စစ်ကောင်စီ

  • Aug- 2023 -
    28 August
    သတင်း

    ၅ ရက်ကြာပိတ်ခံထားတဲ့ ဖားကန့်လမ်းဖွင့်ပေးပေမယ့် ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်တာမရှိသေး

    စစ်ရေးတင်းမာခဲ့တဲ့ ကားမိုင်း- ဖားကန့်လမ်းကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တို့အကြား  ၅ ရက်အကြာ သွားလာခွင့်ပိတ်ဆို့ထားရာကနေ ဒီမနက်မှာတော့ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖားကန့်သွားလမ်းမကြီးကို ဩဂုတ်လ၂၂ ရက်နေ့ ကားမိုင်းကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို KIA ဘက်က နန့်ယားမရောက်ခင် ကျောက်ထုရွာနားမှာ ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ နေ့ကတည်းကပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ ဒါကြောင့်…

    Read More »
  • 25 August
    သတင်း

    နန့်ယားမှာ ပြည်သူတစ်ထောင်ကျော် ပိတ်မိနေ

    စစ်ရေးတင်းမာနေတဲ့ ဖားကန့်လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့  ၂ ဖက်စလုံး သွားလာရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတာ ၃ ရက်လောက်ကြာမြင့်လာပြီဖြစ်တဲ့တွက်  နန့်ယားကျေးရွာထဲက ယာဉ်ရပ်နားစခန်းနေရာမှာ ပြည်သူ ၁၅၀၀ လောက်က ပိတ်မိနေကြတယ်လို့ သိရပါတယ်။ ဖားကန့်လမ်းသွားလမ်းပေါ်မှာ…

    Read More »
  • 22 August
    တိုက်ပွဲ

    ကားမိုင်းအထွက် ကျောက်ထုရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

    ကားမိုင်းကနေ ဖားကန့်လမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကားမိုင်းမြို့အထွက် ကျောက်ထုကျေးရွာ အနားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်နဲ့  အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီကနေ့ မနက် ၉  နာရီလောက်မှာ ကားမိုင်းမြိို့က နေ ဖားကန့်ဘက်ကို ထွက်လာအချိန်မှာပဲ ကျောက်ထုကျေးရွာအရောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “စစ်ကောင်စီစစ်သားတွေက ကားမိုင်းကနေ ထွက်လာတဲ့အချိန် လမ်းတစ်လျှောက်ကြောက်လို့ လက်နက်ငယ်တွေ ပစ်ပြီးတက်လာကြတာဟုတ်တယ်။ မအူပင်လည်း ကျော်သွားပြီး ကျောက်ထုနားရောက်တော့ ကျနော်တို့ဘက်က စောင့်နေတာ အဲ့မှာပစ်ကြတာဟုတ်တယ်။ အခု ၁၁ နာရီခွဲလောက်အထိ လက်နက်သံတွေက ဆက်တိုက်ကြားနေတာဖြစ်တယ်”ပြောပါတယ်။ နှစ်ဖက်တပ် အပြန်အလှန်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကားမိုင်းဘက်ကို သယ်ဆောင်သွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် ၂ ဖက်တပ် ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ KNG အနေနဲ့ အတည်ပြုနိုင်တာမရှိသေးပါဘူး။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့ကြားမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဖားကန့်လမ်းတစ်လျှောက်မှာရှိကြတဲ့ ဆိုင်းဖရာ၊ ဂတ်နွယ်၊တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ်ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။ ဒါပေမယ့် အဲ့ဒီ ကျေးရွာတွေမရောက်မှီ နန့်ယားစစ်တပ်ဂိတ်မှာ စစ်ကောင်စီတပ်က အသွားအလာ အားလုံးပိတ်ဆို့ထားတဲ့အတွက် ထွက်လို့မရပဲ ကျေးရွာထဲမှာသာ ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၇ ရက်နေ့ မိုးကောင်းမြို့နယ်ဘက်ကနေ ဖားကန့်ဘက်ကို စစ်ကား ၃ စီးနဲ့တက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ဒီနေ့မနက် ကားမိုင်းကနေ ပြန်လည်ထွက်ခွာလာတဲ့အချိန် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆိုင်းဖရာ၊ ဂတ်နွယ်၊ တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ် စတဲ့ကျေးရွာတွေမှာ တပ်ချဖို့တက်လာတဲ့အဖွဲ့ဖြစ်တယ်လို့သိရပြီး စစ်ကြောင်းတက်လာတဲ့ တစ်လျှောက်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

    Read More »
  • 21 August
    သတင်း

    ဗန်းမော်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းကလွှဲပြီး အရပ်သားပြည်သူသွားလာခွင့်ပိတ်ပင်ခံထားရ

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် မြို့တွင်း ရပ်ကွက်သွားလမ်းတွေမကျန် စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကလွှဲပြီး အရပ်သားပြည်သူတွေ သွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ ‌ဒေသခံတွေ ပြောပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ စစ်လက်နက်ရိက္ခာတင် သင်္ဘော ၉ စီး ဆိုက်ကပ်လာတဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက ဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက အခုလို…

    Read More »
  • 17 August
    သတင်း

    ကသာမြို့ပြင်စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၂ ဦးသေနတ်ထိမှန်

