သတင်း

ဖားကန့်မြို့မ လဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင် ပြန်ပေးဆွဲခံရ

ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတောင်တံတားအနီးရှိ မြို့မ လဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်သည် ဇွန်လ ၁၃ ရက်နေ ညနေပိုင်းအချိန် ပြန်ပေးဆွဲခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြန်ပေးဆွဲခံရသည့် ဦးသိန်းလွင်သည် လေးနာရီဝန်းကျင်အချိန်က ဆံပင်ညှပ်သွားရန်နေအိမ်မှ ထွက်ခွာသွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက အခုလိုပြောပြသည်။

ည ခုနှစ်နာရီလောက်မှာ ဖုန်းဆက်လာခဲ့တယ်၊ပိုက်ဆံသိန်းသုံးရာနဲ့ ရွှေတစ်ဆယ်သားယူခဲ့ပြီး ဆိုင်းတောင်ယူမာသွား ကားလမ်းအတိုင်းလာခဲ့ဖို့ ဖုန်းဆက်လာခဲ့ပါတယ်ဟုမိသားစုဝင်တစ်ဦးကပြောသည်။

ယင်းကဲ့သို့ ဖုန်းဆက်သွယ်တောင်းဆိုမှုကြောင့် ငွေသားသိန်းသုံးရာနှင့် ရွှေပစ္စည်း ယူဆောင်၍ ချိန်းဆိုသည့်နေရာတွင် သွားရောက်ခဲ့ရာ၊၎င်းပစ္စည်းများအား ကားလမ်းဘေးတစ်နေရာတွင် ထားရှိစေခဲ့ပြီး ဦးသိန်းလွင်အား ပြန်လည်စေလွှတ်ပေးမည်ဟု ဖုန်းဖြင့်ထပ်မံပြောဆိုခဲ့ကြောင်း အဆိုပါ မိသားစုဝင်မှ ဖြည့်စွတ်ပြောကြားသည်။

အခုက စိတ်ပူတာပေါ့၊တောင်းတဲ့ရွှေ၊ငွေပစ္စည်းကိုလည်း ပေးခဲ့တယ်၊လူကိုလည်း အခုထိပြန်လွှတ်မပေးတော့ စိတ်ပူတာပေါ့ ဟု မိသားစုဝင်တစ်ဦးပပြောသည်။

ဦးသိန်းလွင်သည် ဖားကန့်ဒေသတွင် လက္ဘရည်ဆိုင်ဖွင့်လှစ်၍ စျေးရောင်းချစားနေသည်မှာ ဆယ်စုနှစ်သုံးခုမျှ ကြာမြင့်နေသည့် ဖားကန့်ဒေသ၏ ရွှေ့ပြောင်းအခြေကျ နေထိုင်နေသူဖြစ်ပြီး မြို့မိမြို့ဖ စည်ပင်ကော်မတီအဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

အလားတူ ဖားကန့်မြို့တွင် လွန်ခဲ့သည့် သုံးလအချိန်ခန့်က လက္ဘရည်ဆိုင်ပိုင်ရှင်တစ်ဦး အဖမ်းဆီးအထိန်းသိမ်းခံခဲ့ရပြီး ယခုအချိန်အထိ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ ကြားသိရသည်။

Show More

Related Articles

Back to top button