မြစ်ကြီးနား

  • Oct- 2023 -
    31 October
    သတင်း

    ကန်တော်ယန်အထိုင်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIO ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော

    မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ် ရှိ ဆယ်စုနှစ်တစ်စုကြာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် (Gangdau Yang) ဗျူဟာကုန်း စစ်တပ်ရဲ့အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA က ဒီကနေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ…

    Read More »
  • 30 October
    သတင်း

    မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ကားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး

    မြစ်ကြီးနားမြို့ ရွှေလမ်းမပေါ်မှာရှိတဲ့  Enrich Bar ရှေ့မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့အမျိုးသား နှစ်ဦးကို ကားတစ်စီးဝင်တိုက်ခဲ့တဲ့အတွက် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကြောင်း ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူ ကပြောပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၉ ရက် ည ၈ နာရီကျော်လောက်က အဲဒီအမျိုးသားနှစ်ဦးဟာ Enrich Bar ဘားဆိုင်ကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့အချိန်ကားတစ်စီးဖြတ်တိုက်သွားဖြစ်တယ်လို့ လူမူကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မော်တော်ပီကေ ပြောပြတာက ဆိုင်ကယ်နဲ့ဘားကထွက်လာတဲ့အချိန် ကားကဖြတ်ဝင်တိုက်တဲ့ပုံစံဟုတ်တယ်။ သူတို့အရက်တွေလည်းသောက်ထားတဲ့အတွက် အဲနားမှာရှိတဲ့မြောင်တံတားမှာ အရင်တိုက်မိပြီး လူကကားလမ်းဘက်ကိုရောက်သွားတဲ့အချိန် ကားတိုက်သွားတာဆိုပြီးတော့ ပြောတာကြားမိတယ်လို့”ပြောပြပါတယ်။ ကားတိုက်ခံလိုက်ရလို့ သေဆုံးသွားသူဟာ ထီးကျိုင့်မြို့ဇာတိ အသက်၂၀အရွယ် မောင်ဝေဖြိုးဉီးဆိုသူဖြစ်ပြီး ဦးခေါင်းကြေတဲ့ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့ နေရာမှာသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်တစ်ဦးကတော့ မေးစေ့ကွဲ၊ ညာဒူးပြဲဒဏ်ရာတွေရရှိခဲ့ပြီး နာမည်နဲ့နေရပ်လိပ်စာတွေကို မေးမြန်းလို့မရနိုင်ခဲ့ဘူးလို့သိရပါတယ်။ လက်ရှိမှာတော့…

    Read More »
  • 21 October
    သတင်း

    အဝေးသင်တက္ကသိုလ် ကျောင်းသား၊သူ အယောက် ၃၀၀ ကျော် စာမေးပွဲဖြေဆိုခွင့်မရတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ထား

    မြစ်ကြီးနားတက္ကသိုလ်က ကျောင်းသား၊ အယောက် ၃၀၀ ကျော် စာမေးပွဲဖြေဆိုခွင့်မရတဲ့အတွက် မြစ်ကြီးနားမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကျောင်းသား၊ကျောင်းသူတွေဆီကနေ သိရပါတယ်။ ၂၀၂၃– ၂၀၂၄ အဝေးသင် ဒုတိယအသုတ်အတွက် ကျောင်းသား၊ ကျောင်းသူတွေဟာ စာမေးပွဲဖြေဆိုနေကြပြီဖြစ်ပေမယ့် နယ်ဝေးက ကျောင်းသား၊သူ အယောက ၃၀၀ ခုံနံပါတ်မရတာကြောင့် စာမေးပွဲဖြေဆိုခွင့်ဆုံးရှုံးနေကြရတယ်လို့ ကျောင်းသားတစ်ယောက်က ခုလိုပြောပါတယ်။ “ကျွန်တော်တို့က နယ်ဝေးကဆိုတော့ မလာခင်ကတည်းက စားရေးမကို ကျောင်းအပ်ပေးထားလားလို့ မေးတော့ အပ်ထားပေးတယ်တဲ့၊ ခုံနံပါတ်လည်းကျပြီ စိတ်ချတဲ့၊ ခုံနံပါတ်ပြောပြလို့ ပြောတော့ အမြဲတမ်းအကြောင်းအမျိုးမျိုးပြပြီး…

    Read More »
  • 18 October
    သတင်းphoto- မြစ်ကြီးနားမြို့မြင်ကွင်း

    မြစ်ကြီးနားမြို့မှာ ၁၀ ရက်အတွင်း ဆိုင်ကယ်မတော်တဆမှု ၇ ကြိမ်ထက်မနည်းဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁၀ ရက်တာအတွင်းမှာဘဲ ဆိုင်ကယ်မတော်တဆမှု ၇ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်အများပိုင်းဟာ လမ်းစည်းကမ်းအတိုင်းမောင်းနှင်မှုမရှိတာအပြင် အရက်သေစာသောက်စားမူးယစ်ပြီး ယာဉ်မောင်းတာတွေကြောင့်ဖြစ်တယ်လို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်းတစ်သင်းက တာဝန်ရှိသူတစ်ယောက်က ခုလိုပြောပြပါတယ်။ “လမ်းဆုံ လမ်းကြားတွေမှာ အရှိန်မလျှော့ ဟွန်းမတီးဘဲမောင်းတာမျိုးတွေ နဲ့အရက်မူးပြီး ကိုယ်ဟာကိုယ်လဲကျ တစ်ခုခုကိုလိုက်တိုက်မိတာမျိုးတွေပေါ့“လို့ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ  အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှုတွေဟာ အောက်တိုဘာလ ၁၄ရက်နေ့ ညပိုင်း ၁၀ နာရီမှာ စီတာပူရပ်ကွက်၊သက်သာဆေးခန်းနားမှာ လမ်းကြိတ်စက်ကိုဝင်တိုက်မိတဲ့ဖြစ်စဉ်၊ အောက်တိုဘာလ ၁၅ရက်နေ့မနက်ပိုင်းက…

