စစ်တပ်

  • Apr- 2024 -
    19 April
    သတင်း

    စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဟုမ္မလင်းစစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်ဝင်ခွင့်မပြုသေး

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ချို့မှာတိုက်ပွဲဖြစ်တာမရှိတော့ ပေမယ့် စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဒေသခံတစ်ချို့နေရပ်ပြန်ဝင် ခွင့်မပြုသေးဘူးလို့ ဟုမ္မလင်းကာကွယ်ရေးတပ်က ပြောပါတယ်။ ဟုမ္မလင်းမြို့နယ်အနောက်ဘက် ဟုမ္မလင်းနယ်နဲ့ဖောင်းပြင်နယ်ကြား PDF တွေထိန်းချုပ်ထားတဲ့ ကျွန်းကုန်း၊ မနော်သာ၊ အင်ကြင်းမော်ကျေးရွာတွေမှာ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမယ့် စစ်ဘေးရှောင်ပြည်သူတွေကိုတော့ နေရပ်ပြန်ဝင်ခွင့်မပေးထားသေးဘူးလို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “တိုက်ပွဲကတော့ငြိမ်နေတာကြာပြီ ကျွန်းကုန်းသိမ်းလိုက်တဲ့နောက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲတွေမရှိတော့ဘူး။ ဒါပေမယ့် ဒေသခံတွေကိုတော့ကျွန်တော်တို့(ဟုမ္မလင်း PDF)ဘက်ကနေဝင် ခွင့်မပေးသေးတာဗျ ဘာလို့ဆိုသူတို့က ဆုံးရှုံးထားတဲ့နေရာတွေကို တစ်လ နှစ်လကြာတဲ့ပြီးတဲ့အထိကိုလေကြောင်းနဲ့ပြန်ပြီးလာတိုက်ခိုက်တာတွေရှိတယ်။ အဲ့ကြောင့်ပြည်သူတွေထိမှစိုးရိမ်လို့မဝင်ခိုင်းသေးတာ”လို့ ကပြောပါတယ်။ ဟုမ္မလင်းနယ်အနောက်ဘက် ကျွန်းကုန်းကျေးရွာစခန်းကို ဟုမ္မလင်းကာကွယ်ရေးပူးပေါင်း တပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၈…

    Read More »
  • 3 April
    သတင်း

    စစ်တပ်ကဖမ်းသွားတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားများပြန်လည်လွတ်မြောက်လာ

    မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်မှာ ဖမ်းဆီးခံထားရတဲ့  ဘာသာရေးဆရာ ၃ ဦးအပါအဝင် အရပ်သားများအားလုံးပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဆားမှော်ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်ခရစ်ယာန်ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားတွေကို စစ်တပ်က မတ်လ ၃၁ ရက်နေ့ ဖမ်းဆီးသွားတာဖြစ်ပြီး ဆားမှော်တိုက်နယ်မှာရှိတဲ့ ခလရ (၁၀၅)…

    Read More »
  • 1 April
    သတင်း

    ဂျန်မိုင်ရွာမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံး၊၂ ဦးဒဏ်ရာပြင်းထန်

    မံစီမြို့နဲ့ လွယ်ဂျယ်ကြားမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မံစီ – လွယ်ဂျယ်သွားလမ်း အင်ဘာပါမရောက်ခင်က ဂျန်မိုင်ကျေးရွာ ယာဉ်ရပ်နားရာနေရာမှာ  ဧပြီလ ၁…

    Read More »
  • 1 April
    သတင်း

    ဆားမှော်ရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့များ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေ

    မိုး‌ကောင်းမြို့နယ် ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်း‌ဆီးခံရပြီးနောက် စစ်တပ်နဲ့ပျူအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို လိုက်လံဖမ်းဆီးနေပြီး ၆  ဦးထက်မနည်းဖမ်းဆီးခံသွားရပြီဖြစ်တယ်လို့ ဆားမှော်ဒေသခံတွေက ပြောပါတယ်။ မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ဟာ မြို့မရပ်ကွက်…

