မြစ်ကြီးနား

  • Sep- 2023 -
    25 September
    သတင်း

    ဆွမ်ပရာတိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ် ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်

    မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမ တန်ဖရဲကျေးရွာတစ်လျှောက် စစ်ကောင်စီတပ်တွေဟာ စစ်အင်အားဖြည့်တင်းပြီး ရွာအဝင်အထွက်မှာ တပ်စွဲနေရာယူထားတဲ့အပြင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန်ဖရဲ -ကျိန်ခရန် – ဝိုင်ရှီ – ဖုန်အင်ယန် စတဲ့လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၄ ရက်က စပြီး အခုလို လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ တန်ဖရဲကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။…

    Read More »
  • 25 September
    သတင်း

    မြစ်ကြီးနားက လေတပ်စခန်းတိုက်ခိုက်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ လေတပ်စခန်းကို မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့က ရှော့တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့ဆီက သိရပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ မနေ့က မနက်ပိုင်း ၈နာရီလောက်မှာ ၉၀ မမ ၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၄လုံး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် F-7 အမျိုးအစားတိုက်လေယာဥ်၂စင်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ “F-7…

    Read More »
  • 22 September
    သတင်း

    တန်ဖရဲဂိတ်မှာ လူငယ် ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

    မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာဂိတ်မှာ စစ်ကောင်စီတပ်တွေဟာ ပူတာအိုဘက်ကနေဆင်းလာတဲ့ ခရီးသည်တွေထဲက လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ မြစ်ကြီးနားကနေ ပူတာအိုဘက်ကို တက်တဲ့ခရီးသည်တွေကို စစ်တပ်က ပူတာအိုဘက် ဆက်မသွားခိုင်းတာကြောင့်…

    Read More »
  • Aug- 2023 -
    30 August
    သတင်း

    လယ်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ဦးဖမ်းခံရ

    မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့  ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မနေ့ည ၉နာရီခွဲလောက်မှာ ရှေ့လယ်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်တွေက အိမ်စီးကား ၃ စီး အင်အား ၃၀ လောက်နဲ့ဝင်စီးပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ “အရှေ့လယ်ကုန်း လမ်းသွယ် ၁၈…

    Read More »
  • 23 August
    သတင်း

    မြစ်ကြီးနား- တနိုင်းလီဒိုကားလမ်းပိုင်းတစ်ချို့ ဆိုးဆိုးဝါးဝါးပျက်ဆီးနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ တနိုင်းမြို့နယ်ကို ဆက်သွယ်ပေးထားတဲ့ လီဒိုလမ်းမကြီး ကားလမ်းပိုင်းနေရာတစ်ချို့မှာ ကားလမ်းတွေ ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ အဲဒီလမ်းတွေဟာ ဒီနှစ် ဇွန်လလောက်ကတည်းကနေစပြီး မိုးအဆက်မပြတ်ရွာနေတဲ့အတွက် လမ်းပိုင်းတစ်ချို့ စပြီးပျက်စီးရာကနေ လက်ရှိချိန်ထိ ထပ်ပြီးပြုပြင်နိုင်တာမရှိသေးအတွက် လမ်းပျက်စီးတာတွေဟာ တစ်ရက်ထက်တစ်ရကပ် ပိုပြီးဆိုးဝါးလာတာဖြစ်တယ်လို့ တနိုင်းမြို့ဒေသခံ အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အဓိက ပျက်ဆီးနေတာက ယုဇနကုမ္မဏီးဝင်းတစ်လျှောက်နဲ့ ဘန်ကောက်၊ ရှဒူးဇွပ်တစ်ကြောမှာပျက်စီးနေတာ ကားလမ်းနဲ့တောင်မတူဘူးဗျ ချိုင့်ခွက်တွေဖြစ်လို့ဖြစ်…

    Read More »
  • 15 August
    သတင်း

    ကဇူးရွာမှာတိမ်းရှောင်နေတဲ့စစ်ရှောင်ပြည်သူတစ်ချို့ မြစ်ကြီးနားဘက်ကို ထပ်ပြီးတိမ်းရှောင်ဖို့ပြင်ဆင်နေ

    စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြစ်ကြီးနား –ဗန်းမော်လမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးနေတဲ့အတွက် ကဇူးရွာက စစ်ရှောင်ပြည်သူများ မြစ်ကြီးနားမြို့ဘက်ကို ဆက်ပြီးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေ တိုက်ပွဲစတင်ပြင်းထန်လာတဲ့ နမ်ဆန်ယန်ရွာက ပြည်သူ တစ်ချို့ဟာ မြစ်ကြီးနား၊ဝိုင်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သူရှိသလိုနမ်ဆန်ယန်ရွာနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကဇူးကျေးရွာမှာတင် တိမ်းရှောင်ခဲ့သူတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ကဇူး၊ ဒဘတ်၊ ကျေးရွာတစ်ဝိုက်…