    Read More »
  • 12 October
    သတင်း

    အောင်မြေ ၁ ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်တဲ့ နမ်ဆန်ယန်စစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီဖြစ်တဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း ကော်မတီအဖွဲ့ဝင်တွေကနေ သိရပါတယ်။ မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ်  ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်စစ်ရှောင်ပြည်သူတွေကို  ပြည်သူ့စစ်တပ်ဖွဲ့တွေက လူသားဒိုင်းအဖြစ် စစ်ရှောင်အမျိုးသား ၈ ယောက်ကိုဆွဲခေါ် ဖမ်းဆီးသွားရာကနေ စစ်ရှောင်တွေဟာ လုံခြုံရေးအခြေအနေစိုးရမ်ရတဲ့အတွက် စက်တင်ဘာလ ၂၇ ရက်နေ့မှာ အရေးးပေါ် ပြောင်းရွေ့လိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းဆောက်လုပ်မပြီးစီးသေးပေမယ့် ခုလိုအရေးပေါ်ပြောင်းရွှေ့လိုက်ရလို့ စားနပ်ရိက္ခာတွေခက်ခဲနေတယ်လို့ စစ်ရှောင်ကော်မတီအဖွဲ့ဝင်…

    Read More »
  • 11 October
    သတင်း

    ချီဖွေကားလမ်းပိုင်း ငွေကြေးတောင်းခံတဲ့ စစ်တပ်ဂိတ် ၃၀ လောက်ရှိလာ

    မြစ်ကြီးနား – ချီဖွေ ကားလမ်းမကြီး တစ်လျှောက်ပေါ်မှာ ငွေကြေးကောက်ခံတဲ့ စစ်တပ်ဂိတ်တွေ ၃၀ ဝန်းကျင်လောက်တိုးချဲ့ထားတဲ့အတွက် ကားသမားတွေသွားလာရေးအခက်အခဲဖြစ်နေတဲ့အပြင် ချီဖွေဒေသမှာ ကုန်းစျေးနှုန်း ၂ ဆက်ထက်စျေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ချီဖွေသွားကားလမ်းမကြီးပေါ်မှာ  စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်တွေမရှိပေမယ့် လက်ရှိမှာ စစ်တပ်အာဏာသိမ်းယူထားတဲ့ ၂…

    Read More »
  • 3 October
    သတင်း

    မြစ်ကြီးနားမှာ KIA အရာရှိ ၂ ဦးနဲ့ အရပ်သား ၂ ဦး ဖမ်းဆီးခံရ

    မြစ်ကြီးနားမြို့  ကြာရာပတ္တီးရပ်ကွက်အနီး ထီဝန်းရပ်ကွက်လမ်းဆုံမှာ KIA အုပ်ချုပ်ရေးအရာရှိ ၂ ဦးနဲ့အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ KIA နဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့၊ ညနေ ၆ နာရီခွဲလောက်မှာ ကြာရာပတ္တီးရပ်ကွက်ကနေ ပြန်လာတဲ့ အရပ်သား ၂ ဦးကို ထီဝန်းလမ်းဆုံ မှာ…

    Read More »
  • 2 October
    သတင်း

    နမ်ဆန်ယန်စစ်ရှောင်တွေ အောင်မြေ (၁) ကျေးရွာဘက် ပြောင်းရွေ့

    မြစ်ကြီးနား–ဗန်းမော် ကားလမ်းမပေါ် ၊ ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်များ အောင်မြေ(၁)ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီလို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ လက်ရှိ ပြောင်းရွေ့နေထိုင်တဲ့ အောင်မြေ (၁) ကျေးရွာမှာ စစ်ရှောင်နေရာကို ဩဂုတ်လကတည်းကနေ သက်ဆိုင်ရာ KBC အသင်းတော် ဇုံနယ်တာဝန်ရှိသူတွေကနေ ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ ကဇူးရွာခံတစ်ယောက်က ပြောပါတယ်။ “မနေ့ညနေကနေ စရွှေ့ပြီ အိမ်ထောင်…

    Read More »
  • Sep- 2023 -
    27 September
    သတင်း

    မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာ စစ်ကောင်စီကား တိုက်ခိုက်ခံရ

    မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် အေးစေတီကုန်းဆင်းမှာ ဒီကနေ့ညနေပိုင်း ၅ နာရီခန့်က စစ်ကောင်စီ ကားနှစ်စီး နဲ့ စရဖ အဖွဲ့များစီးလာတဲ့ကား လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ မြစ်ကြီးနားထောင်ဘက်ကို ဦးတည်သွားနေတဲ့ အဲ့ဒီကား ၃ စီးကို…

    Read More »
  • 27 September
    သတင်း

    ကဇူးကျေးရွာမှာ ထွက်ပြေးနေတဲ့ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

    မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ် ၊ ကဇူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းမှာခိုလှုံနေတဲ့ နမ်ဆန်ယန် စစ်ရှောင်ပြည်သူ ၈ ဦးကို စစ်တပ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇၊ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဘုရားကျောင်းဝင်းထဲကို ပြည်သူ့စစ်အဖွဲ့က ကား ၁ စီးနဲ့ ဝင်လာပြီး စစ်ရှောင် ၈ ဦးကို လာရောက်ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။…

    Read More »
Back to top button