    Read More »
  • Mar- 2024 -
    26 March
    သတင်း

    စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် ပြည်သူ  ၂ ဦးထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နောင်လိုက်ကျေးရွာမှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မတ်လ ၂၆ ရက်နေ့ ဒီမနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ နောင်လိုက်ကျေးရွာထဲမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူ ၂ ဦးအနက် အမျိုးသမီးဖြစ်သူကတော့ ဦးခေါင်းမှာထိမှန်ထားတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အဖွားကတော့ ခေါင်းနောက်အနောက်ပိုင်းမှာ ထိပြီး အဖိုးကတော့ ကျောအနောက်နားမှာဘဲ ပေါက်သွားတာ”လို့ ဆိုပါတယ်။ ဗုံးကျည်ထိမှန်ထားတဲ့ အသက် ၆၀ ကျော်အရွယ် အဖိုးနဲ့ အဖွားကိုတော့ ဒီနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ  ဗန်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့  ဗန်းမော်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း နောင်လိုက်ကျေးရွာမှာ ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေပေမယ့်  ဗန်းမော်မြို့ စစ်ကောင်စီတပ် စကခ(၂၁) ကနေ လက်နက်ကြီးတွေနဲ့ ညနေ ၄နာရီ ၅မိနစ်ခြားတစ်ကြိမ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ နေအိမ်ထဲမှာဘဲ ပိတ်မိနေကြတယ်လို့ တခြားဒေသခံတစ်ဦးက ခုလိုဆက်ပြောပါတယ်။ “ဒီမနက်ပြေးမယ်လုပ်တော့ လေယာဉ်နဲ့ ဗုံးလာကြဲလို့  ဒါကြောင့် အိမ်ထဲမှာဘဲ နေနေတယ် လက်နက်ကြီးတွေနဲ့ရောထုနေတာဘဲ ၄နာရီလောက်အထိ”လို့ ဆိုပါတယ်။ နောင်လိုက်ကျေးရွာဟာ မတ်လ ၁၄ရက်နေ့က KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့  ဒါဆိုင်းရွာအခြေစိုက် ခလရ  (၂၃၇)တပ်ရဲ့ တောင်ချေအောက်မှာရှိတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၂ ကျော် ၁နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ခလရ ၄၇ တပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲနဲ့အကြောင်းမဲ့ လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် ကောင်ဂျာကျေးရွာနေ ဦးလမာတူးရဲ့ ဇနီးဖြစ်သူ အသက် ၅၀ နှစ်အရွယ်အမျိုးသမီး တစ်ဦးလက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၂၅ ဝန်းကျင်အရွယ် ကလေးအမေတစ်ဦးနဲ့ လက်နက်ကြီးထိမှန်ပြီးထိခိုက်ဒဏ်ရာ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး ထိုးစစ်ရှိန်မြင့်လာတာနဲ့အမျှ လက်ရှိ ဗန်းမော်ခရိုင်တွင်းမှာရှိတဲ့ မြို့နယ်တွေမှာဖြစ်တဲ့ ဗန်းမော်မြို့နယ်၊မိုးမောက်မြို့နယ်၊မံစီမြို့နယ်နဲ့ရွှေကူမြို့နယ်တွေမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်စခန်းအများအပြားကိုလည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ By – Hope

    Read More »
  • 20 March
    သတင်း

    ပင်းဘောမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့ SNA  တပ်အင်အားဖြည့်နေ

    မိုးကောင်းမြို့နယ် ပင်ဘောကျေးရွာမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SAN တပ်တို့ အင်အားဖြည့်နေတယ်လို့ ပင်းဘောဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၈ ရက်နေ့ကစပြီး ပင်းဘောရွာမှာရှိတဲ့ ဓမ္မရာဇိက အောင်တော်မှုစေတီတော်မြတ်ကြီးရဲ့ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော်မင်္ဂလာကို…

