စက်သုံးဆီ

  • May- 2024 -
    16 May
    သတင်း

    NUG စိုးမိုးနယ်မြေမဟုတ်တဲ့နေရာတွေကို စက်သုံးဆီရောင်းချခွင့်ပိတ်ပင်ကြောင်း ဟုမ္မလင်း ပအဖထုတ်ပြန်

    စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့နယ်မြေတွေမှာ စက်သုံးဆီသယ်ယူရောင်းချခွင့်မပြုဘူးလို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က မေလ ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မုံရွာ၊ ကျွန်းလှနဲ့ တစ်ခြားမြို့နယ်တွေကနေ ဟုမ္မလင်းမြို့နယ်ထဲကိုသယ်ဆောင်လာတဲ့ စက်သုံးဆီတွေကို ဟုမ္မလင်းမြို့နယ်အတွင်း NUG စိုးမိုးထားတဲ့နယ်မြေအတွင်းမှာပဲ သယ်ယူရောင်းချခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။ NUG စိုးမိုးနယ်မြေမဟုတ်ပဲ ပိတ်ပင်ထားတဲ့နယ်မြေတွေမှာ စက်သုံးဆီကိုသယ်ယူရောင်းချရင်တော့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆိုပြီး သယ်ယူရောင်းချခွင့်ရှိတဲ့နေရာတွေကိုလည်း အခုလိုထုတ်ပြန်ထား ပါတယ်။ “သယ်ယူရောင်းချခွင့်ရှိသော ဂိတ်ဆုံးနယ်မြေများမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆိုလျှင် ရွှေပြည်အေး မြို့ အထိ ကုန်းလမ်းကြောင်းဆိုပါက အောင်ပင်ကျေးရွာအထိသာ သယ်ယူရောင်းချခွင့်ပြုပါမည်။ ကန့်သတ်ထားတဲ့ နယ်မြေပြင်ပသို့ သယ်ယူရောင်းဝယ်ဖောက်ကားပါက ပြင်းထန်စွာအရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ ခုလို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့ နယ်မြေတွေမှာ စက်သုံးဆီ သယ်ယူရောင်းချခွင့် တားမြစ်ခြင်းဟာထုတ်ပြန်ချက်ထုတ်တဲ့ မေလ ၁၅ ရက်နေ့ကစပြီး အတည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေနေနဲ့ပတ်သက်လို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။ ဒါကြောင့် ဟုမ္မလင်းမြို့နယ်ကာကွယ်ရေးတပ်ဘက်ကို KNG က ဆက်သွယ်ခဲ့ပေမဲ့ အခုလို စက်သုံးဆီသယ်ယူ ရောင်းချခွင့်တားမြစ်ချက်ဟာ ပြည်သူ့အုပ်ချုပ်ရေးဘက်ကထုတ်ပြန်တာဖြစ်တဲ့အတွက် သူတို့နဲ့မဆိုင်ဘူး လို့အကြောင်းပြန်ပါတယ်။ “ဟုတ်ကဲ့ဒါက ပအဖဘက်ကလုပ်ဆောင်တဲ့ကိစ္စပါ သူတို့ကိုပဲမေးပါဗျ။ ကျနော်တို့နဲ့မဆိုင်ပါဘူးဗျ”  စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားတပ်မတော် SNA အဖွဲ့တွေနဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား မကြခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့တဲ့ဒေသဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၂၃ ရက်နေ့မှာတော့ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေကအပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒီနေ့အထိမြို့ကိုထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာလည်း ဟုမ္မလင်းမြို့နယ်အနီး ဖောင်းပြင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပူစောထီး ပူးပေါင်းအထိုင်ချထားတဲ့ စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အကျအဆုံးတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကာကွယ်ရေးတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ By – အမိုး

    Read More »
  • Apr- 2024 -
    29 April
    သတင်း

    ပူတာအိုဘက်ကို စက်သုံးဆီတင်သွင်းဖို့ KIA ညှိနှိုင်းမှုကို စစ်တပ်ကန့်ကွက်

    ပူတာအိုမှာ ပြတ်လပ်နေတဲ့ စက်သုံးဆီတွေကို ကားလမ်းကြောင်းနဲ့ သယ်ယူဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ညှိနှိုင်းပေမယ့် စစ်တပ်ဘက်က ခွင့်မပြုဘဲ လေကြောင်းနဲ့သာ ပို့ဆောင်ပေးမယ်လို့ ပြည်နယ်အစိုးရက လာရောက်ပြောဆိုထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ခက်ထိန်နန်က ဧပြီ…

