ဖားကန့်

  • Mar- 2024 -
    11 March
    သတင်း

    တာမခံတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးရမိ

    ၁၀ ရက်ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့် တာမခံကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကနေ သေဆုံးသူ ၇၀ ခန့်အထိရှိခဲ့ပြီးတော့ ဖမ်းဆီးရမိသူ ၂၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ “တာမခံတိုက်ပွဲမှာက စစ်ကောင်စီသား…

    Read More »
  • 8 March
    သတင်း

    မှော်စီဆာ နဂါးရေကန်အနီး မိုးကာတဲနဲ့ နေထိုင်ကြတဲ့ သူတွေကို ဖယ်ရှားဖို့ ကျောက်စိမ်းကုမ္ပဏီတွေပြောဆို

    အဲဒီ မိုးကာတဲတွေထိုးတဲ့နေရာတွေဟာ လုပ်ကွက်နဲ့မလွတ်တာကြောင့် လက်ရှိနေတဲ့နေရာကနေ တစ်လအတွင်းပြောင်းရွေ့ခိုင်းနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး က KNGကိုပြောပါတယ်။

    Read More »
  • 5 March
    သတင်း

    တာမခံဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံရွာဘုန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ် အင်အား ၆၀ ဝန်းကျင်ကို KIA,KPDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။…

    Read More »
  • 4 March
    သတင်း

    နမ့်မှော်ကျေးရွာ‌ပြည်သူတချို့ ရွာထဲပိတ်မိနေ

    ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကသိုဏ်းတောင်ခြေမှာရှိတဲ့ နမ့်မှော်ကျေးရွာနေပြည်သူတချို့ တိုက်ပွဲတိမ်းရှောင်လာကြ‌ပေမယ့် အများပိုင်း ရွာထဲပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မတ်လ ၄ ရက်နေ့ နေ့လည်း ၁ နာရီဝန်းကျင် ဖားကန့်–တာမခံသွားလမ်းမပေါ်ရှိ ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းကနေ လက်နက်ကြီးပစ်ခတ်သံ‌ တွေကြားရပြီးနောက်…

    Read More »
  • 4 March
    သတင်း

    တာမခံတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ရွာမီးရှို့ဖျက်ဆီးနေ

    ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ စစ်ကောင်စီတပ်က ရွာထဲကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့အပြင် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၃ ရက်နေ့ မနေ့က မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် ခလရ ၄၂၊ ခလရ ၁၂၊ ခလရ ၇၆ ပူးပေါင်းတပ်တို့ဟာ ဖာကန့်ဘက်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့တာမခံဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဟောင်ပါးအုပ်စု မှော်လုံကျေးရွာအနီး KIA နဲ့ PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်တွေဟာ  တာမခံကျေးရွာထဲကိုဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွာတွင်းဝင်ရောက်နေတဲ့ စစ်ကြောင်းနဲ့ KIA,PDF ပူးပေါင်းတပ်တွေကလည်း မေလ ၄ ရက် ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်ကနေ ရွာထဲမှာနှစ်ဖက်တပ်တိုက်ပွဲထပ်ပြီးဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က KNG ကိုပြောပါတယ်။ “ဒီကနေ့ အခြေအနေက ရွာထဲမှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရှမ်းနီတပ်တွေနဲ့ ပျူစောထီး တပ်တွေက ရွာထဲမှာ မနေ့ကနေ မီးရှို့ပြီး ရှိနေတာကို KIA က ပိတ်ဆို့ပြီး ဝိုင်းရံ တိုက်ခိုက်နေတာဟုတ်တယ်။ တိုက်ပွဲဖြစ်တာက ဒီမနက် ၆ နာရီလောက်ကနေ ဖြစ်တာ။ စစ်တပ်ဘက်ကနေ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို ပွင့်ထုတ်နေကြတယ်။ သေဆုံးတာနဲ့ ပတ်သက်ပြီး အတိအကျပြောဖို့တော့ခက်သေးတယ်”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SAN ပူးပေါင်းတပ်တွေက တာမခံကျေးရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် KIA နဲ့ PDF တပ်တွေက ဒီကနေ့ မနက်ပိုင်းကနေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဆက်ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက တာမခံ ခလရ ၁၁၉ စစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တိုက်ပွဲဟာ ဒီနေ့ချိန်အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တစ်ဖက်မှာ တာမခံဘက်အင်အားဖြည့်စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ KIA,PDF ပူးပေါင်းတပ်ဖွဲ့တစ်ချို့ကလည်း ရွာထဲမှာတိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ ကျေးရွာမီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာ ၃ ပုံတစ်ပုံက မီးလောင်ပျက်စီးသွားပြီး ကျေးရွာအလယ်ပတ်ပတ်လည်လည်ရှိ လူနေအိမ် အများဆုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။ တာမခံကျေးရွာအတွင်း မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေကို ကျေးရွာအနီးတဝိုက်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတစ်ချို့က ရွာထဲဝင်ရောက်ပြီး မီးသတ်ငြိမ်းဖို့ ကြိုးစားနေကြပေမယ့် စစ်ကောင်စီတပ်ဘက်နေ ပိတ်ပင်တားမြစ်ထားတယ်လို့ KIA သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “ဒေသခံတွေက ရွာထဲကို ဝင်ပြီး သူတို့ရဲ့ မီးလောင်နေတဲ့ အိမ်တွေကို သတ်ငြိမ်းဖို့ ပြောကြလို့ မီးသတ်ကားတွေနဲ့ ဝင်ခိုင်းတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကနေ ရွာထဲကို လုံးဝမဝင်ခိုင်းဘူး။ ဝင်လာတဲ့ သူတွေကို သတ်မယ်လို့ ပြောတယ်။ အဲဒါကြောင့် ရွာသားတွေကလည်း ဘယ်သူမှ မဝင်ရဲကြဘူး။ မီးက ဒီအတိုင်းလောင်နေတာ” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက တာမခံတပ်စခန်းကို လက်မလွတ်ရအောင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ နောက်ပိုင်း နေ့တိုင်းတိုင်းလိုလို လာရောက်ဗုံးကျဲတိုက်ခိုက်နေပြီး ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ တာမခံတပ်စခန်းမှာ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာရှိသလို တာမခံစစ်ကောင်စီတပ်စခန်းကိုလည်း KIA ဘက်ကနေ ဝိုင်းရံပိတ်ဆို့နေဆဲဖြစ်တာကြောင့် နေတိုင်းပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။ လက်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်တွေက တာမခံ ရဲစခန်းတစ်ခုတည်းကိုသာ သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ခမရ ၁၁၉ တပ်စခန်းကိုတော့ စစ်ကောင်စီဘက်က  အဆက်မပြတ်လေကြောင်းတိုက်ခိုက်နေတကြောင့် သိမ်းပိုက်နိုင်းခြင်းမရှိသေးတဲ့အခြေအနေဖြစ်နေပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ တာမခံဒေသခံ ၅၀၀၀ လောက်က ဟောင်ပါးအုပ်စုထဲမှာရှိတဲ့ ကျေးရွာတစ်ချို့နဲ့ ဖားကန့်မြို့ပေါ်ထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းဝင်းနေရာတွေမှာ ခက်ခက်ခဲခဲ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Feb- 2024 -
    27 February
    သတင်း

    တာမခံ တပ်စခန်းကိုအပြီးသတ်သိမ်းပိုက််ပြီး စစ်တပ်ဘက် သေဆုံးမှုများ

    ဖားကန့်မြို့နယ် တာမခံကျေးရွာ နန့်ရေတောင်ကုန်းမှာရှိတဲ့ ခမရ ၁၁၉ စစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်သေဆုံးမှုတဲ့အပြင် အရှင်ဖမ်းမိတာတွေလည်းရှိတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ နန့်ရေတောင်တပ်စခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄…

    Read More »
  • 27 February
    သတင်း

    တာမခံ ရဲစခန်း KIA နဲ့ PDF သိမ်းပိုက်နိုင်

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာထဲက စစ်ကောင်စီတပ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကုန်းကိုသိမ်းပိုက်နိုင်ဖို့ ဆက်ပြီးတိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ တာမခံကျေးရွာ အထက်တန်းကျောင်းအနီးက တောင်ကုန်း ဒေသအခေါ်(နန့်ရေတောင်ကုန်း)…

    Read More »
  • 26 February
    သတင်း

    နန့်ရီတောင်ကုန်းမှာရှိတဲ့ စစ်တပ်စခန်း KIA ပူးပေါင်းတပ် တိုက်ခိုက်နေ

    ဖားကန့်မြို့နယ်ရှိ တာမခံကျေးရွာမှာ ဒီနေ့ညနေပိုင်းကစပြီး ကချင်လွတ်‌လပ်ရေးတပ်မ တော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ‌၂၆ ရက်နေ့ ညနေ ၅…

    Read More »
  • 17 February
    သတင်း

    ဖားကန့်သွားလမ်းမှာ စစ်တပ်က တပ်သားသစ်ဖမ်းဆီးတာတွေစနေပြီလို့ဆို

    မြစ်ကြီးနား – ဖားကန့်သွားလမ်း တစ်လျှောက်စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က ခရီးသွားပြည်သူတွေကို တပ်သားသစ်အဖြစ် ပေါ်ပေါ်တင်တင်ဖမ်းဆီး ခေါ်ဆောင်တာတွေ စလုပ်နေပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ  ၁၆ ရက်နေ့ မနေ့မနက် ၁၀ နာရီဝန်းကျင် မြစ်ကြီးနား– ဖားကန့်သွားလမ်း…

    Read More »
  • 13 February
    သတင်း

    ဖားကန့်လမ်းပိုင်းမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိတယ်လို့ ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် ကားလမ်းပိုင်းကို ဒီကနေ့ ပြန်ဖွင့်ပေးလိုက်ပြီး ကားလမ်းပိုင်းမှာ အမျိုသားတစ်ယောက် သေဆုံးနေတဲ့ ရုပ်အလောင်းလည်း တွေ့ရှိရတယ်လို့ ဖားကန့် ဒေသခံတွေဆီးက သိရပါတယ်။ “အလောင်းကဦးနောက်တွေပွင့်ထွက်နေတယ်ပြောတယ်။ အမျိုးသားတဲ့ အသက်က ၃၀ ဝန်းကျင်…

    Read More »
Back to top button