ရွှေတူးဖော်မှု
-
Jan- 2024 -30 Januaryသတင်း
ပူတာအိုမှာ ဗျူဟာမှူး နဲ့ အုပ်ချုပ်ရေးပေါင်းပြီး ကျေးရွာခြံစည်ရိုးအထိ ရွှေတူးဖော်နေ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကပ်မုံကျေးရွာမှာ စစ်ကောင်စီတပ်ဗျူဟာမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီးတော့ ကျေးရွာခြံစည်းရိုးနားအထိ ရွှေတူးဖော်မှုတွေလုပ်ဆောင်နေတာကြောင့် ရွာနယ်မြေထိခိုက်ပျက်စီးလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More » -
23 Januaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မြစ်ဆုံအနီးတစ်ဝိုက်မှာ ရွှေမတူးကြဖို့ ဒေသခံတွေ ကန့်ကွက်
မြစ်ဆုံအနီးကျေးရွာတွေမှာ ရွှေတူးဖို့မြေကွက်ဝယ်သူတွေများလာတာကြောင့် ဒေသခံတွေစိုးရိမ်ပြီးတားမြစ်ချက်ဆိုင်းဘုတ်တွေကို မြစ်နားတစ်လျှောက်နဲ့ ကျေးရွာတွေထဲ လိုက်လံကပ်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း မြစ်ဆုံဒေသခံတွေဆီကနေ သိရပါတယ်။
Read More » -
Sep- 2023 -9 Septemberသတင်း
မိုင်းနောင် နဲ့ မမုံကိုင် ကျေးရွာ နောက်ဘက်မှာ ရွှေတူးတဲ့ စက်သံကြားရင် ပစ်မယ်လို့ စစ်ကောင်စီတပ် သတိပေး
ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ နဲ့ မမုံကိုင်ကျေးရွာ အနောက်ဘက်မှာ လက်ရှိ စစ်ကောင်စီတပ် ဝင်ရောက်နေပြီး ရွှေတူးတဲ့စက်သံကြားရင် ပစ်ခတ်မယ်လို့ သတိပေးထားတဲ့အတွက် ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ရပ်နားနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ အင်အား ၅၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းဟာ မိုင်းနောင် နဲ့…
Read More » -
Aug- 2023 -15 Augustလူ့အခွင့်အရေးချိုးဖောက်မှု
ပင်လည်ဘူးမှာ ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ပင်လည်ဘူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ မနေ့က ညနေပိုင်း၄နာရီကျော်လောက်မှာ ပင်လည်ဘူးမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသအခေါ် ရွှေညောင်ပင် မှာရှိတဲ့ရွှေမှော်ဘက်ကို စစ်ကြောင်းထိုးရင်းရွှေတူးနေတဲ့ အမျိုးသား…
Read More » -
11 Augustမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာနားတစ်လျှောက် ရွှေတူးနေသူတွေအမြန်ဆုံးထွက်ခွာပေးဖို့ ဒေသခံတွေတောင်းဆို
တနိုင်းသွား လီဒိုလမ်းမကျေးရွာတစ်လျှောက် လဝါးကျေးရွာအုပ်စု ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာ ခမာချောင်းနားမှာ ရွှေတူတူးဖော်နေသူတွေအနေနဲ့ ဒီလ ၂၀ ရက်နေ့ အပြီးထွက်ခွာပေးကြဖို့ ဒေသခံတွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။ ဒေသခံတွေအနေနဲ့ ဒီရွှေတူးဖော်နေတာတွေကို အမြန်ဆုံးရပ်တန့်ပြီး ထွက်ခွာပေးကြဖို့ ရပ်ကျေးတာဝန်ရှိသူတွေဦးဆောင်ပြီး KIA ဘက်ကို နုတ်နဲ့သော်လည်းကောင်း စာအကြိမ်ကြိမ်တင်ပြီး တောင်းဆိုလာရာကနေ အဲဒီရွှေတူးဖော် နေသူတွေကို KIA ဘက်က ဒီလ ၂၀ ရက်နေ့ နောက်ဆုံးထွက်ခွာပေးကြဖို့ သတိပေးထားပြီးဖြစ်ကြောင်း ဒေသခံတွေဆီ အသိပေးလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေအနေနဲ့တော့ သတ်မှတ်ထားတဲ့ ၂၀ ရက်နေ့မတိုင်ခင်ဘဲ ရွှေတူးဖော်တာရပ်ပြီး အမြန်ဆုံးထွက်ခွာပေးကြဖို့ ဒီလ လဆန်း ၇ ရက်နေ့မှာဘဲ ဒွမ်ဘန်နဲ့မန်ပန်ရွာက ရပ်မိရပ်ဖနှစ်ဦးကနေ ထပ်မံသတိပေးထားတယ်လို့ဒွမ်ဘန်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ခုကသူတို့ရဲ့ စက်ပစ္စည်းတွေသိမ်းဖို့ အခွင့်ပေးထားတာဟုတ်တယ် အဲဒါကို ထွက်ဖို့လည်းပြင်ဆင်တာလည်း မရှိဘူး တူးဘဲဆက်တူးနေကြတာ ဒီတိုင်း ၂၀ ရက်နေ့ထိဆက်တူးရင် နေရာတော်တော်ပြောင်သွားတော့မှာ ဒေသခံတွေအတွက် ပိုနစ်နာလာမယ် အဲကြောင့် ကျနော်တို့ဘက်ကတော့ အမြန်ထွက်ပေးကြဖို့ပြောချင်ပါတယ်” လို့ပြောပါတယ်။ ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာနားတစ်လျှောက် အရင်က