    Read More »
  • 11 April
    သတင်း

    ပူတာအိုမှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းပြတ်လပ်

    မြစ်ကြီးနား– ပူတာအိုသွားတဲ့ ကားလမ်းပိုင်းပိတ်ထားတာတစ်လကျော်ကြာမြင့်လာတာနဲ့အမျှ ပူတာအိုမြို့မှာစက်သုံးဆီနဲ့ ကုန်စည်ပစ္စည်းတွေလုံးဝပြတ်လတ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပူတာအို–မြစ်ကြီးနားသွား ကားလမ်းပိုင်းကိုပိတ်လိုက်တဲ့နေ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း စက်သုံးဆီတွေကိုအကန့်အသတ်နဲ့ဝယ်ယူခွင့်ရခဲ့ပေမဲ့ ဧပြီလ ၁၀ ရက်နေ့ကစ ဆီဆိုင်တွေအားလုံးနီးပါးပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဆီတွေက လုံးလုံးပြတ်သွားတာပေါ့နော်၊ အရင်က ရောင်းလက်စလူတွေက လက်ကျန်လေးတွေပေါ့ တစ်ဂါလံနှစ်ဂါလံ အဲ့တာလေးတွေကို ဒီဘက်မှာတော့ ပုလင်းလေးတွေနဲ့ လီတာနဲ့ရောင်းတာမဟုတ်ဘူး ပုလင်းထဲမှာထည့်ပြီး တစ်လုံးကို တစ်သောင်း၊ တစ်သောင်းခွဲ ရောင်းပေးနေတာပေါ့၊ ကိုယ်က ၅ ဂါလံလောက်လိုချင်တယ်ဆိုရင် လုံးဝမရဘူး”လို့ပြောပါတယ်။ ပူတာအိုမြို့မှာ စက်သုံးဆီမပြတ်ခင်  တစ်ဂါလံ ၆သောင်း၊ တစ်ပုလင်းကို ၁၀၀၀၀ ကျပ်ထိရှိခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ကစလို့ စက်သုံးဆီပြတ်လပ်သွားတဲ့အတွက် မြို့တွင်း ဆိုင်ကယ်၊ ကားတွေနဲ့ သွားလာသူတွေမရှိသလောက်နည်းပါးနေပြီး သွားရေးလာရေးအခက်အခဲတွေ ကြုံနေရတယ်လို့ မချမ်းဘောဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့က သွားရေးလာရေးခက်ခဲလာတယ်လေ၊ ကျွန်တော်တို့က အလုပ်လုပ်မယ်ဆိုရင်လည်း အနည်းဆုံးက ဆိုင်ကယ်စီးပြီး အလုပ်သွားရတာဖြစ်တဲ့အတွက် နေ့စားဆိုလည်း အဲ့တာနဲ့ဘဲလိုက်ရတော့ အခု ဓာတ်ဆီမရှိတော့ ဘယ်လိုပြောရမလဲ နေ့စားရတာနဲ့ ဓာတ်ဆီဈေးက မကိုက်တော့ဘူးလေ၊ အဲ့လိုဖြစ်တာပေါ့”လို့ပြောပါတယ်။  ပူတာအိုမြို့ ကားလမ်းတွေမှာဆိုရင်ဖြတ်သွားဖြတ်လာ ကား၊ ဆိုင်ကယ်တွေ ရှားပါးလာနေပြီး တစ်ချို ဒေသခံတွေဆိုရင် အိမ်မှာရှိတဲ့ စက်ဘီးလေးတွေကိုထုတ်သုံးလာကြပြီဖြစ်သလို ခုလိုစက်သုံးဆီပြတ်လပ်နေတာကြောင့် တောင်သူတွေအနေနဲ့လယ်ထွန်ဖို့ခက်ခဲနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ပူတာအိုမှာ လက်ရှိ ခရမ်းချဉ်သီး တစ်လုံးတစ်ထောင်၊ ကြက်သွန်တစ်ပိဿာ ၂ သောင်းခွဲ သုံးသောင်း၊ ဆန်တစ်အိတ် ၁ သိန်းခွဲ၊ ကြက်ဥ သုံးလုံး ၅ ထောင်ထိရှိနေပေမဲ့ အကန့်အသတ်နဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို စက်သုံးဆီပြတ်လပ်တာ၊ ကုန်စည်ပြတ်လပ်မှုတွေဟာ ရေရှည်ဒေသခံပြည်သူတွေအတွက် ထိခိုက်မှုတွေရှိလာတာကြောင့် ကားလမ်းပိုင်းမှာခရီသည်ကားတွေကို ဖြတ်ခွင့်မပြုရင်တောင် ကုန်ကား၊ ဆီကားတွေကိုတော့ ဖြတ်ခွင့်ပြုပေးစေလိုပြီး ကားလမ်းပိုင်းကိုလည်း အမြန်ဆုံးဖွင့်ပေးစေချင်တယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ၇ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးအခြေအနေတွေကြာင့် ပိတ်ထားတာဖြစ်ပြီး လက်ရှိချိန်ထိ ပူတာအိုမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေထဲမှာ စစ်ကောင်စီ တပ်နှင့် KIA၊KPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • Aug- 2023 -
    11 August
    သတင်းတနိုင်းမြို့ပေါ်တွင် စက်သုံးဆီပြတ်လပ်သွားသည့်အတွက် ဆီဆိုင်ကြီးများ ပိတ်ထားရ

