ဗုံးကျဲတိုက်ခိုက်

  • Mar- 2024 -
    2 March
    သတင်း

    ကသာနယ်မှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲ

    စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ငါးတဲကျေးရွာအုပ်စုထဲက ပျဥ်ထောင်လေးကျေးရွာ နဲ့ ပျဥ်ထောင်ကြီးကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာ နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျေးရွာ ၂ ရွာဟာ စစ်ကိုင်းတိုင်း ကသာမြို့နယ်…

    Read More »
  • Feb- 2024 -
    29 February
    သတင်း

    တာမခံတပ်စခန်းကို KIA က ပိတ်ဆို့တိုက်ခိုက်နေ

    ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ပိတ်ဆို့တိုက်ခိုက်နေတဲ့ တာမခံစစ်ကောင်စီတပ်ခန်းကို အလုံးစုံ လက်မလွတ်ရေးအတွက် စစ်တပ်ဖက်ကလည်း လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်ည ၉ နာရီလောက်မှာ Y -12 အမျိုးအစား လေယာဉ်အပြင် ဂျက်လေယာဉ် ၂ စီးနဲ့ စုစုပေါင်း ဗုံးအလုံးရေ ၆၀ ထက်မနည်း လာရောက်ဗုံးကျဲခဲ့တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “မနေ့ည လာတဲ့ စစ်တပ်လေယာဉ်က ၃ စီးရှိတယ်။ အဲထဲမှာ Y – 12 လေယာဉ်အမျိုးအစားက ဗုံးကျဲလေယာဉ်ဟုတ်တယ်။ ဗုံးအလုံးရေကို တစ်လုံးပြီး တစ်လုံးချတာ အလုံးရေ ၆၀ ကျော်တယ်။ Y -12 က အရင်လာတယ်။ အဲဒါပြီးမှ ဂျက်ဖိုက်တာ ၂ စီး ပြန်လာတယ်။ အဲ ၂ စီးက လှည့်ပတ်ပြီး ပြန်ခေါက်သွားတယ်” လို့ ပြောပါတယ်။ တာမခံ စစ်ကောင်စီတပ်စခန်းကို KIA က အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ အခြေအနေ ဖြစ်တယ်လို့ သူကဆိုပါတယ်။ “အခြေအနေကိုပြောရမယ်ဆိုရင် စခန်းကို အပြီးသတ်တော့ မသိမ်းနိုင်သေးဘူး” လို့…

    Read More »
  • 22 February
    သတင်း

    ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ

    “မနေ့က မနက်အစောကတည်းကစဖြစ်နေတာပါ မနေ့ကတော့ လေယာဥ်နဲ့ ဂျက်တွေရောပေါ့ လာပစ်သွားတယ် တိုက်ပွဲကလည်း မြို့ပေါ်မှာပဲဖြစ်နေတာပါ လေကြောင်းက မနေ့ကတည်းက ရော ဒီနေ့မနက်ရောတိုက်ခိုက်နေတယ်” လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

    Read More »
  • 12 February
    သတင်း

    နမ်တိန့်ပြန်ရဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေ

    ဖားကန့်မြို့နယ် နမ်တိန့် ရွာက စစ်ကောင်စီတပ်ရဲ့တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပေမယ့် စစ်တပ်ဘက်က ပြန်လည်ရယူဖို့ အပြင်းအထန်ကြိုးစားနေတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ နမ်တိန့် ပြန်ရဖို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး…

    Read More »
  • Jan- 2024 -
    10 January
    သတင်း

    ဟုမ္မလင်းနယ် နောင်ဖာမိုကျေးရွာကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက နောင်ဖာမိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းနယ် နောင်ပိုအောင်ကျေးရွာအထက်ဘက်မှာရှိတဲ့ နောင်ပိုအောင်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၉ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာတစ်စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ နောင်ဖာမိုကျေးရွာအနီးရှိ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက…

    Read More »
  • 9 January
    သတင်း

    စီအူကျေးရွာမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကျဲ၊ ဒေသခံအမျိုးသမီး ၂ ဦးကျည်ထိမှန်

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် စီအူကျေးရွာက မင်္ဂလာဆောင်ပွဲတစ်ခုမှာ စစ်ကောင်စီတပ်ကလေယာဉ်နဲ့လာရောက်ဗုံးကျဲသွားတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ ဒီကနေ့မနက် ၁၀ နာရီလောက်အချိန် စီအူကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းဘေးနားက ခန်းမဆောင်တစ်ခုမှာ မင်္ဂလာပွဲတစ်ပွဲကျင်းပနေတဲ့ချိန် ဗုံးကျဲသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက…

    Read More »
  • 8 January
    သတင်း

    ဖားကန့် ဝှေခါမှာ စစ်တပ်ကလေယာဥ်နဲ့ဗုံးကျဲ၊ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီထွက်ပြေးနေရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းလေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေလည်းဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့ ဝှေခါရဲစခန်းနဲ့စစ်တပ်စခန်း ၂ခုကို KIA၊ KPDF တပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဝှေခါဘက်ကို စစ်ကောင်စီတပ်က မနေ့ညနေပိုင်းကတည်းကနေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့သလို ဒီကနေ့ဇန်နဝါရီလ ၈ရက်နေ့ မနက် ၁၁ နာရီမှာလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက KNGကိုအတည်ပြုပြောဆိုပါတယ်။ “ဖားကန့်လက်ရှိအခြေအနေက လက်ရှိကျန်နေတဲ့ကုန်းကိုကာတဲ့သဘော နဲ့လေယာဥ်နဲ့လာပစ်သွားတယ်ဗျ။ လာတာက…

    Read More »
  • Dec- 2023 -
    28 December
    သတင်း

    ဟုမ္မလင်းမှာ စစ်တပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံးပြီး လူနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းနယ် မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းက နောင်ပိုအောင်ကျေးရွာဘက်မှာရှိတဲ့ အိုက်ခွဲကျေးရွာ ၊ပင်ခုတ်ကျေးရွာ ၊နောင်ဖာမူကျေးရွာနဲ့ နတ်နန်းကျေးရွာလေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ…

    Read More »
  • 26 December
    သတင်း

    နမ္မတူမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၃ ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဥ်ဟာ မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ…

    Read More »
  • Nov- 2023 -
    20 November
    သတင်း

    နမ့်ဆန်မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် သားအဖနှစ်ဦးသေဆုံး၊ နေအိမ် ၂၅ လုံး ထိခိုက်ပျက်ဆီး

     ရှမ်းပြည်မြောက်ပိုင်း တ​အောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့သစ်ကြီးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် သားအဖနှစ်ယောက် သေဆုံးခဲ့ပြီးတော့ နောက်ထပ်အရပ်သား၈ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၅ လုံးထိခိုက်ပျက်ဆီး ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မနေ့ည ညပိုင်း ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီကဂျက် လေယာဥ်တစ်စီးနဲ့ ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံးအသုံးပြုပြီးဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းကတာဝန်ရှိသူတစ်ယောက်က အခုလို ပြောပါတယ်။ “ဂျက်လေယာဥ်နဲ့လာချတာ ကျမတို့သိသလောက်ဆိုရင်…

    Read More »
Back to top button