မူဆယ်

  • Sep- 2023 -
    18 September
    သတင်း

    မူဆယ်မြို့အနီး စစ်တပ်နဲ့ TNLA တပ်တို့အကြား စစ်ရေးတင်းမာနေ

    ရှမ်းမြောက် မူဆယ်မြို့အနီး နေရာ ၂ ခုမှာ စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA  တို့ မနေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ မူဆယ်မြို့ ဟူးဘောကျေး ရွာနဲ့ ဂျေလန်ကျေးရွာအနီး ဝိန်းနန်းရွာဘက် စစ်ကောင်စီတပ်နဲ့ TNLA ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ထိ ၁၀၅ မိုင် စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာာဖြစ်တယ်လို့…

    Read More »
  • Aug- 2023 -
    31 August
    သတင်း

    နမ့်တောင်းနဲ့ ဖာဖစ်ရွာချင်းဆက်လမ်း စစ်တပ်က လမ်းမြေတူးဖော်ဖြတ်တောက်

    ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်တောင်း-ဖာဖစ်-နမ်ဂတ် ဘန်ဂျုံ စတဲ့ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းကို စစ်တပ်က ၂ နေရာမှာ လမ်းမြေတွေကိုတူးပြီးဖြတ်တောက်လိုက်တာကြောင့် ဒေသခံတွေ သွားလာရေး ခက်ခဲနေကြောင်း နမ့်တောင်းဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်တောင်း-ဖာဖစ်ကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းကို စစ်တပ်က ဩဂုတ် ၁၅ ရက်နေ့တွင်…

    Read More »
  • 29 August
    သတင်း

    နမ့်အွမ်ရွာနားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွား

    ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်တပ်ဘက်က နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းတမ်းပစ်ခတ်နေတယ်လို့ နမ့်အွမ်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ နမ့်အွမ်ကျေးရွာအနောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၉ နေရာ ဘတ်ငွိုင်တောင်(Bakngoi bum) ကို ဩဂုတ်လ ၂၇ ရက်နေ့ကတည်းက ဆက်တိုက်ထိုးစစ်ဆင်နေတာကြောင့် မနေ့ညနေကနေ ဒီမနက် ၁၀ နာရီထိ နှစ်ဖက်တပ်စလုံး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြပြီး…

    Read More »
  • 4 August
    သတင်း

    ရှမ်းမြောက်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာပြင်းထန်

    ရှမ်းမြောက်ဒေသ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် စတဲ့ ပြည်တောင်စုကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ TNLA တို့အကြား ပြီးခဲ့တဲ့တစ်လတာတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA  ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာဘဲ ဇူလိုင် ၂၃ ရက်နေ့မှစပြီး စစ်တပ်နဲ့ TNLA တို့ ဆက်လက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း  နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ စစ်ပတ်မှ လက်နက်ကြီးဆက်တိုက်…

    Read More »
  • Jul- 2023 -
    27 July
    သတင်း

    စစ်တပ်က ဖမ်းဆီးခံသွားရတဲ့ တီးမားရွာသား ၂ ဦး အဆက်သွယ်ပြတ်တောက်နေ

    ရှမ်းမြောက် မူဆယ် တီမားရွာနဲ့ နမ့်အွမ်ရွာကြား လမ်းခုလတ်တစ်နေရာမှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ တီမားရွာသား ၂ ဦး ဒီကနေ့ထိ ပြန်လည်လွှတ်မြောက်လာတာမရှိသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ တီမားဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီလူငယ် ၂ ဦးဟာ ဇူလိုင်လ ၂၅ ရက်နေ့ တီမားရွာကနေ နမ့်အွန်ရွာမှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော်ကပစ္စည်းတွေကို ကားနဲ့သွားသယ်ယူပြီး တီးမားရွာကိုပြန်လာချိန် နမ်အွန်ရွာနားမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်TNLAနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နမ်အွန်းရွာကိုပြန်ခေါက်သွားရာမှ လမ်းခုလတ်တစ်နေရာယူကလစ်တောနားမှာ စစ်တပ် ဖမ်းဆီးလိုက်တာပါ။ “သူတို့  ၂ယောက် ပစ္စည်းတွေသယ်ပြီး နမ်အွန်ကနေပြန်လာတဲ့ချိန် လမ်းမှာတိုက်ပွဲဖြစ်နေလို့ နမ်အွန်ဘက်ပြန်ခေါက်သွားတာ တအောင့်လောက်ကြာတော့ တိုက်ပွဲငြိမ်သွားပြီဆိုပြီး ပြန်လာတဲ့ချိန်စစ်သားတွေ လမ်းမှာတားပြီးစစ်ဆေးရာကနေ ဒီကနေ့ထိအဆက်သွယ်မရတော့ဘူး”လို့ နမ့်အွန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ လူငယ် ၂ ဦးအား စစ်တပ်ကဖမ်းဆီးတားဆီးစစ်ဆေးနေတာကို ရွာသားတွေ တွေ့ရှိခဲ့ပြီး ပြန်လွှတ်လာမယ်လို့ ယူဆခဲ့ကြပေမယ့် ဒီကနေ့ထိ ဆက်သွယ်မရဖြစ်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါကြောင့် မနေ့ကလည်း နမ်အွန်ကျေးရွာကအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖတာဝန်ရှိသူတွေဟာ နမ့်အွန်တစ်လျှောက်စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းမှူးကို မေးမြန်းပေမယ့်  လူငယ် ၂ဦးကို မတွေ့ရှိခဲ့ကြောင်းသာ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့လူငယ်၂ဦးဟာ အသက်၂၅နှစ်အရွယ် ကိုတူးဂျာနဲ့ အသက်၂၇နှစ်အရွယ် ကိုဘရန်အောင်တို့ ဖြစ်ပြီး လူငယ် ၂ဦးနဲ့အတူ အသင်းတော်က SURE ကိုလည်း မတွေ့ရှိရသေးတဲ့အပြင် လူငယ် ၂ ဦးလုံးရဲ့ လက်ကိုင်ဖုန်းကိုလည်း ဆက်သွယ်လို့မရဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောကြားချက်အရ ဖမ်းဆီးခံသွားရတဲ့ လူငယ်နှစ်ဦးဟာ ကချင်လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းသူတွေဖြစ်ပြီး ရွာအတွင်းမှာ ရပ်ရေးရွာရေးတက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “သူတို့နှစ်ယောက် ယောက်ဖတော်သူတွေဟုတ်တယ် လိမ္မာရေးခြားရှိတဲ့ ကလေးတွေပါ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းတယ်။အဲကြောင့် ဒီလူငယ် ၂ဦးနဲ့ပတ်သက်ပြီး အသင်းတော်က တာဝန်ရှိသူတွေ ဆက်ပြီးစုံစမ်းသွားမှာပါ” လို့ နမ့်အွန်ဒေသခံက ဆက်ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂၅ ရက်နေ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ နမ့်အွန်ရွာက ဦးအိုက်လောရဲ့ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်က သိမ်းယူသွားပြီး TNLA ဝတ်စုံဝတ်ဆင်ပေးကာ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ TNLA တပ်သား ပစ်သတ်ခံရတဲ့အသွင်ဖန်တီးပြီး ပုံရိုက်တင်တာတွေရှိနေတယ်လို့ သိရပါတယ်။