    Read More »
  • 2 August
    သတင်း

    မြစ်ဆုံဒေသမှာ လုပ်ငန်းရှင်တစ်ချို့ တားမြစ်နေရာသတ်မှတ်ပြီး နယ်မြေတိုးချဲ့လာတာကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထက်မှာရှိတဲ့ မြစ်ဆုံဒေသမှာ အာဏာရှိသူတွေက တားမြစ်နယ်မြေတွေသတ်မှတ်ပြီး နယ်မြေတိုးချဲ့သိမ်းယူမှုတွေပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်ရေးမှာ အခက်အဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့နောက်ကစပြီး မြစ်ဆုံဒေသကို ပြန်လည်မွမ်းမံပြင် ဆင်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင် နေရာယူပြီး စက်ယန္တရားကြီးတွေနဲ့ စတင်ရွှေတူးဖော်လာရာကနေ လက်ရှိချိန်မှာတော့ မြစ်ဆုံဒေသမှာ ပြည်သူတွေရဲ့…

    Read More »
  • Jul- 2023 -
    25 July
    သတင်း

    နမ်ဆန်ယန်လမ်းမပေါ်မှာ တစ်ရက်ထဲတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား

    မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ ကျေးရွာ ၃ ခုလောက်မှာ ဇူလိုင်လ ၂၅ ရက်နေ့ တစ်ရက်ထဲ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ကြား ထိတွေ့တိုက်ခိုက် ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်…

    Read More »
  • 13 July
    သတင်းphoto- မြစ်ကြီးနားမြို့မြင်ကွင်း

    မြစ်ကြီးနားမြို့ကလုပ်ငန်းရှင်တချို့ကို PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံမူတွေရှိနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လုပ်ငန်းရှင်တချို့ကို အမည်မသိတဲ့လူတစ်ချို့က PDFအမည်ခံပြီး ဖုန်းကနေတစ်ဆင့် ခြိမ်းခြောက်ငွေတောင်းခံတာတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ အမည်မသိဖုန်းနံပါတ်တွေနဲ့ ဖုန်းဆက်တာ၊မက်ဆေ့ချ်ကနေတစ်ဆင့် အကောင့်ထဲကို ငွေလွှဲပေးရမယ် လို့ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံလာတယ်လို့ မြစ်ကြီးနားကလုပ်ငန်းရှင်တစ်ဦး ခုလိုပြောပါတယ်။ “ည၉နာရီလောက်ကို ဖုန်းခေါ်လာတာ ကျနော်က အိပ်ခါနီးပြီဆိုတော့ ဖုန်းကမကိုင်မိလိုက်ဘူး  ကျနော်က ပြန်ခေါ်လိုက်တာ ပြန်ခေါ်တော့ ဖုန်းမခေါ်နဲ့…

    Read More »
  • Jun- 2023 -
    26 June
    သတင်း

    မြစ်ကြီးနားတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်ခတ်ခံရ

    မြစ်ကြီးနားမြို့  ကြက်ပေါင်ခြံရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးအား မြစ်ကြီးနား မြို့ပြပျောက်ကျားအဖွဲ့က သွားရောက်သတိပေး ပစ်ခတ်ခဲ့သည်ဟု မြို့ပြပျောက်ကြားအဖွဲ့မှ သိရသည်။ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃နာရီဝန်းကျင် ကြက်ပေါင်ခြံရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ရပ်ကွက်အဝင်ဆိုင်းဘုတ်ရှိသည့်အနီးတွင် စောင့်ကြိုပစ်ခတ်ခဲ့သည်ဟု မြစ်ကြီးနားမြို့ပြပျောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “သူက ပျူအဖွဲ့ထဲကဘဲ သူ့အပေါင်းအပါတွေအားလုံးကလည်း မြစ်ကြီးနားပျူအဖွဲ့ဖွဲ့ပြီး အလှူခံပြီးထောက်ပံ့နေတာ မြစ်ကြီးနားမှာ စစ်ဆေးရေးလုပ်ပြီဆိုရင် ယူနီဖောင်းအနက်တွေနဲ့က စစ်သားတွေမဟုတ်ဘူး ဒီလူတွေ ပျူခေါင်းဆောင်ထဲက တစ်ယောက်ဘဲ”ဟုပြောသည်။ ကိုဝဏ္ဏသည် လက်ရှိမြစ်ကြီးနားမြို့တွင်း အရပ်ဝတ်ဖြင့် စစ်ဆေးရေးလုပ်ဆောင်ပေးနေသည့် ပျူခေါင်းဆောင်တစ်ဦးဖြစ်ကြောင့် သွားရောက် သတိပေး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။ လက်ရှိ ပစ်ခတ်ခံရသည့် ကိုဝဏ္ဏသည် ၎င်း၏ ကျောဘက်တွင် ကျည်နှစ်ချက်ထိမှန် ဒဏ်ရာရရှိ သွားသည့်အတွက်…

    Read More »
Back to top button