစ်ဆေးမေးမြန်းတာတွေ၊ KIA တပ်တွေရှိလို့ ဝင်ရောက်လာတာဖြစ်တယ်လို့’ပြောဆိုပြီး ကျေးရွာထဲမှာရှိနေကြတယ်လို့သိရပါတယ်။ စစ်အင်အားအလုံးအရင်းနဲ့ ကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲထားတာကြောင့် တန်ဂျာနဲ့ လုံရှာယန်ဒေသခံပြည်သူတွေက တဖက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ တန်ဂျာဒေသခံအမျိုးသမီးက ဆက်ပြောပြပါတယ်။ “ကျမတို့ ဒေသခံတွေက မထင်မှတ်ပဲဝင်လာကြတော့ တိုက်ပွဲဖြစ်လာမှာ အရမ်းကြောက်နေတယ်။ ရွာအနီးတဝိုက်တွေမှာဖြစ်လာရင် ဘယ်ကို ထွက်ပြေးကြမလဲစိုးရိမ်နေရတယ်။ ဘာလို့လဲဆိုတော့ စစ်သားတွေက ရွာထဲမှာ ရှိနေကြပြီး ဘယ်တော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုမသိဘူးလေ။ ကြောက်တာက အရမ်းကြောက်နေတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ လာရောက်တပ်စွဲနေထိုင်နေတာကြောင့်ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေ မရှိသေးပေမယ့် တိုက်ပွဲဖြစ်ပွားလာရင် လူသားဒိုင်းအဖြစ် အသုံးပြုခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအဖွဲ့တွေဟာ ဆွမ့်ပရာဘွမ့်မြို့ကို လက်လွတ်လိုက်ရတဲ့အတွက် စစ်ရေးအရ စစ်ရေးလှုပ်ရှားလာတာဖြစ်နိုင်သလို ဆွမ်ပရာဘွမ့်ဘက်ကို တန်ပြန်စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ နှစ်လဝန်းကျင်လောက် မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းမပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၅ ရက်နေ့မှာ မြို့တစ်ခုလုံးအပါ စစ်တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 6 May
    သတင်း

    ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅ လောင်းတွေ့ရှိ

    မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF၊KPF ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်အလောင်း ၁၅ လောင်းခန့်တွေ့ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို  KIA ပူးပေါင်းတပ်ဘက်က မေလ ၄ ရက်နေ့ မနက် ၆နာရီကစပြီး တစ်ဖန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး ၂ ဦးနဲ့အတူတပ်သားတစ်ချို့ ထွက်ပြေးသွားပြီးနောက် KIA ဘက်က မတ်လ ၅ ရက်နေ့ မနက်ပိုင်း အပြီးသတ်ဝင်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ၂လအတွင်း စစ်တပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျော်အူတွေသာ စားနေရတဲ့အခြေနေရှိနေတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ “စစ်တပ်က အစာရေစာငတ်ပြတ်သွားပြီး သူတို့တပ်စခန်းထဲက ငှက်ပျောအူတွေကိုပဲ နုတ်စားပြီးနေကြတော့တာဆန်တွေလည်း တစ်စိမျှမရှိဘူး။ သူတို့ ရိက္ခာပြတ်ပြီး အစာငတ်ပြတ်နေတာ ၁ လကျော်ပြီလေ။တပ်ရင်းမှူးက ကျနော်တို့ဝင်တိုက်လာတဲ့အချိန်မှာပဲ ညကြီးမိုးချူပ် သူ့တပ်သားတွေနဲ့ ထွက်ပြေးသွားတယ်။ ၄၆ တပ်ရင်းမှူးနဲ့ ၃၇ တပ်ရင်း ၂ ယောက်ပါတယ်။ စခန်းထဲ စစ်တပ်အလောင်း ၁၅ လောင်းခုလောက်တွေ့တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်ကို အပြီးသတ်သိမ်းပိုက်ဖို့ မေလ ၄ ရက်နေ့ မနက်အစောပိုင်းကစပြီး KIA ဘက်က စစ်တပ်ထဲကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရင်ဆုံးပစ်ခတ်ခဲ့ပြီးနောက် ညနေ ၂ နာရီခွဲမှာတော့ ခြေလျင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သူကဆက်ပြောပါတယ်။   အဲဒီနောက်  ည ၁၁ နာရီလောက်မှာတော့ စစ်တပ်စခန်းထဲကို ဝင်ရောက်နေရာယူရှင်းလင်းလိုက်နိုင်ပြီး မေလ ၅ ရက်နေ့ မနက် ၅ နာရီကစ ဆွမ်ပရာဘွမ်ခြေကုတ်စခန်းကို အကာအကွယ်ပေးနေတဲ့ ရှေ့တန်းစခန်းငယ်အားလုံးကိုရှင်းလင်းကာမနက် ၉ ခွဲမှာတော့ အားလုံးအပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။   စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊လက်နက်ငယ် စုစုပေါင်း ၆၀ ကျော်သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆက်လက်သိရပါတယ်။ ဆွမ်ပရာဘွမ်စစ်တပ်စခန်းကို KIA ဘက်က အပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်ချိန် စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်သာ စခန်းထဲမှာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ၊ KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ ၂ လ နီးပါးအကြာ မေလ ၅ ရက်နေ့ မနေ့က မနက် ၉ နာရီခန့်မှာပဲ အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။…