    တနိုင်းမှာ စက်သုံးဆီသယ်ခွင့်ပိတ်လိုက်တဲ့နောက် ဒေသခံတွေ သွားလာရေးအခက်အခဲကြုံနေ

    ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်ခွဲထဲမှာ စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူခွင့် ၂ လနီးပါးကြာပိတ်ထားတဲ့အတွက် ဒေသခံတွေအဓိကသွားရေးလာရေး ခက်ခဲလာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ တနိုင်းမြို့နယ်နှင့်ရှင်ဗွေယန်နယ်တွေထဲ စက်သုံးဆီသယ်ယူခွင့်ကို ဇွန်လ တတိယ ပတ်ကတည်းက တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ စက်သုံးဆီပြတ်လပ်နေသလို ဆီလက်ကျန်ရောင်းသူတွေကလည်း…

    Read More »
  • 1 August
    သတင်း

    နန်းယွန်းမြို့နယ်မှာ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ

    စစ်ကိုင်းဒေသကြီး နန်းယွန်းမြို့နယ်ထဲမှာ ကုန်ကားကြီးတွေ မဝင်ရောက်နိုင်သေးတာကြောင့် အခြေခံစားသောက်ကုန် နဲ့စက်သုံးဆီစျေးတွေ အဆမတန်မြင့်တက်နေတယ်လို့ နန်းယွန်းဒေသခံတွေဆီကနေ သိရပါတယ်။ နန်းယွန်း–ရှင်ဗွေယန်ကားလမ်းပိုင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ကားလမ်းမြေပြိုမှု ကြီးကြီးမားမားဖြစ်ပွားခဲ့ပြီးတဲ့နောက် လက်ရှိအချိန်ထိ ကားလမ်းပိုင်းသေချာပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားအဝင်ရပ်တန့်နေပြီး အခြေခံစားသောက်ကုန်နှင့်စက်သုံးဆီစျေးတွေအဆမတန်မြင့်တက်သွားတာလို့ နန်းယွန်းမြို့နေ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကုန်ကားကြီးတွေကမဝင်သေးဘူးဗျလမ်းကတံတား အဆင်မပြေသေးဘူးကြာအုံး မယ်ကြားတယ်။ဓာတ်ဆီကတော့တစ်ဂါလံ ၂၀၀၀၀ ကျော်သွားပြီး ဓာတ်ဆီတက်မှတော့ တခြာစားသောက်ကုန်လည်း ပြောစရာမလိုတော့ဘူးပေါ့ အကုန်တက်တယ်”လို့ ပြောပါတယ်။ ကားလမ်းစပြိုပြီးနောက်တစ်ပတ်အတွင်း ဆန်တစ်အိတ် ကျပ်…

    Read More »
  • Jul- 2023 -
    11 July
    သတင်းတနိုင်းမြို့ပေါ်တွင် စက်သုံးဆီပြတ်လပ်သွားသည့်အတွက် ဆီဆိုင်ကြီးများ ပိတ်ထားရ

