ရွှေတူးဖော်မှု
-
May- 2023 -4 Mayသတင်း
ပြည်သူ့စစ်ခေါင်းဆောင်၏ မြို့တွင်း သဲကျောက်တူးသည့် လုပ်ငန်းကြောင့် အများပြည်သူသုံး ချောင်းရေပျက်စီးနေ
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် မြို့တွင်း၌ စီးဆင်းနေသည့် နမ့်ထွမ်ချောင်းထဲမှ သဲကျောက်များ တူးယူနေမှုကြောင့် ပူတာအိုမြို့ခံများအသုံးပြုနေသည့် အများပြည်သူသုံးချောင်းရေပျက်စီးမှု ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါချောင်းရေသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နှင့် ကောင်ကထောင် ရပ်ကွက်ကြားရှိ ပူတာအိုမြို့တွင်းလမ်းမကြီးကို ဖြတ်သန်းစီးဆင်းနေသည့်…
Read More » -
2 Mayသတင်း
အင်းတော်ကြီး ဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော် မှုကြောင့်ဒေသခံများ သောက်သုံးရေအခက်တွေ့
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေမှုကြောင့် ဒေသခံများ သောက်သုံးရေး ပြဿနာကြုံတွေ့နေရကြောင်း သိရသည်။ စစ်အာဏာသိမ်းသည့် နောက်ပိုင်း လုံးတုံမြို့၊ မမုံကိုင်းကျေးရွာ ၊ မိုင်းနောင်ကျေးရွာသည့်ကျေးရွာဧရိယာများတွင် စက်ယန္တယားကြီးများဖြင့် အလွန်အကျွံရွှေတူးဖော်မှုကြောင့် ယခုလို သောက်သုံးရေပြဿနာ ကြုံတွေ့နေရကြောင်း…
Read More » -
Apr- 2023 -13 Aprilမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ပူတာအိုမြို့တွင်း ရွှေတူးဖော်နေမှုကို ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆို
ပူတာအိုမြို့တွင်း ဌာနဆိုင်ရာရုံးအနီးတွင် စီးဆင်းနေသော မဂျော့ဝေါ့ချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကို ထိရောက်စွာ အရေးယူပေးရန် ဒေသခံများ တောင်းဆိုနေကြသည်။ ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် အနီးနားရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများထိခိုက်လာမည်ကို စိုးရိမ်သဖြင့် ယခုလို တောင်းဆိုခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “စက်ယန္တရား ဘတ်ဟိုး…
Read More » -
Feb- 2023 -21 Februaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
သမိုင်းဝင် N’dum Latep တွင် အကြီးစားရွှေတူးဖော်နေမှု အမြန်ရပ်တန့်ရန် တတိအကြိမ် ထပ်မံ သတိပေး
ပူတာအိုမြို့နယ် လန်းဒေါင်အုပ်စု ကချင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော သမိုင်းဝင်နေရာ N’dum Latep (အင်ဒွမ်လတပ်) တွင် အကြီးစားရွှေတူးဖော်နေသော လုပ်ငန်းရှင်များ တစ်ပတ်အတွင်း အမြန်ထွက်ခွာသွားရန် ဒေသခံများ သွားရောက် သတိပေးခဲ့သည်ဟု သိရသည်။ အာဏာသိမ်းပြီးနောက် ထိုနေရာတွင် စက်ယန္တရားဖြင့် ရွှေတူးနေမှုကို ရပ်တန့်ပေးရန်…
Read More » -
14 Februaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
အင်းတော်ကြီးဒေသအတွင်း ရွှေတူးဖော်မှုများ ရပ်နားခိုင်းကြောင်းဆို
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတစ်ဝိုက် တရားမဝင်ရွှေတူးဖော်နေမှုများကို စစ်ကောင်စီမှ အပြီးတိုင်ရပ်နားခိုင်းကြောင်း ညွှန်ကြားထားသည်ဟု ဒေသခံများထံမှသိရသည်။ မိုင်းနောင်၊ လုံးတုံနှင့် မမံကိုင်ကျေးရွာနေရာများတွင် စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်နေသည့်အပေါ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီအဖွဲ့က အရပ်ဝတ်များဖြင့် လာရောက်ပြောဆိုသွားသည်ဟု မိုင်းနောင်ကျေးရွာ…
