ဖမ်းဆီးခံရမှု

  • Aug- 2023 -
    30 August
    သတင်း

    လယ်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ဦးဖမ်းခံရ

    မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့  ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မနေ့ည ၉နာရီခွဲလောက်မှာ ရှေ့လယ်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်တွေက အိမ်စီးကား ၃ စီး အင်အား ၃၀ လောက်နဲ့ဝင်စီးပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ “အရှေ့လယ်ကုန်း လမ်းသွယ် ၁၈…

    Read More »
  • 3 August
    သတင်း

    ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေ ဖမ်းဆီးခံရ

    ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် မနေ့ည ၈နာရီမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ အဲဒီဆေးခန်းဟာ ပုဂ္ဂလိကဆေးခန်းဖြစ်ပြီး ၂၄ နာရီဖွင့်တဲ့ဆေးခန်းဖြစ်ပြီး  မနေ့ညဆေးခန်းဖွင့်ထားချိန်မှာ အိမ်စီးကား ၅စီးနဲ့ လူအင်အား ၁၀ ကျော်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည ဖမ်းဆီးခံသွားရတာ ဖားကန့်ဆေးရုံအုပ်ဟောင်းဟုတ်တယ် ဖမ်းဆီးခံရတဲ့ချိန် ဆေးခန်းမပိတ်သေးဘူး ဆေးခန်းကလာဖမ်းသွားတာ”လို့ပြောပါတယ်။ ဖမ်းဆီးခံသွားရသူဟာ ဖားကန့်ဆေးရုံအုပ်ဟောင်း ဒေါက်တာသိန်းမြင့်ဝေဆိုသူဖြစ်ပြီး အာဏာသိမ်းမှုမဖြစ်ခင် ဆေးရုံအုပ်ကြီးတာဝန်မှ နုတ်ထွက်ထားသူဖြစ်ကြောင်းလည်း သိရပါတယ်။ ဒေသခံတွေပြောတာကတော့ ဒေါက်တာသိန်းမြင့်ဝေကို ဖမ်းဆီးခံသွားသူတွေဟာ စစ်တပ်ကဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ယောက်က ခုလိုသုံးသပ်ပြောဆိုပါတယ်။ “သူက CDM ဆရာဝန်တစ်ယောက်ကို အလုပ်ပေးထားတယ်ကြားတယ် အဲဒါနဲ့လည်း ဆက်စပ်နေလားပေါ့ ဖြစ်နိုင်တာတော့ စစ်တပ်ဘက်က ဖြစ်ဖို့များတယ်”လို့ပြောပါတယ်။ ဖားကန့်မှာပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖမ်းဆီးခံရမှု၊ဇူလိုင်လ ၂၇ ရက်နေ့ အမိန့်ရအပေါင်ဆိုင်ပိုင်ရှင်ဇနီး ဖမ်းဆီးခံခဲ့ရတာရှိခဲ့ပါတယ်။…

    Read More »
  • Jun- 2023 -
    15 June
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်အင်းတော်

    မိုးညှင်းနယ် ပင်လုံးကျေးရွာအနီး တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ နှင့် မော်ဟန်ကျေးရွာအနီးတွင် တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ နန့်စီးအောင်ဘက်မှ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ဇွန်လ ၁၃ ရက်နေ့ မော်ဟန်ကျေးရွာအနီးဝန်းကျင်နဲ့ ပင်လုံကျေးရွာနောက်ကြောတွင် တရားမဝင်…

    Read More »
  • May- 2023 -
    30 May
    သတင်း

    ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်အတွင်း ပြည်သူ ၅၀ ကျော် ထပ်မံ ဖမ်းဆီးခံရ

    ဖားကန့်မြို့နယ် ဆန်ခါနှင့် မော်မောင်းလယာန် ကျေးရွာတစ်လျှောက်ရှိသော ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်နေရာများတွင် စစ်ကောင်စီတပ် အင်အားများဖြင့် ဝင်ရောက်စီးနင်းမှုကြောင့် လုပ်ကွက်အတွင်းရှိသော ကျောက်စိမ်းတူဖော်နေသည့် အရပ်သားပြည်သူများ  ၅၀ ဦးထက်မနည်းကို ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများထံမှသိရသည်။ မေလ ၂၉ ရက်နေ့  ညနေပိုင်း…