    Read More »
  • Apr- 2024 -
    29 April
    စစ်ရေး

    ပူတာအိုဘက်ကို စက်သုံးဆီတင်သွင်းဖို့ KIA ညှိနှိုင်းမှုကို စစ်တပ်ကန့်ကွက်

    ပူတာအိုမှာ ပြတ်လပ်နေတဲ့ စက်သုံးဆီတွေကို ကားလမ်းကြောင်းနဲ့ သယ်ယူဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ညှိနှိုင်းပေမယ့် စစ်တပ်ဘက်က ခွင့်မပြုဘဲ လေကြောင်းနဲ့သာ ပို့ဆောင်ပေးမယ်လို့ ပြည်နယ်အစိုးရက လာရောက်ပြောဆိုထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ခက်ထိန်နန်က ဧပြီ…

    Read More »
  • 25 April
    သတင်း

    ပူတာအိုမှာဓာတ်ဆီတစ်ပုလင်းကျပ် ၂ သောင်း၊ ငရုပ်သီးတစ်ဗူး ၃၀၀၀ ကျပ်အထိစျေးမြင့်တက်

    ကချင်ပြည်နယ် ပူတာအိုဒေသမှာဓာတ်ဆီတစ်ပုလင်း ကျပ် ၂ သောင်းကျပ်အထိ အခြေခံစားသောက်ကုန်တွေလည်း စျေးအဆမတန်စျေးမြင့်တက်နေတယ်လို့ သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ၁ လကျော်ကြာမြင့်လာပြီးတဲ့အချိန် ပူတာအိုမြို့နယ်မှာ အခြေခံစား သောက်ကုန်နဲ့စက်သုံးဆီပြတ်လပ်လာနေသလို လက်ကျန်သိုလှောင်ရောင်းချသူတွေလည်း အဆမတန်စျေးတင် ရောင်းနေတာကြောင့် လက်ရှိ ဓာက်ဆီတစ်ပုလင်းကျပ် ၂၀၀၀၀ ဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆီပန့်ဆိုင်တွေကတော့မရောင်းတော့ဘူးပိတ်နေတာ ၂ ပတ်လောက်ရှိနေပြီ အခုက အပြင်ပုလင်းချိန်ဆိုင်လေးတွေ လောက်ပဲ ပုလင်းလေးထောင်ပြီးရောင်းတာ တစ်ပုလင်းကို ၁၇၀၀၀ ရောင်းတာရှိတယ်…