    စစ်ကိုင်းတိုင်း ကသာမြို့ပြင်မှာရှိတဲ့စစ်တပ်ဂိတ် ဒီနေ့မနက် ၇ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရပြီး ဂိတ်နားကဖြတ်လာတဲ့ ပြည်သူ ၂ ဦးသေနတ်ထိမှန်ထား‌တယ်လို့ ကသာ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်း ပစ်ခံရတဲ့ အဲဒီဂိတ်ဟာ စစ်အင်အား ၂၀ လောက်တပ်စွဲနေထိုင်တဲ့ဂိတ်ဖြစ်ပြီး လမ်းသွားလမ်းလာပြည်သူများကို နည်းအမျိုးမျိုးနဲ့အခွန်ကောက်ခံနေတဲ့ ဂိတ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဂိတ်ကို ကသာ PDF ဘက်က ဒရုန်းနဲ့သွားပစ်တာ သူတို့ဘက်ကလည်း ပြန်ပစ်တော့ အဲမှာ ပန်းသွားချိုးပြီး ပြန်လာတဲ့ ဒေသခံအမျိုးသား ၂ ယောက်ကျည်ထိသွားတာ ဟုတ်တယ်”လို့ပြောပါတယ်။ ကျည်ဆံထိမှန်သူ အမျိုးသား ၂ ဦးမှာ ကသာမြို့ ရပ်ကွက် ၉၊ အပိုင်း ၄ မှာနေထိုင်သူများဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်အမျိုးသားမှာ ဦးခေါင်းကျည်ဆံထိမှန် ထားတဲ့အတွက် အသက်အန္တရယ်စိုးရိမ်ရပြီး မန်းလေးဆေးရုံကို…

    Read More »
  • 12 August
    သတင်း

    အင်းတော်မှာ ၂ ရက်အတွင်း ၃ ဦးဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီက မြို့တွင်းမြို့ပြင်အစစ်အဆေးတင်းကြပ်နေပြီး ၂ ရက်အတွင်းမှာ အရပ်သား ၃ ဦးအထိဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲနှင့်စစ်သားတွေပူးပေါင်းပြီးအင်းတော်မြို့နယ်ပညာရေးမှူးရုံးရှေ့တစ်​နေရာနှင့် အင်းတော်မြို့အထွက် သံလမ်းအနီး တစ်နေရာစုစုပေါင်း ၂နေရာမှာ လွန်ခဲ့တဲ့ ၄ရက်လောက်ကတည်းက အရပ်သားတွေရဲ့ ကား၊ဆိုင်ကယ်အသွားအလာတွေကို စစ်ဆေးနေတာဖြစ်ပြီး…

    Read More »
  • 11 August
    သတင်း

    ပန်ရှီ စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်

    ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရဲ့ အရှေ့တောင်ခြမ်းဘက်မှာရှိတဲ့ ပန်ရှီ (Pang Shi) စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ထပ်မံသွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတပ်စခန်းဟာ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်အင်အားအများအပြား တစ်စွဲနေထိုင်ထားတဲ့ တပ်စခန်းဖြစ်တဲ့အတွက် ဩဂုတ်လ ၁၀…

    Read More »
  • 8 August
    သတင်း

    ယင်းမာပင်တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး၊ စစ်တပ်ဘက်က ၅ ဦးသေဆုံ

    စစ်ကိုင်းတိုင်း ယင်းမာပင်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ် တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်ကတော့ ၂ ဦးကျဆုံးခဲ့တယ်လို့ အာဠာဝကဒေသကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ရက်နေ့မနက်ပိုင်းမှာ အကျိုးကုန်းလို့ခေါ်တဲ့ရွှေတောင်ဦးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပြင်နယ် ပတိန်ပြင်ရွာအနားမှာရှိတဲ့ ပတိန်ပြင်သစ်ကွင်းက သစ်တွေကို လာသယ်ရာကနေ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာဖြစ်တယ်လို့ အာဠာဝကတပ်ဖွဲ့က တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းက ပြောပါတယ်။ “နေ့လည် ၁နာရီ လောက်မှာဖြစ်တာ ကျနော်တို့ထမင်းစားစားပြီးချင်း…

    Read More »
  • 8 August
    သတင်း

    ပုလဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကအကျအဆုံးများ

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့တဲ့အတွက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ စအရ ၉၀၉နဲ့ ခမရ ၇၀၄တပ်က အင်အား ၈၀ကျော်နဲ့ ကာကွယ်ရေးတပ်တို့ ကျေးနင်း နဲ့…

    Read More »
  • 7 August
    ဆောင်းပါး

    KIO ကို လူမျိုးရေး၊ ဘာသာရေးအားဖြင့် သွေးခွဲ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်

    မြန်မာ့သမိုင်း နောက်ပြန်လှန်ကြည့်လိုက်ရင် စစ်ကောင်စီတပ်ဟာ နိုင်ငံရေးအကြပ်ရိုက်လာချိန်တိုင်း ဘာသာရေး၊ လူမျိုးရေး သွေးခွဲတိုက်ခိုက်နည်းကိုအသုံးပြုခဲ့သလို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ နည်းလမ်းကို  ပြန်လည်ကျင့်သုံးနေပါတယ်။ ၂၀၂၂ ခုနှစ်နောက်ပိုင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ Myanmar National Post ၊ တပ်ကြပ်ကြီးဖိုးစီ အကောင့်တွေကနေ ”မင်းတို့နားလည်အောင် ပြောရမယ်ဆိုရင် လိုင်ဇာ KIA က တို့စစ်ကိုင်းတိုင်းအချင်းချင်း ဗုဒ္ဓဘာသာအချင်းချင်းကို အိုးမဲသုတ်ခိုင်းနေတာ” ဆိုပြီး ရုပ်သံဖိုင်တစ်ခု…

    Read More »
Back to top button