KIA
-
Feb- 2024 -12 Februaryသတင်း
ကိုးကန့်တပ်ဟာ KIA နဲ့ SSA အဖွဲ့ကိုကြူကုတ်ပန်ဆိုင်းထဲ လုံးဝ ဝင်ခွင့်မပြုကြောင်းပြောဆို
ရှမ်းမြောက် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်) မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ ရှမ်းပြည်တပ်မတော် SSPP / SSAကို လုံးဝ ဝင်ခွင့်မပြုဘူးဆိုတဲ့အကြောင်း ပန်ဆိုင်းဒေသခံတွေကို ခေါ်ယူပြီး အစည်း အဝေးကျင်းပခဲ့တယ်လို့ ဒေသခံတွဆီကနေ သိရပါတယ်။ က်ိုးကန့်…
Read More » -
7 Februaryတိုက်ပွဲ
KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၄ လအတွင်း စစ်တပ်ရဲ့ စခန်းကြီး၊ငယ် ၃၀ ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထား
KNG ကချင်သတင်းဌာနက စုံစမ်းသိရှိရသလောက် ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ၄ လ အတွင်း ကချင်ပြည်မှာ KIA သိမ်းယူနိုင်ခဲ့တဲ့စခန်းတွေကတော့ မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က လိုင်လုံအောင်ဂျာစစ်တပ်၊ ကန်တော်ယန်စခန်း၊ တာလောကြီးပြည်သူ့စစ်စခန်းတွေအပါအဝင် ရွှေကူဒေသက စစ်တပ်စခန်း ၂ ခုနဲ့ ဖားကန့်ဒေသမှာတော့ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်း ၃ ခုနဲ့ ဝှေခါစစ်ကောင်စီစခန်းတွေဖြစ်ပါတယ်။
Read More » -
2 Februaryတိုက်ပွဲ
နန့်တိန်းတပ်စခန်း KIA နဲ့ PDF အပြီးသတ်တိုက်ခိုက်သိမ်းပိုက်
ဖားကန့်မြို့နယ် နန့်တိန်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဒီကနေ့ညမှာဘဲ အပြီးသတ်သိမ်းလိုက်နိုင်ပြီလို့ KPDF တာဝန်ရှိသူကပြောပါတယ်။ အဲဒီနန့်တိန်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းကနေ ဝှေခါစစ်တပ်စခန်းနဲ့တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ…
Read More » -
Jan- 2024 -29 January
-
19 Januaryသတင်း
ရွှေကူမှာ စစ်တပ်စခန်းနဲ့ ဂိတ်နေရာ ၄ ခု တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့နေရာ ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDFနဲ့ LPDF တွေက တစ်ချိန်တည်းမှာပဲ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အခြေစိုက် ခမရ ၆၀၂တပ်ရင်း၊ အထက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်၊ အောက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်အပြင် ငဘတ်ကြီးကျေးရွာ ရဲစခန်းအပါ စုစုပေါင်း ၄ နေရာစလုံးကို ဒီကနေ့ ဇန်နဝါရီလ ၁၉ရက်နေ့ မနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြို့လှ– KPDF နဲ့ ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းမှာပဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “မနက် ၄နာရီလောက်ကတည်းကပြင်ဆင်ပြီးမှမနက် ၅နာရိီထိုးတော့ အဖွဲ့တွေခွဲပြီး ငါးနေရာကို ဝင်ပစ်ခဲ့တယ် အထက်လေးလမ်းဆုံနဲ့အောက်လေးလမ်းဆုံဘက်ကို လေးလုံးလေးလုံးစီပစ်ထည့်လိုက်တယ် တပ်ထဲကိုလည်း ၂လုံး ပစ်ထည့်လိုက်တာ။ အခု ပြာယာတွေခတ်နေကြတယ်လို့ ကြားသိရတယ်”လို့ ပြောပါတယ်။ အခုလိုသွားရောက်ပစ်ခတ်ရာမှာတော့ ပဒ်ိန်လက်လုပ်သေနတ်တွေအသုံးပြုပြီးတော့ ၆၀ မမ၊ ၈၀ မမ ဗုံးသီးတွေနဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်ရင်းထဲကို ၂လုံးစီ၊ ဘငတ်ကြီးရဲစခန်းကို ၂လုံးနဲ့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံကို ၄လုံးစီ နဲ့တစ်ပြိုင်နက်တည်းပစ်ခတ်ခဲ့တာလို့သိရပါတယ်။ ရွှေကူနယ်မှာ စစ်ကောင်စီတပ်က ခုရက်ပိုင်း ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဖို့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံဘက်စစ်ရေးလှုပ်ရှားလာနေတာတွေရှိတာကြောင့် အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိမရှိကိုတော့စုံစမ်းနေဆဲလို့သိရပါတယ်။ “ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့များ) က ဒီဘက်ကိုထွက်ချင်သလိုထွက်ချင်သလိုလာလုပ်နေလို့သွားပစ်တာပါ အဝေးထိန်းနဲ့ပစ်တာဆိုတော့ အထိအခိုက်ရတော့မသိရသေးဘူးအတည်ပြုတုန်း”လို့ အထက်မှာဖော်ပြပါ ရွှေကူနယ် LPDF တာဝန်ရှိသူကဆက်ပြောပါတယ်။ ဒီနေ့မနက် တစ်ချိန်တည်းမှာ နေရာစုံပစ်ခတ်သံတွေကြားခဲ့တာကြောင့်ရွှေကူမြို့ခံပြည်သူအချို့လည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ခဲ့ရတယ်လို့ဒေသခံတွေကဆ်ိုပါတယ်။ “မနက်က အိပ်ကောင်းတုန်းမှာ တဒုံးဒုံးနဲ့ကြားလိုက်တော့လန့်သွားတာပါ့ မြို့ကိုများဝင်သိမ်းနေပြီလားပေါ့ ဟိုဘက်အမှတ် ၂ ရပ်ကွက်ထိဝင်လာပြီးမှတောင်ပစ်သွားတာတဲ့ ပြေးတော့မပြေးကြဘူး ခနနဲ့ငြိမ်သွားတယ်လေး”လို့ရွှေကူမြို့ပေါ်က အမျိုးသမီးတစ်ဦး ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်ရှိတဲ့နေရာတွေ ပစ်ခတ်ခံရပြီးနောက် မိနစ်အနည်းငယ်အကြားမှာ ရွှေကူ ခမရ ၆၀၂ တပ်ရင်းနဲ့ ခလရ ၅၆ တပ်ရင်းတို့ကနေ ရွှေကူမြို့အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကကျေးရွာတွေဘက်ကို လက်နက်ကြီးလည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေနဲ့ ငဘတ်ကြီးရဲစခန်း၊ ကျောက်ကြီးရဲစခန်းတွေကို KIAတပ်ရင်း ၅ ၊KPDF၊LPDF တပ်တွေက အရင်ကလည်း မကြာခနဒရုန်းနဲ့ဝင်ရောက်ပစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2023 -15 Novemberသတင်း
ကောလင်းမြို့ကို KIA,PDF တွေထိန်းချုပ်ထားဆဲဖြစ်ပြီး ပြည်သူတစ်ချို့မြို့ထဲပြန်ဝင်နိုင်နေပြီလို့ဆို
စစ်ကိုင်း – ကချင်အစပ်က ကောလင်းမြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ကောလင်းမြို့ထဲ အရပ်သားတွေပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်သလို ဈေးဆိုင်တွေလည်းပြန်လည်ဖွင့်လှစ်လည်ပတ်နေပြီလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ကောလင်းမြို့အတွင်း ပြည်သူတွေပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး…
Read More » -
13 Novemberသတင်း
စပါးကုန်းစစ်တပ် စခန်း KIA, KPDF တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်က အင်အားထပ်ဖြည့်နေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်အရှေ့တောင်ကြောမှာရှိတဲ့(ဒေသအခေါ်) စပါးကုန်းစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA,PDF ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နောက် ဆားမှော် မှာ စစ်တပ်ဘက်က အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၆နာရီကနေ KIA,PDF တပ်တွေက…
Read More » -
Oct- 2023 -27 Octoberတိုက်ပွဲ
ရှမ်းမြောက် မြို့နယ် ၅ မြို့နယ်မှာ စစ်ကောင်စီရဲ့ ဗျူဟာစခန်းများ တစ်ပြိုင်နက်တိုက်ခိုက်ခံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ၅ မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာကျစခန်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဒီကနေ့ နံနက်ပိုင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ဆီကနေ သိရပါတယ်။ ကွတ်ခိုင်၊ နမ့်ခမ်း၊ လားရှိုး၊ မုံးစီး- မုံးကိုးမြို့၊ လောက်ကိုင်-ရှင်းရွှေဟော်…
Read More » -
Sep- 2023 -20 Septemberတိုက်ပွဲ
ဆွမ်ပရာဘွမ် စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်
မြစ်ကြီးနား- ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ဒရူချောင်း ( Daru Hka) စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/ KPF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိသလို အရာခံဗိုလ်တစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။…
Read More » -
Aug- 2023 -24 Augustလူ့အခွင့်အရေးချိုးဖောက်မှု
ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်
မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ KIA ဘက်ကနေ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးငွေ သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ်လဆန်းပိုင်းမှာပဲ…
Read More »
