စစ်ကိုင်းတိုင်း
-
Jul- 2024 -9 Julyသတင်း
ဟုမ္မလင်းမြို့မှာ ရေကြီးရေလျှံမှုတစ်ပတ်ကျော်ကြာမြင့်လာပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ တစ်ပတ်ကျော်ကြာရေကြီးရေလျှံမှုတွေဖြစ်နေပြီး ပြည်သူသောင်းချီရေဘေးသင့်နေတယ်လို့သိရပါတယ်။ ဇွန်လ ကုန်ပိုင်းလောက်ကစလို့ ဟုမ္မလင်းမြို့ပေါ်နဲ့ ချင်းတွင်းမြစ်ဖျားပိုင်းတွေမှာမိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ချင်းတွင်းမြစ်ရေကြီးနေတာကြောင့် ဒေသခံတွေ အဘက်ဘက် ကခက်ခဲနေတာလို့ ဟုမ္မလင်း ဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ “အခြေအနေကတော့အတော်ဆိုးနေတယ်ဗျ။မြို့ပေါ်ကနေရာအများပိုင်းလည်းမြုပ်နေတယ် သွားလာရခက်ခဲတာ ဟိုဘက်နောင်ပိုအောင်ဘက်တွေကိုလည်းရှောင်လို့မရဘူးရေတိုးနေတာ”လို့ ပြောပါတယ်။ ဟုမ္မလင်းမြို့ပေါ်ကမြေနှိမ့်ပိုင်းရပ်ကွက်တွေနဲ့ မြို့အနီးဝန်းကျင်က…
Read More » -
Jun- 2024 -27 Juneသတင်း
နန့်သာရွာထဲ ပိတ်မိနေတဲ့ပြည်သူ ၁၅ ဦးထဲက ၉ ဦးကယ်ခဲ့နိုင်ပေမယ့် ဒဏ်ရာပြင်းထန်သူ နှစ်ဦးအပါ ၆ ဦးပိတ်မိနေဆဲ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာပိတ်မိနေခဲ့တဲ့အရပ်သား ၁၅ ဦးထဲက ၉ ဦးကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူ ၂ဦးအပါအဝင် ၆ ဦးပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အရပ်သား ၃၀ ဦးဝန်းကျင်ကို နန့်သာရွာဘုန်းတော်ကြီးကျောင်းထဲမှာလူသားဒိုင်းအဖြစ်ဖမ်းဆီးထားချိန် ဇွန်လ ၂၂ရက်နေ့မှာ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၃၀ ဦးထဲက လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံးပြီး နောက်ထပ် ၉ ဦးဒဏ်ရာရရှိကာ ကျန်အရပ်သား ၆ ဦး ၃ ရက်ကြာပိတ်မိနေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၂၅ ရက်နေ့ မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အရပ်သားတွေကို လာမြုပ်ပေးကြဖို့ စစ်ကောင်စီတပ်တွေက နန့်သာရွာအနီးတစ်ဝိုက်ကပြည်သူတွေကို ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ “အလောင်းတွေကိုမနေ့ကမှမြှပ်လို့ရသွားတာလေး စစ်သားတွေက အလောင်းလာမြုပ်ကြပါခေါ်လို့ ၅ ယောက်သွားပြီး မြှပ်ကြတာ။ အဲဒီချိန်ပိတ်မိနေတဲ့ထဲက လမ်းလျောက်နိုင်တဲ့သူတွေကို စစ်သားတွေ ကတုတ်ကျင်းမှာရှိနေတဲ့အချိန်အနောက်တောလမ်းကနေခေါ်ထုတ်လာခဲ့ကြတာ”လို့ အောင်ကုန်းဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ထဲမှာတော့ အမျိုးသား ၅ ဦးနဲ့ အမျိူးသမီး ၁၀ ဦးဖြစ်ပြီး ရုပ်အလောင်းကိုလည်း ဇွန်လ ၂၅ ရက်နေ့ နန့်သာသုသာန်မှာ သဂြိုလ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိပိတ်မိနေသူတွေထဲမှာ ဒဏ်ရာရအမျိုးသမီး ၂ဦး မသန်စွမ်းတစ်ဦးနဲ့လူစာစောင့်အမျိုးသား ၃ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ “နန့်သာလေယာဥ်ကျဲလို့သေသွားတဲ့ ၁၅ ဦးကိုမနေ့က နန့်သာသုဿန်ထဲမှာသဂြိုလ်ပေးခဲ့တယ် အားလုံးကို တစ်ကျင်းထဲမှာပဲသဂြိုလ်ပေးခဲ့လိုက်တယ်ဗျ။ ခုပိတ်မိသွားတဲ့ ၁၅ ယောက်ထဲက ၉ ယောက်ကတော့ပြန်လွတ်ခဲ့ပြီ ကျန်နေတာကလမ်းလုံးဝမလျှောက်နိုင်တဲ့ ဒဏ်ရာရ နှစ်ယောက်ရယ် မသန်စွမ်းတစ်ယောက် ပြီးတော့လူနာစောင့် ၃ ယောက်ရယ်ကျန်နေခဲ့တယ်”လို့ သူကပြောပါတယ်။ နန့်သာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ကနဦးက သေဆုံးသူ ၁၇ ဦးအထိရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မနေ့ ကရုပ်အလောင်းသွားရောက်သဂြိုလ်သူတွေအတည်ပြုချက်အရ သေဆုံးရုပ်အလောင်း ၁၅ ဦးအထိပဲရှိတယ်လို့ဆိုပါတယ်။ နန့်သာကျေးရွာထဲမှာ အင်အား ၃၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ်မတ်လထဲက ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းကအရပ်သားတွေကိုဖိနှိပ်နေတာတွေကြောင့် တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၂၂ ရက်နေ့ ည၇နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ စစ်ကောင်စီစစ်သားတွေဘက်ကအထိနာနေတာကြောင့် ည ၁၁ နာရီအချိန်မှာ ဘုန်းကြီးကျောင်းကိုဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းထဲအတင်းအဓမ္မခေါ်ဆောင်ထားခံရသူတွေဟာ လက်ရှိနန့်သာရွာမှာတပ်စွဲနေတဲ့စစ်ကြောင်း ရွာထဲဝင်ရောက်လာစဥ်ထွက်ပြေးခွင့်မရလိုက်ပဲ ပိတ်မိနေခဲ့တဲ့သူတွေဖြစ်ပါတယ်။ နန့်သာကျေးရွာထဲကို အင်းတော်မြို့တွင်းတပ်ကနေ အင်အား ၁၀၀ ဝန်ကျင်းပါတဲ့စစ်ကြောင်းတစ်ကြောင်းစစ်ကူလာနေပြီး နန့်သာ ရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ သက္ကယ်ကျင်းရွာမှာရောက်နေတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
25 Juneသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရရှိထားတဲ့ နန့်သာဒေသခံများ ကယ်ထုတ်ဖို့ခက်ခဲနေဆဲ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ညမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှုတွေဟာ မနေ့က အထိဆက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရပြည်သူတွေလည်း ကယ်ထုတ်လို့မရပဲ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းထဲမှာတပ်စွဲနေထိုင်နေတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းကတည်းကဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး စစ်ကြောင်းလာချိန်ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ရွာထဲပိတ်မိသွားတဲ့အရပ်သားတွေကိုနာမည်စာရင်းကောက်ယူကာ ညတိုင်းဘုန်းကြီးကျောင်းထဲမှာခေါ်စုပြီးလူသားဒိုင်းအဖြစ်အသုံးချနေတာ ခုဆိုရင်တစ်နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မနက် စစ်ကောင်စီစစ်သားတွေရှိနေတဲ့ နန့်သာရွာဘက်ကို တော်လှန်ရေးအင်အားစုတွေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်ကအထိနာသွားတာကြောင့် ည ၁၂ နာရီဝန်းကျင် လေကြောင်းနဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုခွင့်မရဘဲပိတ်မိနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်နေတဲ့နန့်သာကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ “စစ်သားတွေက ရွာသားတွေကို ဘုန်းကြီးကျောင်းထဲမှာ ခေါ်နေထားတာလေး သူတို့(စစ်ကောင်စီစစ်သား)တွေ ကမသေပါဘူး လေလာဉ်လာတဲ့ချိန်သူတို့က ကတုံးကျင်းတွေ၊ဗုံးခိုကျင်းတွေထဲဝင်ပြေးသွားကြတယ်တဲ့ ရွာသားတွေက အဆောက်အဦးထဲမှာပဲရှိနေတဲ့အဲ့အဆောက်အဦးပေါ်ကျဲလိုက်တော့ ဦးပဇင်းတစ်ပါးနဲ့ရွာသားခြောက်ယောက် ဟာပွဲချင်းပြီးဖြစ်သွားတာ”လို့သူကပြောပါတယ်။ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ကျဲချခဲ့တဲ့ ဗုံးသီးတစ်လုံးဟာ အရပ်သားတွေစုနေတဲ့ ဘုန်းတော်ကြီးကျောင်းဆောင်တည့်တည့်ကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဖြစ်စဉ်ဖြစ်သွားတဲ့ညက အသက် ၄၀ ကျော်ဦးပဇင်းတစ်ပါးနဲ့ရွာသား ၇ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြင်းထန်သူတွေကိုကယ်ထုတ်လို့မရတာကြောင့် တစ်ချို့သွေးလွန်သေဆုံးတာတွေရှိသွားပြီး မနေ့ကအထိ သေဆုံးသူ ၁၇ ဦးအထိရှိလာပြီလို့ အင်ပင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ “ပြည်သူက ၁၇ ယောက်ရှိပြီ ရဟန်းသာတစ်ပါးပါတယ် အဲ့ဒါကတော့သေသွားတယ်အဲ့လိုဆိုတော့အခါကျတော့ အခု ဒဏ်ရာရတာက ၃၀ ဝန်းကျင်လောက်ရှိတယ် အခုလည်းကယ်ထုတ်ဖို့ရာကျွန်တော်တို့အခု ချိတ်ဆက်ပြီးမှ နည်းနည်းကြိုးစားနေတယ်ပေါ့လေ ပိတ်မိနေတဲ့ပြည်သူတွေကအခု ထမင်းလည်းမစားရဘူး ရေလည်းမသောက်ရဘူး”လို့ ပိတ်မိပြည်သူတွေကိုကယ်ထုတ်ဖို့ကြိုးပမ်းနေတဲ့ အထက်ပါအမျိုးသားကပြောပါတယ်။ နန့်သာရွာလေ ကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူတွေဟာ ဦးဇင်းဝင်းဇော်၊ ဒေါ်ကျင်စော ၅၇ နှစ်၊ မပို ၄၀ နှစ်၊ ဦးသန်းစိန် ၅၅ နှစ်၊ ဦးအုန်းကျော် ၆၀ နှစ်၊ ဦးပိန်သေး ၅၉ နှစ်၊ ဒေါ်မနှစ် ၆၂နှစ်၊ မစနလင်း ၃၂နှစ်၊ မသူဇာမော် ၃၄နှစ်၊ ဦးကျော်မျိုး ၃၇နှစ်၊ မခင်စံပယ် ဉီး ၃၀နှစ် ၊ ဒေါ်ဂျမ်းပုံ ၈၀နှစ်၊ ဒေါ်အေးတင် ၅၀နှစ်၊ မကြူကြူ ၄၅နှစ် ကိုတင်စိုးလွင် ၄၂ နှစ်နှင့် အသက် ၅နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းသိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဇွန်လ ၂၂ ရက်နေ့က ပွဲချင်းပြီးသေဆုံးသူ ၇ဦးသာရှိခဲ့ပေမယ့် အချိန်မှီမကယ်ထုတ်နိုင်တာကြောင့် ဆေးဝါးကုသခွင့်မရတဲ့အတွက် ဇွန်လ ၂၃ရက်နေ့ နဲ့၂၄ ရက်နေ့အတွင်းနောက်ထပ်သေဆုံးသူ ၁၀ ဦးအထိတိုးလာတယ်လို့သိရပါတယ်။ လက်ရှိ နန့်သာဘုန်ကြီးကျောင်းထဲမှာ ဒဏ်ရာရပြည်သူ ၂၀ ကျော်နဲ့ဒဏ်ရာမရထားတဲ့ပြည်သူ ၁၀ ဦးကျော် စုစုပေါင်းပြည်သူ ၃၀ ကျော်ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ကဘုန်းကြီးကျောင်းမှာတပ်စွဲတာလေး အဲ့တော့ဘုန်းကြီးကျောင်းနဲ့နီးတဲ့အိမ်တွေထဲက ပြည်သူတွေကို ညဘက်ဘုန်းကြီးကျောင်းမှာခေါ်စုပြီးအိပ်ခိုင်းတာ ပုံမှန် လူဦးရေ၄၀ ကျော် ၅၀ အထိကိုခေါ်အိပ်ခိုင်းတယ်။ အခုလည်း ဒဏ်ရတဲ့သူတွေက ၂၀ ကျော်ဆို အားလုံး ၅၀ ဝန်းကျင်လောက်တော့ပိတ်မိနေတယ် ဖုန်းကလည်း ၂၃ ရက်နေ့အထိတော့ဆက်သွယ်လို့ရတယ် ဘယ်လို့မှသွားကယ်ထုတ်လို့မရဖြစ်နေတယ်“လို့သူကပြောပါတယ်။ နန့်သာကျေးရွာထဲက ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို တာဝန်ရှိသူတွေက ညှိုနိုင်းနေဆဲပဲလို့သိရပြီး ပိတ်မိနေတဲ့ဒဏ်ရာရပြည်သူတွေကိုအချိန်မှီမကယ်ထုတ်နိုင်ရင် သေဆုံးသူတွေထပ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။…
Read More » -
19 Juneသတင်း
နန်းယွန်းမြို့နယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ်ထဲမှာ ဇွန်လပိုင်းကစလို့ ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးရုံ၊ဆေးခန်းတွေမှာ ဆေးဝါးတွေလုံလုံလောက်လောက်မရှိတာကြောင့် အကူအညီတွေလိုအပ်နေတာလို့ နန်းယွန်းမြို့ခံ အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခြေအနေအရမ်းဆိုးတဲ့လူထဲမှာတောင်…