    Read More »
  • 8 March
    သတင်း

    ရွှေမြစ်ဆုံဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေအပါအဝင် တည်းခိုနေတဲ့ဧည့်သည်တွေအားလုံး စစ်တပ်ဖမ်းဆီးသွား

    ဗန်းမော်မြို့ သာစည်ရပ်ကွက်မှာရှိတဲ့ ရွှေမြစ်ဆုံဟိုတယ်က ဟိုတယ်ပိုင်ရှင်နဲ့ဝန်ထမ်းများအားလုံးအပါအဝင် ဟိုတယ်မှာလာရောက်တည်းခိုနေတဲ့ဧည့်သည်တွေကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ မတ်လ ၈ ရက်နေ့ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲမှာရှိတဲ့ ဟိုတယ်၊တည်းခိုခန်းအားလုံးရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် မြစ်ဆုံဟိုတယ်က တည်းခိုကိုဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက KNG ကိုပြောပါတယ်။ “အရင်ဆုံးက ဟိုတယ်က ဝန်ထမ်းယောကျာ်းလေး ၃ ယောက်အရင်ဖမ်းသွားတာ တအောင့်နေတော့ ပြန်လာပြီး အားလုံး ယောကျာ်းလေးမှန်သမျှ ဝန်ထမ်းရော တည်းခိုတဲ့ဧည့်သည်ယောကျ်ားလေးတစ်ယောက်မကျန်ဖမ်းသွားတယ်လို့ သိရတယ်။ နေ့လည် ၁၂ နာရီကနေ တစ်မြို့လုံးမှာရှိတဲ့ ဟိုတယ်၊တည်းခိုခန်းအားလုံကိုစစ်တာတဲ့ ဒါပေမယ့် ကျန်တဲ့ဟိုတယ်တွေက ဖမ်းဆီးတာမကြားမိဘူး မြစ်ဆုံဟိုတယ်တစ်ခုတည်းကိုဘဲ ရွေးပြီးဖမ်းသွားတာလို့ သိရတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြို့ထဲမှာရှိတဲ့ ဟိုတယ်အားလုံးကိုစစ်ဆေးခဲ့ပေမေယ့်  ရွှေမြစ်ဆုံဟိုတယ်က ဝန်ထမ်း၊ဧည့်သည်တွေကိုသာ စစ်ဆေးဖမ်းဆီးသွားတာဟာ မင်္သကာတာတစ်ခုခုရှိနိုင်တာကြောင့်ဖြစ်နိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဖမ်းဆီးခံသွားရသူတွေရဲ့ လူဦးရေစာရင်းတိတိကျကျကိုလည်းမသိရသေးတဲ့အပြင် လက်ရှိချိန်ထိဘယ်နေရာမှာထိန်းသိမ်းထားလဲဆိုတာကိုလည်း မသိရသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ မနေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်လမ်းတစ်လျှောက် စစ်တပ်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်တွေဘက်က စခန်းသိမ်းစစ်ဆင်ရေးလုပ်ဆောင်နေပြီး စစ်တပ်စခန်းအများအပြားကိုလည်း KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိိုက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ ကြိုတင်ပြင်ဆင်နေတာဖြစ်သလို ဗန်းမော်မြို့ထဲကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်နေပြီဆိုတဲ့ သတင်းတွေရရှိထားတာကြောင့် ခုလိုလိုက်လံစစ်ဆေးဖမ်းဆီးတာတွေလုပ်နေတာဖြစ်တယ်လို့လည်း ဗန်းမော်ဒေသခံတွေကပြောဆိုနေကြပါတယ်။ “ခုတိုက်ပွဲက နီးလာတော့ ဗန်းမော်မြို့ထဲတပ်ကလည်း ၂ ရက်ရှိပြီ လက်နက်ကြီးနဲ့ထုနေတာ ပစ်လိုက်နားလိုက်နဲ့ ခုလည်း မြို့ထဲ PDF တွေဝင်နေပြီဆိုတဲ့သတင်းမျိုးကြားတာထင်တယ် စစ်ဆေးတာတွေဆက်တိုက်လုပ်နေတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့တက္ကသိုလ်ကျောင်းက ဝန်ထမ်းတွေနဲ့ကျောင်းသား၊သူတွေကိုလည်း မနေ့ညမှာ နေရာပြောင်းရွှေ့ထွက်သွားခိုင်းပြိးနောက် စစ်တပ်က ကျောင်းမှာတပ်စွဲနေပြီလို့လည်း သိရပါတယ်။ လက်ရှိ ဗန်းမော်မြို့နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ မိုးမောက်မြို့ဘက်ကိုလည်း KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ By – Alaxia