    Read More »
  • 25 July
    သတင်း

    မူဆယ်မြို့ပေါ်  နေရာ ၅ခုမှာ ပစ်ခတ်မှုဖြစ်

    ရှမ်းမြောက် မူဆယ်မြို့တွင်း နေရာ ၅ နေရာမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပြိုင်နက် မြို့ပြင်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။ အဲဒီပစ်ခတ်မှုဟာ ည ၁၀ နာရီခွဲကနေ မနက် ၂ နာရီထိပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြည်သူ့စစ်တွေရှိတဲ့ဘက်ကို ဒရုန်းနဲ့လွတ်ပြီး အပြန်အလှန်ပစ်ခတ်တာတွေလည်း ရှိတယ်လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည တစ်ညလုံးတော့ ဆက်တိုက်အသံမြည်တာ တစ်နေရာမှာမြည်လိုက်၊…

    Read More »
  • Oct- 2022 -
    25 October
    တိုက်ပွဲ

    မုံးပေါ် ယနေ့ညတိုက်ပွဲတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦးခန့် ထိခိုက်မှုရှိ

    ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်ဒေသအနီး မိုင်ဖန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တို့ကြား ယနေ့ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မုံးပေါ်ဒေသခံ ပြည်သူ ၄…

    Read More »
  • Sep- 2022 -
    12 September
    သတင်း

    အရှေ့မြောက် တံခါးပေါက်မှ ဒုက္ခသည်များ

    “သိန်း ဆယ်ချီ ရင်းထားပြီးတော့ ၁ သိန်း ၂ သိန်းပဲ ကျန်ဖို့ မလွယ်ဘူး။ ကျနော် အံ့ဩသွားတယ်။ ကျနော်လည်း အလုပ်ရှိ ယုံတမယ် မှေးလုပ်နေရတာ” ဟု မြန်မာပြည် အရှေ့မြောက် နယ်စပ် ကုန်တင်ယာဉ်မောင်း…

    Read More »
  • May- 2022 -
    24 May
    သတင်း

    မြန်မာ့ပို့ကုန် သစ်သီးကားများ စစ်ဆေးမှု တရုတ်ဘက် မှ ဖြေ‌လျှော့ပေး

    မြန်မာ- တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ – မန့်မိုင်(ဝမ်တိန်)မှ တရုတ်ဘက်သို့ တင်ပို့နေသည့် သစ်သီးကားများအား စစ်ဆေးမှု ၄ နေရာထိ ဖြေလျှော့ပေးလိုက်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များမှ သိရသည်။ ယခင် ဖရဲ၊ သခွားသီးများကို စစ်ဆေးရာ…

    Read More »
  • 18 May
    သတင်း

    ကျင်းစန်းကျော့ နယ်စပ်ဂိတ်မှ မြန်မာကုန်တင်ယာဉ်များ ပြန်လည် ဝင်ထွက်ခွင့်ပြု

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင်းစန်းကျော့ မြန်မာ – တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်သို့ မြန်မာကုန်တင်ယာဉ်များ ပြန်လည်ဝင်ထွက်ခွင့်ပြုပြီဖြစ်ကြောင်း ကုန်သည်တွေထံမှ သိရသည်။ မြန်မာ့အရှေ့မြောက်စီးပွားရေးတံခါးပေါက်၏ အဓိက ကုန်သွယ်ရာဂိတ်တခုဖြစ်သည့် ကျင်းစန်းကျော့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ မေလ ၁၆…

    Read More »
Back to top button