Read More » -
May- 2024 -29 Mayသတင်း
လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွား
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာမြေပြိုကျမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လဟယ်မြို့မှာ မေလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းခဲ့တယ်လို့ သိရပြီး မြို့အဝင်မှာရှိတဲ့ ချလွေချောင်းရေကြီးကာ တောင်ပြိုတာတွေကြောင့် လူနေအိမ် ၆ လုံးထက်မနည်းမျောပါသွားတယ်လို့ လဟယ်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မိုးက ၄ ရက်ဆက်တိုက်လုံးဝမနားဘူး ရွာတယ် ချလွေချောင်းကမြို့အဝင်မှာရှိတာ အဲ့ချောင်းကရေ အရမ်းကြီးတော့မြေတွေလည်းပြိုကျလာတာ ချောင်းနဲ့နီးတဲ့ရပ်ကွက်ထဲကတော့အိမ်ခြောက်လုံးပျက်စီးသွားတယ်။ တစ်ချို့အိမ်တွေမျောသွားတယ် မီးဖိုချောင်တွေလည်းပါသွားတယ်လူနေအိမ်ကြီးပဲက ခြောက်လုံးပါသွားတယ်”လို့သူကပြောပါတယ်။ အဲ့ဒီရေကြိီးရေလျှံမှုဟာမနေ့က မေလ ၂၈ ရက်နေ့မှာဖြစ်သွားတာဖြစ်ပြီး လဟယ်မြို့ တိုးချဲ့ရပ်ကွက် နယ်မြေ ၂ ထဲက လူနေအိမ် ၆ လုံးနဲ့ မီးဖိုချောင်တွေပျက်စီးသွားတဲ့အပြင် အိမ်မွေးတိရိစ္ဆာရန်တွေလည်းအများအပြားရေထဲပါသွားတယ်လို့သိရပါတယ်။ “ဒီနေ့တော့ မနက်အစောကြီးကိုယ့်အိမ်ကိုယ့်ခြံရှင်းတဲ့လူရှင်းလမ်းရှင်းတဲ့လူရှင်းလုပ်နေကြပြီ လောလောဆယ်တော့တချို့ရပ်ကွက်တွေမီးတွေဘာတွေပျက်နေတာရှိတယ် ရေကြီးမြေပြိုတာတွေ ဖြစ်တော့တချို့ဓာတ်တိုင်တွေဘာတွေထိခိုက်သွားတယ်လေး”လို့ လဟယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လဟယ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာလည်း နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ပြီး ကျေးရွာတစ်ချို့ မှာလည်းအလားတူ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
16 Mayသတင်း
NUG စိုးမိုးနယ်မြေမဟုတ်တဲ့နေရာတွေကို စက်သုံးဆီရောင်းချခွင့်ပိတ်ပင်ကြောင်း ဟုမ္မလင်း ပအဖထုတ်ပြန်
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့နယ်မြေတွေမှာ စက်သုံးဆီသယ်ယူရောင်းချခွင့်မပြုဘူးလို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က မေလ ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မုံရွာ၊ ကျွန်းလှနဲ့ တစ်ခြားမြို့နယ်တွေကနေ ဟုမ္မလင်းမြို့နယ်ထဲကိုသယ်ဆောင်လာတဲ့ စက်သုံးဆီတွေကို ဟုမ္မလင်းမြို့နယ်အတွင်း NUG စိုးမိုးထားတဲ့နယ်မြေအတွင်းမှာပဲ သယ်ယူရောင်းချခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။ NUG စိုးမိုးနယ်မြေမဟုတ်ပဲ ပိတ်ပင်ထားတဲ့နယ်မြေတွေမှာ စက်သုံးဆီကိုသယ်ယူရောင်းချရင်တော့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆိုပြီး သယ်ယူရောင်းချခွင့်ရှိတဲ့နေရာတွေကိုလည်း အခုလိုထုတ်ပြန်ထား ပါတယ်။ “သယ်ယူရောင်းချခွင့်ရှိသော ဂိတ်ဆုံးနယ်မြေများမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆိုလျှင် ရွှေပြည်အေး မြို့ အထိ ကုန်းလမ်းကြောင်းဆိုပါက အောင်ပင်ကျေးရွာအထိသာ သယ်ယူရောင်းချခွင့်ပြုပါမည်။ ကန့်သတ်ထားတဲ့ နယ်မြေပြင်ပသို့ သယ်ယူရောင်းဝယ်ဖောက်ကားပါက ပြင်းထန်စွာအရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ ခုလို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့ နယ်မြေတွေမှာ စက်သုံးဆီ သယ်ယူရောင်းချခွင့် တားမြစ်ခြင်းဟာထုတ်ပြန်ချက်ထုတ်တဲ့ မေလ ၁၅ ရက်နေ့ကစပြီး အတည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေနေနဲ့ပတ်သက်လို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။ ဒါကြောင့် ဟုမ္မလင်းမြို့နယ်ကာကွယ်ရေးတပ်ဘက်ကို KNG က ဆက်သွယ်ခဲ့ပေမဲ့ အခုလို စက်သုံးဆီသယ်ယူ ရောင်းချခွင့်တားမြစ်ချက်ဟာ ပြည်သူ့အုပ်ချုပ်ရေးဘက်ကထုတ်ပြန်တာဖြစ်တဲ့အတွက် သူတို့နဲ့မဆိုင်ဘူး လို့အကြောင်းပြန်ပါတယ်။ “ဟုတ်ကဲ့ဒါက ပအဖဘက်ကလုပ်ဆောင်တဲ့ကိစ္စပါ သူတို့ကိုပဲမေးပါဗျ။ ကျနော်တို့နဲ့မဆိုင်ပါဘူးဗျ” စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားတပ်မတော် SNA အဖွဲ့တွေနဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား မကြခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့တဲ့ဒေသဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၂၃ ရက်နေ့မှာတော့ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေကအပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒီနေ့အထိမြို့ကိုထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာလည်း ဟုမ္မလင်းမြို့နယ်အနီး ဖောင်းပြင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပူစောထီး ပူးပေါင်းအထိုင်ချထားတဲ့ စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အကျအဆုံးတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကာကွယ်ရေးတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ By – အမိုး
Read More » -
9 Mayသတင်း
ဖောင်းပြင်မှာ စစ်တပ်နဲ့ပျူစောထီးတွေပူးပေါင်းတပ်ထိုင်တဲ့ ရွာ ၃ ရွာတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်မှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေပူးပေါင်း တပ်ထိုင်နေတဲ့ ကျေးရွာ ၃ ရွာကို ဖောင်းပြင်PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတစ်ပြိုင်တက်တည်း ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ မုံရွာ – ဟုမ္မလင်းကားလမ်းမကြီးပေါ်မှာရှိတဲ့ ဖောင်းပြင်နယ်ထဲက ဆိတ်ဆားရွာကျေးရွာ၊ ဟာပါကျေးရွာနဲ့ညောင်ကုန်းကျေးရွာထဲ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူး ပေါင်းတပ်ထိုင်နေတဲ့ စခန်းတွေကို ဖောင်းပြင် PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ကနေ တစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး…
Read More » -
Apr- 2024 -29 Aprilသတင်း
ကသာမြို့နယ်က ရွာတစ်ရွာကို စစ်စီတပ်လေကြောင်းတိုက်ခိုက် စာသင်ကျောင်းနဲ့နေအိမ်တစ်ချို့ ထိမှန်ပျက်ဆီး