လက်နဲ့တူးတဲ့ရွှေကျင်းတွေသာ ရှိခဲ့ပေမယ့်လို့ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ရွှေဆိုင်းကြီး အလုံး ၅၀ လောက်နဲ့ ရွာစပ်နားထိ တူးဖော်လာတာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွှေတူးဖော်နေတဲ့နေရာဟာ ခမာချောင်းကနေတစ်ဆင့် ဒွမ်ဘန်ရွာ အိမ်ခြေ ၆၅၀ ကျော်နဲ့ မန်ပန်ရွာအိမ်ခြေ ၃၅၀ က ဒေသခံတွေရဲ့ လယ်ဧက တစ်ထောင်ကျော်အတွက် ခမာချောင်းကနေ သွယ်ယူတဲ့ ရေလွှဲဆည်မြောင်းဘေးတစ်လျှောက်မှာတူးဖော်နေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ခုလိုရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေရဲ့ စာကျက်မြေမှာ ထိန်းကျောင်းတဲ့ ကျွှဲ၊နွား တွေအတွက်လည်း စားကျက်မြေပျောက်ဆုံးလာပြီး ကျွှဲ၊နွားတွေကဟာလည်း ရွှေတူးဖော်နေတဲ့ ကျင်းတွေမှာပြုတ်ကျသေဆုံးတာတွေဖြစ်လာနေတယ်လို့ ပြောပါတယ်။ “စားကျက်မြေထားတဲ့နေရာမှာလည်း…
Read More » -
Jun- 2023 -13 Juneမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ပန်ကိုင်ရွာရှိ မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာသုံးရေများသည် ရွံ့ရေအဖြစ်ပြောင်းသွားသည့်အတွက် ဒေသခံလယ်ယာပိုင်ရှင်များ အခက်တွေ့နေကြောင်း သိရသည်။ လယ်ယာဧက ၅၀၀ ကျော်အတွက် အသုံးပြုနေသည့် မုန်းလောင်းချောင်း (Munglawng Hka) တွင် ဒေသခံများ ကန့်ကွက်နေသည့်ကြား ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ စက်ယန္တရားကြီးများဖြင့် အဆက်မပြတ် ရွှေတူးဖော်နေခြင်းဖြစ်သည်ဟု…
Read More » -
8 Juneသတင်း
ရွှေတူးဖော်သည့်လုပ်ကွက်တွင် ဘက်ဟိုးမောင်းသည့် သားအဖ ၂ ဦးကို စစ်တပ် ဖမ်းဆီး
ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ဘက်ခြမ်း ငါးဘတ်ကြီးကျေးရွာတွင် စစ်ကောက်စီ စစ်ကြောင်းဝင်ရောက်လာချိန် ရွှေတူးဖော်နေသည့်လုပ်ငန်းခွင်မှ ဘက်ဟိုးမောင်းသည့် သားအဖနှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၇ ရက်နေ့…
Read More » -
May- 2023 -5 Mayသတင်း
ဖတ်မာချောင်း ရွှေတူးဖော်နေမှုကို ရပ်တန့်စေလိုကြောင်း ဒေသခံများ တောင်းဆို
ပူတာအိုမြို့နယ် ဖတ်မာကျေးရွာရှိ ဖတ်မာချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုအား အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြသည်။ မြစ်ကြီးနား– ပူတာအိုကားလမ်းဘေးတည်ရှိသည့် ဖတ်မာကျေးရွာ ဖတ်မာချောင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်အချို့နှင့် ရပ်ကျေးတာဝန်ခံများ သဘောတူညီမှုဖြင့် ၄ လတာ သဘောတူညီချက်ဖြစ် ရွှေတူးဖော်ခွင့်ပြုထားကြောင်း ဒေသခံများက…
Read More » -
4 Mayသတင်း
ပြည်သူ့စစ်ခေါင်းဆောင်၏ မြို့တွင်း သဲကျောက်တူးသည့် လုပ်ငန်းကြောင့် အများပြည်သူသုံး ချောင်းရေပျက်စီးနေ
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်သည် မြို့တွင်း၌ စီးဆင်းနေသည့် နမ့်ထွမ်ချောင်းထဲမှ သဲကျောက်များ တူးယူနေမှုကြောင့် ပူတာအိုမြို့ခံများအသုံးပြုနေသည့် အများပြည်သူသုံးချောင်းရေပျက်စီးမှု ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါချောင်းရေသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နှင့် ကောင်ကထောင် ရပ်ကွက်ကြားရှိ ပူတာအိုမြို့တွင်းလမ်းမကြီးကို ဖြတ်သန်းစီးဆင်းနေသည့်…
Read More » -
2 Mayသတင်း
အင်းတော်ကြီး ဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော် မှုကြောင့်ဒေသခံများ သောက်သုံးရေအခက်တွေ့
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေမှုကြောင့် ဒေသခံများ သောက်သုံးရေး ပြဿနာကြုံတွေ့နေရကြောင်း သိရသည်။ စစ်အာဏာသိမ်းသည့် နောက်ပိုင်း လုံးတုံမြို့၊ မမုံကိုင်းကျေးရွာ ၊ မိုင်းနောင်ကျေးရွာသည့်ကျေးရွာဧရိယာများတွင် စက်ယန္တယားကြီးများဖြင့် အလွန်အကျွံရွှေတူးဖော်မှုကြောင့် ယခုလို သောက်သုံးရေပြဿနာ ကြုံတွေ့နေရကြောင်း…
Read More »