    Read More »
  • 29 May
    သတင်း

    ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အတွင်း ဖမ်းဆီးခံရသည့် ရေမဆေးသမား ၂၀ ကျော်ပြန်မလွတ်သေး

    ဖားကန့်မြို့နယ် မော်မောင်းလယာန် နှင့် မော်ဝမ်းကြီး ကျေးရွာကြားရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရေမဆေးသမား ၂၀ ကျော်ဖမ်းဆီးသွားရာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၇ ရက်နေ့ ည ၉ နာရီအချိန် …

    Read More »
  • 4 May
    သတင်း

    မလန်းလယ်ကွင်း အနီးရှိသော အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံရ

    ဖားကန့်မြို့နယ် ကာမိုင်းမြို့အထွက်ဘက်ရှိသော မလန်းလယ်ကွင်းအနီးတဝိုက်နေရာများတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံပြည်သူတစ်ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ယနေ့နံနက်ပိုင်း ၅ နာရီဝန်းကျင် ကာမိုင်းဗျူဟာကုန်းမှဆင်းလာသည့် စစ်အင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖားကန့်ဘက်သို့ ထွက်ခွာလာစဉ် မလန်းလယ်ကွင်းနေရာ အရောက်တွင်…

    Read More »
  • 2 May
    သတင်း

    မှော်ဝမ်းရပ်ကွက် ရေဆေးဆီလိုက်ဆိုင်တစ်ဆိုင် ဝင်စီးခံရပြီး အရပ်သားပြည်သူ ၁၃ ဦးဖမ်းဆီးခံရ

    ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိသော မင်းမင်းကျော် ဆိုင်ကယ်နှင့် ကား ရေဆေးဆီလိုက် ဆိုင်ဝင်စီးခံပြီး ဆိုင်ဝန်ထမ်းအချို့နှင့် လမ်းသွားလမ်းလာပြည်သူများအပါအဝင် စုစုပေါင်း ၁၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၂ ရက်နေ့  ၁၂ နာရီဝန်းကျင်တွင်…

    Read More »
  • Apr- 2023 -
    29 April
    စစ်ပြေးဒုက္ခသည်များ

    ဖားကန့်တွင် စစ်တပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုကြောင့် ကျေးရွာ ၃ခုမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဆဲ

    ဖားကန့်မြို့နယ်အတွင်းရှိသော မှော်ဘုံ၊ ဆန်ခါနှင့် မဇွပ်ယန် ကျေးရွာနေပြည်သူများသည် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများ ကြုံတွေ့နေရသည့်အတွက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်းနေကြရသည်ဟု ဒေသခံများထံမှသိရသည်။ ဧပြီ ၂၁ ရက်နေ့ စစ်ကောင်စီတပ် မှော်ဘုံကျေးရွာမှ…

    Read More »
  • 25 April
    သတင်း

    ရွှေကူတွင် ဖမ်းဆီးခံရသည့် လင်မယား ၂ဦး၏ နေအိမ်နှင့် ကုန်စုံဆိုင်ကို စစ်ကောင်စီ ချိတ်ပိတ်

    ကချင်ပြည်နယ် ရွှေကူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ကုန်စုံဆိုင်ပိုင်ရှင်လင်မယား နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံလိုက်ရကြောင်းသိရသည်။ ဧပြီလ ၂ ရက်နေ့တွင် ဦးဖိုးလှိုင်နှင့် ဒေါ်နွဲ့နွဲ့ဝင်းတို့ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပံ့သည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခံလိုက်ရပြီး…

    Read More »
  • 22 April
    သတင်း

    လူသားဒိုင်းအဖြစ် ဖမ်းဆီးခံသွားရသည့် အရပ်သားပြည်သူအများစု မဇွပ်ယန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရ

    ဖားကန်မြို့လုံးခင်းကျေးရွာအုပ်စု မဒဲ့ယာန်(မှော်ပုံ) ကျေးရွာမှ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၂၀၀ ဝန်းကျင်အနက် ၁၅၀ ဦးအား မဇွယ်ယန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရကြောင်း ဒေသခံများမှ သိရသည်။ ဧပြီလ ‌၂၁ ရက်နေ့ စစ်ကောင်စီတပ်များသည် အင်အားအလုံးအရင်းသုံးပြီး မှော်ပုံကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်‌ရောက်လာပြီးနောက်…

    Read More »
Back to top button