ဖားကန့်

  • Jul- 2023 -
    9 July
    သတင်းphoto- မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာအကြားလမ်း

    မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့တွင်းလမ်းမကြီးနေရာတစ်ချို့ပျက်စီးနေပြီး ပြည်သူများသွားလာရေးခက်ခဲနေ

    ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မြို့တွင်းလမ်းမကြီးနေရာတစ်ချို့ပျက်စီးနေတဲ့အတွက် ပြည်သူများ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ လုံးခင်း-ဖားကန့် သွား လမ်းမကြီးပေါ်ရှိ မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာအကြားလမ်းအရှည် နှစ်မိုင်ခန့်ပျက်စီးနေ‌ကြောင်း ဒေသခံတစ်ဦးနေကြောင်း လုံးခင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “လမ်းက အရင်တုန်းက ချိုင့်ခွက်တွေနဲ့မို့ မုန့်လင်မယားလို ဖြစ်နေတာ၊အခုက လကမ္ဘာပေါ်က မျက်နှာပြင်လို ဖြစ်နေပြီ”  လို့ ပြောပါတယ်။ အဆိုပါလမ်းအပိုင်းမှာ ယခင်က ဆိုင်ကယ်၊ကားတွေ ကောင်းမွန်စွာဖြတ်သန်းသွားလာခွင့်ရပေမယ့် ခုရက်ပိုင်း  မိုးသည်းထန်စွာရွာပြီးနောက် ချိုင့်ခွက်များ၊ရေအိုင်တွေနဲ့ ပြည့်နှက်နေတဲ့အတွက် သွားလာရေး အလွန်ခက်ခဲနေတယ်လို့…

    Read More »
  • 3 July
    ဖမ်းဆီးခံရမှုဖားကန့်မြို့တွင်းတစ်နေရာ

    ဖမ်းဆီးခံသွားရတဲ့ ဖားကန့်မော်ဝှမ်းရပ်ကွက်က မီးသတ်အရာရရှိပြန်မလွတ်လာသေး

    ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်က မီးသတ်အရာရှိတစ်ယောက်ကို အမည် မသိလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကဖမ်းဆီးသွားပြီး ဒီနေ့အထိပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်မှာနေတဲ့ ကိုတင်ထွန်းနိုင် အသက် ၃၀ ကျော်ကို အမည်မသိလက်နက်ကိုင်ထားတဲ့လူ ၄ဦး အိမ်စီးကားအဖြူတစ်စီးနဲ့ရောက်လာပြီး ဇူလိုင်လ ၁ ရက်နေ့က ညနေ ၄နာရီဝန်းကျင်မှာ နေအိမ်ကနေလာဖမ်းသွာတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပါသွားတာဟုတ်တယ် အိမ်ထဲကနေကိုဝင်ခေါ်သွားတယ်တဲ့ ဘယ်အဖွဲ့က ဖမ်းခေါ်သွားတာလည်း တော့သိကျမသိရသေးဘူး သူက မီးသတ်အရာရှိ တစ်ပွင့်ဗိုလ်တဲ့”လို့ ပြောပါတယ်။ ဖမ်းဆီးခံသွားရတဲ့ မီးသတ်အရာရရှိဟာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နဲ့ပူးပေါင်း ဆောင်ရွက်နေတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ “ဖမ်းခံလိုက်ရတာဟုတ်တယ် သူက ဒလံစာရင်းပေါက်ထားတဲ့သူဗျ စောင့်ကြည့်နေတာကြာပြီဗျသူ့ကို သပိတ်အဖွဲ့တွေဖမ်းခံတာ ဒါတွေကသူ့ကြောင့်လည်းပါတယ်ဗျ”လို့ ပြောပါတယ်။ ဒေသခံ တွေပြောဆိုချက်အရ ကိုတင်ထွန်းနိုင်ဟာ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ဒလံသတင်းပေးလို့ဆိုပေမယ့် KNG ကသီးခြားအတည်ပြုထားခြင်းမရှိသေးတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တရားဝင်ဖြေဆိုထားတာ မရှိသေးပါဘူး။ ဖားကန့် မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းတဲ့ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရဲနှင့် ပျူစောထီးလို့ သတင်းထွက်နေတဲ့ အရပ်သားတွေဖမ်းဆီးခံရမှုမကြာခနရှိနေသလို KIA၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်ကအရပ်သားတွေကိုလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဖားကန့်မြို့နယ်မှာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း မြို့နယ်မီးသတ်ဦးစီးအရာရှိဦးပြည့်ငြိမ်းဆိုသူကို အမည်မသိလက် နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်သွားပြီး ယခုဖမ်းဆီးခံရမှုဖြစ်စဥ်ဟာ ဖားကန့်မြို့နယ်မှာမီးသတ်အရာရှိဖမ်းဆီးခံရမှု ဒုတိယအကြိမ် ဖြစ်ပါတယ်။

    Read More »
  • Jun- 2023 -
    20 June
    သတင်း

    ဖားကန့်တွင် ပျူစောထီးအဖွဲ့ဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုရှိနေ

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာတွင်ရှိသော နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့က ဟုပြောဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံမှုရှိနေကြောင်း သိရသည်။ ဇွန်လ ၁၇ ရက် စနေနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်  ၆ ကြိမ်ထက်မနည်းခေါ်ဆိုထားပြီးနောက် ၁၂…