    Read More »
  • Feb- 2024 -
    21 February
    သတင်း

    စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ ကောလင်းမြို့ပေါ်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရ

    စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ်က နေအိမ်တွေကို စစ်တပ်က နေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး အရပ်သားတွေလည်း ဘေးလွှတ်ရာမှာ ဆက်လက်တိမ်းရှောင်နေရတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်တွေဟာ ကောလင်းမြို့ကို စစ်ကောင်စီတပ်ဆီ ပြန်လက်လွှတ်ခဲ့ရပြီး အဲ့ဒီနေ့ကစပြီး နေ့တိုင်းလိုလို မြို့ပေါ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ပြောပါတယ်။ “သူတို့မြို့ထဲကို စဝင်ပြီဆိုကတည်းကစရှို့နေတာပါပဲ မြို့လယ်ခေါင်ကအိမ်တွေကို ဖျက်တာတွေလည်းဖျက်ရှို့တာတွေလည်းရှို့ပေါ့ နေ့တိုင်းကိုရှို့တာ မီးခိုးတွေမြင်နေရတာ မြို့ထဲကိုတော့လုံးဝ ကပ်မရလို့ အခြေနေအသေးစိတ်တော့မသိပါဘူး”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့နေအိမ်တွေမှာ ကျန်နေတဲ့အဖိုးတန်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို ဝန်းသိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေဆီ ကားတွေနဲ့သယ်ယူတာတွေပါလုပ်နေတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ကောလင်းမြို့နယ်က ဒေသခံတွေဟာလည်း ကောလင်းမြို့နယ်ထဲက ဘေးလွှတ်ရာရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံတွေကလည်း မြို့ထဲကို ပြန်မဝင်နိုင်ကြသေးဘူးလို့ပြောပါတယ်။ “စစ်တပ်က မြို့ကိုဖျက်ဆီးမီးရှို့နေတော့ အရပ်သားတွေကမဝင်ပါဘူး သူတို့ကပြီးရင် လိုချင်တဲ့ ပစ္စည်းတွေကို သယ်ပြီးတော့ ဝန်းသိုဘက်ကို ခိုးထုတ်နေတာ ပြည်သူကတော့ သူတို့ခေါ်ခေါ် မခေါ် ခေါ် ဝင်မယ်မထင်ဘူး ဝင်တာလည်းမတွေ့သေးဘူး” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ ကောလင်းစစ်ဘေးရှောင်တွေဟာ ဘေးလွှတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်ကြရင်း တိုက်ပွဲကျန် လက်နက်ကြီးကျည်တွေနဲ့ မိုင်းတွေကြောင့် သေဆုံးတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကဆိုရင် ကောလင်းမြို့ပေါ်ကနေ စစ်ဘေးရှောင်ဖို့ထွက်လာတဲ့ သားအမိနှစ်ယောက်မိုင်းထိပြီး အမေဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဒေါ်ချစ်ရီ နေရာမှာတင် ပွဲချင်း ပြီးသေဆုံးခဲ့ရတယ်လို့ Kawlin Revolution KR က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။ By – အမိုး