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က မြိုင်သာယာဆိုတဲ့ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းဆောင်တချို့ပျက်ဆီးခဲ့ရသလို နေအိမ် ၁ လုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်က ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်ကဖြစ်ခဲ့တာဖြစ်ပြီး…
Read More » -
23 Aprilသတင်း
ခါမ်းပါတ်နဲ့ ကလေးမြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၃ ယောက်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ခါမ်းပါတ်မြို့နယ်နဲ့ကလေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က မနေ့က ဧပြီလ ၂၂ ရက် နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်က ကလေးမြို့နဲ့ခါမ်းပါတ်မြို့ နှစ်ခုအစပ်က စောဘွားရေရှင်ဆိုတဲ့ရွာနဲ့…
Read More » -
22 Aprilသတင်း
ကလေးမြို့နယ်မှာ ၂ လအတွင်းအရပ်သား ၈၀ သေဆုံး၊ အမျိုးသမီးအများဆုံးပါဝင်
တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ၂ လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာအမျိုးသမီးသေဆုံးမှုကအများဆုံးဖြစ်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဧပြီလပထမအပတ်အထိ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲအသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “အရပ်သားပြည်သူတွေရှောင်တိမ်းရင်းနဲ့ ထိခိုက်သေဆုံးမှုတွေကနေ့စဥ်နဲ့အမျှဖြစ်တယ် လက်နက်ကြီး ကြောင့်ရော စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ဒရုန်းကြောင့်ရော ဖမ်းဆီးသွားပြီးသတ်ဖြတ်ခံရတဲ့ အနေ အထားပေါ့နော် အဲ့ဒီထဲမှာ ၆၅ % က အမျိုးသမီး၊ ၁၅ % က အမျိုးသား၊ ကျန်တဲ့ ၂၀ % က လူငယ်နဲ့ ကလေးသူငယ်တွေဖြစ်တယ်” လို့ပြောပါတယ်။ ဒီသေဆုံးမှုတွေဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ကလေးမြို့နယ် မြောက်ပိုင်း၊တောင်ပိုင်း နဲ့ ကလေးမြို့ပေါ်က အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ်တွေနဲ့ပါပေါင်းပြီး အင်အားအလုံးအရင်းနဲ့စစ်ကြောင်း တွေထိုးနေတယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဆီကသိရပါတယ်။ “စစ်ကောင်စီဘက်က ကလေးမြောက်ပိုင်းကို နယ်မြေစိုးမိုးမှုရဖို့အတွက်ထိုးစစ်ဆင်နေတဲ့အနေအထား ရှိပါတယ် ပြီးတော့ ကလေးတောင်ပိုင်းမှာလည်း စစ်ကောင်စီရဲ့လက်ပါးစေတွေဖြစ်တဲ့ ပျူစောထီးတွေ နဲ့ ညှပ်ပြီးတော့ အနည်းဆုံးစစ်မျက်နှာ ၄ ခုလောက်ရှိတယ်ဗျ”လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်ရဲ့လုပ်ရက်တွေကြောင့် အရပ်သားတွေ နေ့စဥ်သေဆုံးနေရပြီး အဲ့ဒီ ဖြစ်စဥ်တွေကိုလည်း ပြည်တွင်းပြည်ပက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်ပေးဖို့ ဒေသခံတွေကတောင်းဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း အရပ်သားတွေသေဆုံးမှုတွေကလည်းများပြားသလို အရပ်သားနေအိမ်၊ အဆောက်အဦးတွေနဲ့ ဘာသာရေးအဆောက် အအုံတွေလည်းပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝှမ်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲအရှိန်တွေက ဆက်တိုက်မြှင့်တက်နေပြီး ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိကို အမျိုးသမီး ၁၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More »