    တနိုင်းတွင် စစ်ကောင်စီတပ်က သိုလှောင်ထားသည့် စက်သုံးဆီများရောင်းချပြီး ဝင်ငွေရှာနေသည့်အတွက် စက်သုံးဆီစျေးနှုန်းအဆမတန်မြင့်တက်နေ

    တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကို ၁၀ ရက်ကျော်ခန့်အကြာအထိ ပိတ်ဆို့ထားပြီး ၎င်းတို့ သိုလှောင်ထားသည့် စက်သုံးဆီများကို ပြန်လည်ရောင်းချကာ ဝင်ငွေရှာနေသည့်အတွက် စက်သုံးဆီများ အဆမတန်စျေးနှုန်မြင့်တက်နေသည်ဟု သိရသည်။ ပြီးခဲ့သော ဇွန်လကုန်ပိုင်း ၂ ပတ်ခန့်မှစတင်ကာ တနိုင်းမြို့နယ်တွင် စက်သုံးဆီးများ၊…

    Read More »
  • Apr- 2023 -
    13 April
    သတင်း

    နန့်ယားစစ်တပ်ဂိတ်တွင် စက်သုံးဆီများ ထပ်မံပိတ်ဆို့ထားသည့်အတွက် စက်သုံးဆီပြတ်လပ်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ တင်သွင်းမည့် စက်သုံးဆီကားများကို နန့်ယားစစ်တပ်ဂိတ်တွင် သွားခွင့်ပိတ်ဆို့ထားသည့်အတွက် ဖားကန့်မြို့တွင် စက်သုံးဆီများပြတ်လပ်မှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။ နန့်ယားစစ်တပ်ဂိတ်တွင် ပြီးခဲ့သော ၄ ရက်နေ့နောက်ပိုင်း ဖားကန့်ကို တင်သွင်းမည့် ဓာတ်ဆီ၊ ဒီဇယ် တင်ကားများကိုတားမြစ်ထားသောကြောင့် ဧပြီလ…

    Read More »
  • Feb- 2023 -
    17 February
    သတင်းHpakant Photo

    ဖားကန့်တွင် ယခုတစ်ပတ်အတွင်း ဆန်နှင့် စက်သုံးဆီ စျေးအဆမတန်မြင့်တက်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုတစ်ပတ်အတွင်း ဆန်နှင့် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်လာသည်ဟု ဒေသခံများပြောသည်။ ယခင်အပတ်က ဧရာမင်း၊ ငွေတိုးစသည့် ဆန်အမျိုးအစားများ တစ်အိတ်လျင် ကျပ် ၇၀၀၀၀ ကျော်မှ ၇၅၀၀၀ ကျပ် ၊ ပေါဆန်းမွှေးတစ်အိတ်လျှင် ကျပ် ၈၀၀၀၀…

    Read More »
  • Jan- 2023 -
    13 January
    သတင်းJahtuzup

    လီဒိုလမ်းမပေါ်တွင် စက်သုံးဆီ တင်သွင်းခွင့် ပြည်သူ့စစ် နှင့် KIA အပြိုင်ပိတ်

    ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေ၊ ရှဒူးဇွပ် (Ja Htu Zup) တွင် မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုကြား လီဒိုလမ်း တစ်လျှောက်ပေါ်တွင် စက်သုံးဆီ ရောင်းဝယ် တင်သွင်းခွင့် ပိတ်ထားကြောင်း သိရသည်။ ဇန်နဝါရီလ ၉ ရက်နေ့မှ…

    Read More »
  • Aug- 2022 -
    8 August
    သတင်း

    ပူတာအိုတွင် ဓာတ်ဆီပြတ်လပ်လာသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနေ

    ပူတာအိုဒေသတွင် ဓာတ်ဆီကားအဝင်မရှိသည့် တစ်ပတ်ခန့်ကြာမြင့်လာပြီးနောက် လက်ရှိတွင် အကန့်အသတ်​ဖြင့်သာရောင်းချပေးနေသောကြောင့် ဓာတ်ဆီဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။ သြဂုတ်လ ၄ ရက်နေ့မှစတင်ပြီး မြစ်ကြီးနားဘက်မှ ဓာတ်ဆီတစ်မျိုးတ​ည်း ကားအဝင်မရှိတော့သည့်အတွက် ပူတာအိုမြို့ပေါ်ရှိ ဆီပန့်ဆိုင်များတွင် ဓာတ်ဆီပြတ်လပ်လာကြောင်း ဇေယျာမင်းစက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး KNG…

    Read More »
Back to top button