    Read More »
  • 20 February
    သတင်း

    မံစီမြို့ထဲ စစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံး

    ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ပစ်ခတ်လို့  ကလေးတစ်ဦးအပါအဝင် နောက်ထပ်အမျိုးသားတစ်ဦး နှလုံးဖောက်သေဆုံးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၉  ရက်နေ့ မနေ့ည ၇ နာရီဝန်းကျင် ဗန်းမော်မြို့အခြေစိုက် ခလရ ၄၇ တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး…

    Read More »
  • 13 February
    သတင်း

    အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးသေဆုံးမှု ပိုမိုမြင့်တက်လာ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အမျိုးသမီးတွေ သေဆုံးမှုတွေ ပိုမိုမြင့်တက်လာသလို အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ နိုင်ငံရေးအကြပ်အတည်းကာလမှာ အမျိုးသမီးတွေဟာအဘက်ဘက်ကနေ ထိခိုက်နစ်နာဆုံးရှုံးတွေမှုအများဆုံးခံနေရတဲ့အပြင် အသက်အန္တရာယ်သေဆုံးတဲ့ အထိဖြစ်လာနေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူ ဆရာမ လီလီက KNG ကိုအခုလိုပြောပါတယ်။ “ဘာလို့လဲဆိုရင် ဒီစားဖို့သောက်ဖို့ အသက်ရှင်ရပ်တည်ဖို့အတွက် ဝင်ငွေရဖို့ လုပ်ငန်းရဖို့အတွက်ဆိုတာဟာ ခက်ခဲလာတဲ့အခါမှာ လူသားတွေက လူသားမဆန်တော့ဘူးဘဲ ဘာမဆိုလုပ်လာရဲတဲ့အခါမှာ ပိုပြီးတော့မှအားနည်းပြီး ဖိနှိပ်ခံဖြစ်တဲ့ အမျိုးသမီးတွေပြီးတော့ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသူအမျိုးသမီးတွေဟာ ကိုယ့်ရဲ့ ရွှေငွေပစ္စည်းဆုံးရှုံးရတဲ့အပြင် အသက်အန္တရာယ်ထိပါ ထိးပါးလာတဲ့အခြေအနေ ရှိသွားတာပေါ့နော်” လို့ပြောပါတယ်။ ဒ့ါအပြင် အမျိုးသမီးတစ်ယောက် သတ်ဖြတ်ခံရတာဖြစ်ဖြစ်၊ မတရားအနိုင်ကျင့်ခံရတာမျိုးဖြစ်ဖြစ် ကြုံလာတဲ့အခါ တရားရင်ဆိုင်ပေမဲ့ ကျူးလွန်သူတွေဘက်က အမှုနိုင်တာမျိုးတွေရှိနေတာတွေကြောင့် တရားရုံးဟာ ကိုယ့်ဘက်ကို ရပ်တည်ပေးနိုင်တဲ့ နေရာမဟုတ်ဘူးဆိုတာ သိလာရတာလည်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကိုယ့်ရပ်ရွာဒေသမှာ အခြေအနေအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်ရမယ်ဆိုရင်တောင် အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ တာဝန်ယူလုပ်ဆောင်ရတာတွေများတဲ့အတွက် လက်နက်ကြီးထိမှန်တာတွေ အများဆုံးခံရတာလည်းဖြစ်လာနေတယ်လို့ သူကဆက်ပြောပါတယ်။ “ကိုယ့်ရွာမှာ လာပစ်လာပြီဆိုရင် မြန်မြန်ပြေးဖို့ သူ့မှာ ကလေးတွေ၊ ဉပမာ နို့စို့ကလေးကိုလည်း သူကြည့်ရတယ်၊ ကလေးကိုချီရတယ်၊ ဟိုလုပ်ဒီလုပ်နဲ့ လုပ်နေရတာတွေများတယ်၊ ပြီးတော့ တစ်ချို့ကျတော့လည်း ကလေးတစ်ဖက်၊ ကိုယ်ဝန်တစ်ဖက်နဲ့ အဘိုးအဘွားတွေကို