Read More » -
Jan- 2023 -23 Januaryသတင်း
ဖတ်မာကျေးရွာအနီး ရွှေတူးဖော်နေမူကြောင့် ဒေသခံများသောက်သုံးရေ ခက်ခဲနေ
ပူတာအိုမြို့နယ် ဖတ်မာကျေးရွာရှိ ဖတ်မာချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။ မြစ်ကြီးနား–ပူတာအို လမ်းမ၊ ဖတ်မာကျေးရွာ၊ ဖတ်မာချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ချောင်းရေ နှောက်နေသဖြင့် ဒေသခံများ သောက်သုံးရေ မရှိတော့လောက်အောင် အခက်တွေ့နေရကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်တို့…
Read More » -
17 Januaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ရွှေကူမြို့နယ် နန်းဖျားချောင်းအနီးရွှေတူးဖော်နေမူကြောင့် ကျေးရွာပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်နေ
ကချင်ပြည်နယ်၊ ရွှေကူမြို့ ငါးဘက်ကြီးကျေးရွာ နန့်ဖျားချောင်းအနီးတစ်ဝိုက် ရွှေတူးဖော်မှုကြောင့် ကျေးရွာအတွင်းသို့ ရေဝင်ရောက်လာပြီး ရေကြီးရေလျှံဖြစ်လာမည်ကို ဒေသခံများပြည်သူများက စိုးရိမ်နေကြောင်းပြောဆိုသည်။ ရွှေကူမြို့နယ် ဗန်းမော်–မန္တလေး မဟာဗျူဟာလမ်းမဘေးရှိ ငါးဘက်ကြီးကျေးရွာအနီးတစ်ဝိုက်၊ နန့်ဖျားချောင်းဘေး ပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ကာ ဘက်ဟိုးကြီးများနှင့်…
Read More » -
16 Januaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
အင်းတော်ကြီးတွင် ရွှေတူးနေသည့် စက်ယန္တရားအချို့နှင့် ရွှေလုပ်သား ၂၀ နီးပါးကိုစစ်ကောင်စီဖမ်းဆီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားကြီးများနှင့် ရွှေလုပ်သား (ကျင်းသား) ၂၀ ဦး နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မမုံကိုင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေလုပ်ကွက်များကို စစ်ကောင်စီတပ်မှ စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”မိုင်းနောင် တောမှာရွှေလုပ်နေတဲ့ဟာတွေ ဖမ်းခံရတာ စစ်ကြောင်းက အင်အား…
Read More » -
16 Januaryသတင်း
ဖမ်းဆီး မီးရှို့ပြရမည့် အမိန့်ကြောင့် တနိုင်းရွှေမှော်ရှိ ဘက်ဟိုးများ စစ်တပ် လိုက်လံဖမ်းဆီးနေ၊ တဲအိမ်များကိုလည်း မီးရှို့ပြီး ဓါတ်ပုံရိုက်ယူ
တနိုင်းမြို့နယ် ရွှေမှော်များတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုး အစီး ၂၀ ခန့်ကို မဖြစ်မနေ ဖမ်းဆီးပြရမည့် တိုင်းစစ် အမိန့်ကြောင့် လက်ရှိ ဘက်ဟိုးများ လိုက်လံဖမ်းဆီးနေပြီး ရွှေမှော်ရှိတဲများကိုလည်း စစ်ကောင်စီတပ်က လိုက်လံ မီးရှို့ဖျက်ဆီးကာ ဓါတ်ပုံ မှတ်တမ်းယူနေသည်ဟု…
Read More » -
11 Januaryသတင်း
စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးလာမည်ကို ဒေသခံများစိုးရိမ်
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံကျေးရွာကို ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းခချောင်းဖျားတွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ နှင့် ရွှေဝါ တူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးထိခိုက်လာမှုကို ဒေသခံများစိုးရိမ်နေကြသည်။ နန့်ရင်းခချောင်းသည် အင်းတော်ကြီးကန်ထဲသို့ စီးဝင်နေသည့် ချောင်းဖြစ်ပြီး လက်ရှိ အင်းတော်ကြီးကန် နှင့် မိုင်…
Read More »