    Read More »
  • 11 April
    သတင်း

    ပူတာအိုမှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းပြတ်လပ်

    မြစ်ကြီးနား– ပူတာအိုသွားတဲ့ ကားလမ်းပိုင်းပိတ်ထားတာတစ်လကျော်ကြာမြင့်လာတာနဲ့အမျှ ပူတာအိုမြို့မှာစက်သုံးဆီနဲ့ ကုန်စည်ပစ္စည်းတွေလုံးဝပြတ်လတ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပူတာအို–မြစ်ကြီးနားသွား ကားလမ်းပိုင်းကိုပိတ်လိုက်တဲ့နေ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း စက်သုံးဆီတွေကိုအကန့်အသတ်နဲ့ဝယ်ယူခွင့်ရခဲ့ပေမဲ့ ဧပြီလ ၁၀ ရက်နေ့ကစ ဆီဆိုင်တွေအားလုံးနီးပါးပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဆီတွေက လုံးလုံးပြတ်သွားတာပေါ့နော်၊ အရင်က ရောင်းလက်စလူတွေက လက်ကျန်လေးတွေပေါ့ တစ်ဂါလံနှစ်ဂါလံ အဲ့တာလေးတွေကို ဒီဘက်မှာတော့ ပုလင်းလေးတွေနဲ့ လီတာနဲ့ရောင်းတာမဟုတ်ဘူး ပုလင်းထဲမှာထည့်ပြီး တစ်လုံးကို တစ်သောင်း၊ တစ်သောင်းခွဲ ရောင်းပေးနေတာပေါ့၊ ကိုယ်က ၅ ဂါလံလောက်လိုချင်တယ်ဆိုရင် လုံးဝမရဘူး”လို့ပြောပါတယ်။ ပူတာအိုမြို့မှာ စက်သုံးဆီမပြတ်ခင်  တစ်ဂါလံ ၆သောင်း၊ တစ်ပုလင်းကို ၁၀၀၀၀ ကျပ်ထိရှိခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ကစလို့ စက်သုံးဆီပြတ်လပ်သွားတဲ့အတွက် မြို့တွင်း ဆိုင်ကယ်၊ ကားတွေနဲ့ သွားလာသူတွေမရှိသလောက်နည်းပါးနေပြီး သွားရေးလာရေးအခက်အခဲတွေ ကြုံနေရတယ်လို့ မချမ်းဘောဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့က သွားရေးလာရေးခက်ခဲလာတယ်လေ၊ ကျွန်တော်တို့က အလုပ်လုပ်မယ်ဆိုရင်လည်း အနည်းဆုံးက ဆိုင်ကယ်စီးပြီး အလုပ်သွားရတာဖြစ်တဲ့အတွက် နေ့စားဆိုလည်း အဲ့တာနဲ့ဘဲလိုက်ရတော့ အခု ဓာတ်ဆီမရှိတော့ ဘယ်လိုပြောရမလဲ နေ့စားရတာနဲ့ ဓာတ်ဆီဈေးက မကိုက်တော့ဘူးလေ၊ အဲ့လိုဖြစ်တာပေါ့”လို့ပြောပါတယ်။  ပူတာအိုမြို့ ကားလမ်းတွေမှာဆိုရင်ဖြတ်သွားဖြတ်လာ ကား၊ ဆိုင်ကယ်တွေ ရှားပါးလာနေပြီး တစ်ချို ဒေသခံတွေဆိုရင် အိမ်မှာရှိတဲ့ စက်ဘီးလေးတွေကိုထုတ်သုံးလာကြပြီဖြစ်သလို ခုလိုစက်သုံးဆီပြတ်လပ်နေတာကြောင့် တောင်သူတွေအနေနဲ့လယ်ထွန်ဖို့ခက်ခဲနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ပူတာအိုမှာ လက်ရှိ ခရမ်းချဉ်သီး တစ်လုံးတစ်ထောင်၊ ကြက်သွန်တစ်ပိဿာ ၂ သောင်းခွဲ သုံးသောင်း၊ ဆန်တစ်အိတ် ၁ သိန်းခွဲ၊ ကြက်ဥ သုံးလုံး ၅ ထောင်ထိရှိနေပေမဲ့ အကန့်အသတ်နဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို စက်သုံးဆီပြတ်လပ်တာ၊ ကုန်စည်ပြတ်လပ်မှုတွေဟာ ရေရှည်ဒေသခံပြည်သူတွေအတွက် ထိခိုက်မှုတွေရှိလာတာကြောင့် ကားလမ်းပိုင်းမှာခရီသည်ကားတွေကို ဖြတ်ခွင့်မပြုရင်တောင် ကုန်ကား၊ ဆီကားတွေကိုတော့ ဖြတ်ခွင့်ပြုပေးစေလိုပြီး ကားလမ်းပိုင်းကိုလည်း အမြန်ဆုံးဖွင့်ပေးစေချင်တယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ၇ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးအခြေအနေတွေကြာင့် ပိတ်ထားတာဖြစ်ပြီး လက်ရှိချိန်ထိ ပူတာအိုမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေထဲမှာ စစ်ကောင်စီ တပ်နှင့် KIA၊KPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • Mar- 2024 -
    28 March
    သတင်း

    ပူတာအိုမြို့ ကားလမ်းမကြီးပေါ်မှာ အရပ်သား ၂ ဦးကိုဖမ်းဆီးခံရ

    ကချင်ပြည်နယ် ပူတာအိုမြို့ထဲမှာ ဒီကနေ့ မနက်အစောပိုင်းက လမ်းသွားရင်း အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ ဒီနေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ကောင်ကထောင်ရပ်ကွက်ကြား ဒေသအခေါ် (သံဘောင်တံတား)…