    Read More »
  • 15 June
    သတင်း

    ဖားကန့်တွင် အုပ်ချုပ်ရေးမှူးများ နှင့် ယာယီတာဝန်ခံများ နုတ်ထွက်ရန် ပြင်ဆင်နေ

    ဖားကန့် လုံးခင်းအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးတဲ့နောက် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးယန္တရားအတွက် အရေးပါတဲ့ အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေကြပြီလို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ က လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သတ်ဖြတ်ခံရတဲ့ပြီးတဲ့နောက် မကြာခင်မှာဘဲ မြို့မအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးဟာ အုပ်ချုပ်ရေးတာဝန်ကနေ နုတ်ထွက်ဖို့ ဖားကန့် စစ်ကောင်စီ…

    Read More »
  • 14 June
    သတင်း

    ဖားကန့်မြို့မ လဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင် ပြန်ပေးဆွဲခံရ

    ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတောင်တံတားအနီးရှိ မြို့မ လဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်သည် ဇွန်လ ၁၃ ရက်နေ ညနေပိုင်းအချိန် ပြန်ပေးဆွဲခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။ ပြန်ပေးဆွဲခံရသည့် ဦးသိန်းလွင်သည် လေးနာရီဝန်းကျင်အချိန်က ဆံပင်ညှပ်သွားရန်နေအိမ်မှ ထွက်ခွာသွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက အခုလိုပြောပြသည်။…

    Read More »
  • 9 June
    သတင်း

    ထောက်ပို့အမျိုးသားသုံးဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ထောက်ပို့အမျိုးသားသုံးဦး စစ်ကောင်စီတပ်၏ လိုက်လံ ပစ်ခတ်ဖမ်းဆီးမှုကိုခံရပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ အေးမြသာယာရပ်ကွက်မှ ကိုမောင်အေး၊ မော်တောင်းကျေးရွာမှ ကိုသိန်းနှင့် ရှရော်ခါးကျေးရွာမှ ဦးမြင့်လွင်တို့သည် ဇွန်လ ၈ ရက်နေ့ ည ၄ နာရီခွဲအချိန်တွင် မော်တောင်းကျေးရွာဘက်မှ…

    Read More »
  • 7 June
    သတင်း

    ဖားကန့်မြို့နယ်တွင် NUG ကျောင်းဖွင့်ပေးစေလိုကြောင်း ဒေသခံများတောင်းဆို

    ဖားကန့်မြို့နယ်အတွင်းရှိ တာမခံ၊ ဟောင်ပါးစသည့်ကျေးရွာများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စာသင်ကျောင်းများ ဖွင့်လှစ်ပေးစေလိုကြောင်း ဒေသခံများ ပြောသည်။ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ် နယ်စပ်တွင်ရှိသည့် တာမခံ၊ ဟောင်ပါး အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသားမိဘများသည် ကျောင်းဖွင့်ကာလရောက်ရှိလာပြီဖြစ်သော်လည်း စစ်ကောင်စီဖွင့်လှစ်ထားသည့် စာသင်ကျောင်းတွင် မထားချင်သည့်အတွက် NUG စာသင် ကျောင်းဖွင့်လှစ်ပေးစေလိုကြောင်း ဖားကန့် ဒေသခံ…

    Read More »
  • 6 June
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဖားကန့်လမ်းတွင် လိုင်စင်မဲ့အကြောင်းပြကာ ကားအများအပြားကို စစ်တပ်ဖမ်းဆီးထား

    ဖားကန့်သွားလမ်း ကားမိုင်းနှင့် နန့်ယားစစ်တပ်ဂိတ် ၂ နေရာတွင် စစ်ကောင်စီတပ်သည် လိုင်စင်မဲ့ကားများကို အကြောင်းပြကာ ကားအများအပြားကို ဖမ်းဆီးထားသည်ဟု သိရသည်။ ဇွန်လ ၃ ရက်နေ့မှစတင်ကာ မြစ်ကြီးနား၊ မိုးကောင်းဘက် မှတဆင့် ဖားကန့်မြို့ဘက်သို့ တက်လာသည့် အိမ်စီးကားနှင့်…

    Read More »
  • 2 June
    သတင်း

    အရပ်သား ၉ ဦး သတ်ဖြတ်ခံရမှု ၄ လကြာတဲ့အထိ KIO ဘက်က အမှုမှန် ဆောင်ရွက်ပေးနိုင်ခြင်းမရှိ

    ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးမှာ အရပ်သားပြည်သူ ၉ ဦးသတ်ဖြတ်ခံရတာ ၄ လကြာခဲ့ပေမယ့် တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က ကြန့်ကြာမှုတွေ ရှိနေတယ်လို့ လူထု အမှုမှန် ဆောင်ရွက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေရဲ့ အချက်အလက်တွေကို အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က စုံစမ်းပြီးတော့ KIO/KIA တရားရေးကော်မရှင်ကို တင်ပြရမယ်လို့ ညွန်ကြားထားတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီလကတည်းက…

    Read More »
  • May- 2023 -
    31 May
    သတင်း

    ဆိုင်းတောင်တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက် သတ်ဖြတ်ခံရ

    ဖားကန့်မြို့ ဆိုင်းတောင်(ဆိပ်မူ)ရပ်ကွက်(၁)တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက်မှုဖြစ်ပြီး သတ်ဖြတ်ခံထားရသည်ဟု ဒေသခံများထံမှသိရသည်။ သတ်ဖြတ်ခံရသူသည် အသက် ၅၄ နှစ်အရွယ် သံယောဇဉ်နန်းတော် တည်းခိုခန်းပိုင်ရှင် ဒေါ်သီတာ ဆိုသူဖြစ်ပြီး မေလ ၃၀ ရက်နေ့ညက ၎င်း၏ တည်းခိုခန်းအတွင်းမှာတင်…

    Read More »
Back to top button