ပြန်ခေါ်နေရတာနဲ့ မြန်မြန်လုံခြုံတဲ့နေရာမရောက်နိုင်တော့ စစ်တပ်လက်ထဲရောက်သွားတာမျိုး၊ လက်နက်ထိတာတွေက သူတို့ကြုံရဖို့ အများဆုံးဖြစ်ပြီးတော့ ထိခိုက်သေဆုံးတာတွေဖြစ်ရတယ်ဆိုတာကို ပိုတွေ့ရတယ်ပေါ့နော်” လို့ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ နည်းမျိုးစုံနဲ့ တိုက်ခိုက်တာတွေကြောင့် အမျိုးသမီးသေဆုံးမှုတွေ ပိုမြင့်တက်လာနေတဲ့အကြောင်း အမျိုးသမီးများဆိုင်ရာ အချက်အလက်တွေကနေ သိရပါတယ်။ နိုင်ငံကို အုပ်ချုပ်တဲ့သူတွေဟာ ပြည်သူတွေအပေါ် တာဝန်ယူမှုမရှိတာ၊ လုံခြုံမှုမပေးနိုင်တာ၊ တိုးတက်အောင်မြင်အောင မလုပ်ပေးနိုင်ရင် အစိုးရဆိုတဲ့နေရာမှာ မနေသင့်ဘူးလို့ အမျိုးသမီးနဲ့ကလေးသူငယ် အရေးလှုပ်ရှားသူ ဆရာမ မွန်းနေလီက KNG ကိုပြောပါတယ်။ “ပြောရမယ်ဆိုရင် စစ်အစိုးရအုပ်ချုပ်တာဖြစ်ဖြစ်၊ ပြည်သူတွေကို တာဝန်ယူပြီး ငါကအုပ်ချုပ်နေတာဆိုပြီးအဲ့နေရာမှာ ရှိနေတဲ့သူက တာဝန်အရမ်းကြီးတာဟုတ်တယ်။ အခုကျွန်မတို့ နိုင်ငံမှာ ဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး၊ ကလေး၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာက အစိုးရဆိုပြီးခံယူထားတဲ့သူတွေကိုယ်တိုင် ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ ဉစ္စာပစ္စည်းတွေကို ဖျက်ဆီးတာတွေ၊ ဒီလိုဖြစ်စဉ်တွေကြောင့် ပြည်သူတွေ ပိုပြီးထိခိုက်လာရတာဖြစ်တယ်” လို့ပြောပါတယ်။ ခုလို စစ်တပ်ဘက်က ပြည်သူတွေအပေါ် မတရားသတ်ဖြတ်တာ၊ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေဟာ လူအခွင့်အရေးဆိုင်ရာဘက်ကနေ ကြည့်ရင်တောင် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု ဉပဒေရှိသမျှကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ စစ်တပ်ကဖမ်းဆီးထားတဲ့ အမျိုးသမီး ၃၂၉၉  သေဆုံးသူ ၇၅၄ ဦးထိရှိလာပြီဖြစ်သလို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ၂၆ ရက်အတွင်း အမျိုးသမီးသေဆုံးသူ ၅၉ ယောက်ထိရှိခဲ့ပြီးတော့ အဲ့ဒီသူတွေဟာ စစ်တပ်ဘက် အရပ်သားနေအိမ်တွေကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသမီးသမ္မဂအဖွဲ့က ဖေဖော်ဝါရီလ လဆန်းပိုင်းမှာထုတ်ပြန်ထားပါတယ်။ ဒီသေဆုံးမှုစာရင်းထဲက အများဆုံးဟာ စစ်ကိုင်းတိုင်းထဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ အလားတူဘဲ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အမျိုးသမီးတစ်ယောက် ပစ္စည်းလုယက်သတ်ဖြတ်ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာက အမျိုးသမီးတစ်ယောက် စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသလို နောက်ထပ်အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    Read More »
Back to top button