    Read More »
  • 26 March
    သတင်း

    ပူတာအိုမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာ

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၈ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေကြောင့် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ခုဆိုရင်ရက်ပေါင်း ၂၀ ကြာမြင့်လာပြီး ပူတာအိုဘက်ကို ဆီကားအဝင်ရပ်တန့်နေတာကြောင့် စက်သုံးဆီပြတ်စပြုနေပြီဖြစ်တယ်လို့ ပူတာအိုမြို့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆီချို့ဆီဆိုင်တွေမှာတော့ ဆီတွေပြတ်နေပြီ တန်ဂူးတန်ဆိုင်တို့ဆိုဆီမရတော့ဘူး ၂ရက်သုံးရက်ရှိပြီ တိုင်းကျော်နဲ့ ဇေယျာမင်းမှာတော့ မနက်ပိုင်းခနပဲရောင်းပေးတယ်  လိုသလောက်မရဘူး တနေကုန်ဆိုင်ပိတ်ထားတယ်”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအိုမြို့ပေါ်က ဆီပန့်ဆိုင်ကြီးတွေဖြစ်တဲ့ တိုင်းကျော်၊ ဇေယျာမင်း၊ Petro 7 ၊ BTK ၊ တိုင်တည်တန့် နဲ့ အခြားဆီးပန့်ဆိုင်ကြီးတွေအားလုံးနီးပါးမှာဆီပြတ်လပ်စပြုနေပြီလို့ ဆီကိုအကန့်သတ်နဲ့သာဝယ်ယူနေရတဲ့အခြေနေမှာရှိနေတယ်လို့ သိရပါတယ်။ “တချို့ဆီဆိုင်တွေ တချို့ကမဖွင့်တော့ဘူးလောလောဆယ် တိုင်းကျော်နဲ့ ဇေယျာမင်းတို့မှာ မနက် ၉နာရီ ခွဲလောက်ထိ ဆိုင်ကယ်တစ်စီးကို ငါးထောင်ဖိုးအတိပဲထည့်ပေးတယ် ကားဆီဆိုရင်တော့ ၂၀၀၀၀ ထိလားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိ တိုင်းကျော်နဲ့ဇေယျာမင်းဆိုင်မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၄၀၀၀ အထိရှိပြီး လမ်းဘေးပုလင်းချိန်ဆိုင်မှာ တစ်ပုလင်းကျပ် ၅၀၀၀ အထိရောင်းပေမယ့် လိုသလောက်မရနိုင်ဘဲ အကန့်အသတ်နဲ့သာရောင်းချပေးတယ်လို့သိရပါတယ်။ ဒါ့အပြင် ပူတာအိုဒေသဘက်ကိုဆီကားတွေအဝင်ရပ်တန့်နေတဲ့အပြင် ကုန်ကားတွေလည်း အဝင်လည်းမရှိတော့တာကြောင့် ကုန်းစျေးတွေလည်းအဆမတန်မြင့်တက်နေသလို စားသောက်ပြတ်လပ်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ခရမ်းချဥ်သီးတို့က ဘယ်ဆိုင်မှာမှဝယ်မရတော့တာ ၄ရက် ၅ရက်လောက်ရှိပြီ။ ကြက်ဥက ပထမတစ်လေးလုံး ၅၀၀၀ အထိတက်တာ အခုက သုံးလုံး ၅၀၀၀ တောင်ဖြစ်သွားပြီ ဆားက တစ်ထုတ်ပ်ကို ၁၀၀၀ ကျော်နေပြီ အောက်ပိုင်းငါးဆိုရင်တစ်ပိသာ ၄၀၀၀၀ ကျော် ၅၀၀၀၀ ထိရှိတယ် တစ်ကောင်ကို ၁၀၀၀၀ တဲ့ဒေသငါး”လို့ပူတာအိုမြိုခံ စျေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပူတာအ်ို မြစ်ကြီးနား ကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်မရာဘွမ်မြို့နယ်ထဲမှာ မတ်လ ၈ ရက်နေ့ညပိုင်းကတည်းက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ ဆွမ်ပရာဘွမ်မြို့ကို KIA ၊KPDF မဟာမိတ်တပ်တွေက သိမ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းကို နှစ်ဖက်တပ်တွေက မတ်လ ၈ ရက်နေ့ ည ၄ နာရီအချိန်ခန့်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 20 March
    သတင်း

    ပူတာအိုမှာ ဆိုင်ကယ် ၂ စီးတိုက်မိလို့ ခရစ်ယာန်ဓမ္မဆရာတစ်ဦးသေဆုံး

    ပူတာအိုမြို့တွင်းမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာကနေ ခရစ်ယာန် ဓမ္မဆရာတစ်ဦး သေဆုံးသွားတယ်လို့သိရပါတယ်။ မြို့တွင်းရပ်ဖြစ်တဲ့ ကောင်ကထောင်ရပ်ကွက်နဲ့ ဟိုခိုအောက်ချိုင့်ရပ်ကွက်ကြားမှာ မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး အဲ့ဖြစ်စဥ်ကြောင့် AG အသင်းတော်ဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ ပူတာအိုမြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။…

    Read More »
Back to top button