ရွှေကူ

  • Sep- 2023 -
    6 September
    သတင်း

    ရွှေကူမြို့ထွေအုပ်ရုံး ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒီကနေ့တစ်ရက်ထဲ ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ထွေအုပ်ရုံးကို KPDF တပ်ရင်း ၅ တပ်ဖွဲ့က ဒီနေ့ ၁၁ နာရီလောက်မှာတစ်ကြိမ် ၁၁ နာရီ ၄၂ မိနစ်မှာ တစ်ကြိမ် ၂ ကြိမ်တိတိ…

    Read More »
  • 4 September
    သတင်း

    ရွှေကူရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ထပ်ပြီးပစ်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မြို့မရဲစခန်းကို ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  K-PDF ဘက်က ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသခံတွေက ပြောပါတယ်။ အမှတ် ၄ရပ်ကွက်မှာရှိတဲ့ အဲဒီမြို့မရဲစခန်းကို KPDF တပ်ရင်း ၅ တပ်ဖွဲ့တွေက စက်တင်ဘာ ၃ရက်နေ့ မနေ့က မနက်ပိုင်းမှာတစ်ကြိမ်နဲ့ စက်တင်ဘာလ ၄ ရက် ဒီမနက် ၇နာရီမှာတစ်ကြိမ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း ရွှေကူ K- PDF တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။ “အဓိက သူတို့ဘက်က တစ်ခုခုလုပ်နေမှမဟုတ်ဘူးကွာ တော်လှန်ရေးလုပ်နေပြီဆိုကတည်းက ကျွန်တော်တို့ဘက်ကတော့…

    Read More »
  • Aug- 2023 -
    31 August
    သတင်း

    ရွှေကူ ကျောက်ကြီးတပ်စခန်းက‌နေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ မှာတပ်စွဲထားတဲ့ ခလရ ၇၇ အထိုင်တပ်စခန်းနဲ့ ရဲစခန်းကို မြို့လှ K- PDF တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်က ၅ ယောက်သေဆုံးပြီး ၆ ‌ယောက် ဒဏ်ရာပြင်းထန်ရရှိတယ်လို့ မြို့လှ K- PDF က…

    Read More »
  • 17 August
    သတင်း

    ရွှေကူနယ် ဇင်းဘုံမှာတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အထက် ဇင်းဘုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံးပြီး အထိနာနေတာကြောင့်ဇင်းဘုံရွာကိုလည်း ဝင်ရောက်မီးရှို့နေတယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။ သြဂုတ် ၁၆ရက်နေ့ မနက်ပိုင်း ရွှေကူဘက်နေ ဗန်းမော်ဘက်ကိုဆန်တက်သွားတဲ့ စစ်သဘော် ၉ စီးကိုရေကြောင်းလုံခြုံရေးပေးဖို့ အင်အား ၁၀၀ လောက်နဲ့ သြဂုတ် ၁၁ ရက်နေ့ကတည်းက ဇင်းဘုံကျေးရွာမှာဝင်ရောက်တပ်စွဲနေတဲ့စစ်ကောင်စီတပ်နဲ့ KIA ၊ PDF တို့ကြား…

    Read More »
  • 16 August
    သတင်း

    စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီး ရွှေကူကနေထွက်ခွာပြီး နာရီဝက်အကြာ ရွှေကူရဲစခန်း ဒရုန်းနဲ့ပစ်ခံရ စခန်းမှူးနဲ့ရဲမေတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်

    ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကဒ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘော ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ ဗန်းမော်ဘက်ကို ဆန်တက်သွားပြီးနောက် နာရီအကြာမှာ ရွှေကူမြို့မရဲစခန်းကို KIA,PDF တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ရဲစခန်းမှူးတစ်ဦးနဲ့ ရဲမေတစ် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်ရဲ့သင်္ဘော ၉ စီးဟာ ဩဂုတ်လ ၁၆ ရက်နေ့ ဒီနေ့မနက် ၉ နာရီလောက်မှာ ဆန်တက်နေချိန် တစ်ဆက်တည်းမှာဘဲ ရွှေကူမြို့မရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ဗုံး ၄ လုံးပစ်ခံရပြီး ရဲစခန်းမှူးတစ်ဦး ဝမ်းဗိုက်ထိမှန်ထားတဲ့အပြင် ရဲမေ တစ်ဦးလည်း ခြေထောက်ထိမှန်သွားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ရွှေကူမြို့ခံတစ်ဦးက KNG ကိုပြောပါတယ် “သင်္ဘောထွက်ပြီး မကြာဘူး ဒီဘက်ရဲစခန်းလာပစ်ကြပြီ ဒရုန်းနဲ့ ၄ ကြိမ်လာပစ်တယ်။ဒရုန်းနဲ့က ၂ ကြိမ် တစ်ကြိမ်ပစ်ရင် ၂ လုံးလာချတာ ပထမတစ်ကြိမ်တော့ ရဲစခန်းရုံးထဲကျတာ နောက်တစ်ကြိမ်က ရဲစခန်းဝင်းမှာဘဲ ပျူတွေနဲ့စစ်သားတွေနေတဲ့ချိန်ချတာဟုတ်တယ်။ ခုအတွင်းသတင်းအရ စခန်းမှူးဗိုက်ထိထားတယ် ပြောတယ် ရဲမေက ခြေထောက်တဲ့ ဟိုဘက် ပျူတွေနေတဲ့ဘက်ထိခိုက်မှုအခြေနေတော့ စုံစမ်းတုန်း”လို့ပြောပါတယ်။ ရွှေကူမြို့မရဲစခန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း မကြာခနပစ်ခတ်ခံနေရတာကြောင့် ရဲဝန်ထမ်းမိသားစုတွေဟာ ညဘက်တွေမှာ တပ်စခန်းထဲပြောင်းအိပ်နေပြီး ရုံးတက်ချိန်သာ လာရောက်ရုံးတက်နေတာဖြစ်တဲ့အတွက် ရွှေကူရဲစခန်းမှာတော့ ပျူစောထီးတွေနဲ့စစ်သားတွေ ညအိပ်စောင့်ပေးကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရဲ့စခန်းဝင်းထဲမှာ ညအိပ်စောင့်ပေးတဲ့ စစ်သားတွေနဲ့ ပျူအဖွဲ့လည်းရှိနေတာကို သိရှိထားတဲ့ ကာကွယ်ရေးတပ်တွေဟာ ရဲစခန်းဝင်းထဲမှာဘဲ ၂ နေရာလာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အလားတူ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ရွှေကူကနေ ထွက်ခွာချိန် ရွှေကူထဲမှာ ခုရက်ပိုင်းဖမ်းဆီးထားတဲ့အရပ်သားတွေနဲ့အတူ အရင်ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ကျဉ်းသားအပါအဝင် စုစုပေါင်းအရပ်သား ၃၀ ကျော်ကိုလည်း စစ်သင်္ဘောထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်လို့လည်း မျက်မြင်တွေ့တဲ့ရွှေကူ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဟိုအရင်ကတည်းက ဖမ်းထားတဲ့ ရွှေကူမြို့ထဲက စိုးနိုင်ကြွယ်ကုန်စုံဆိုင်ပိုင်ရှင်လည်းပါတယ် ဖမ်းခေါ်သွားတဲ့ထဲမှာ သင်္ဘောပေါ်တက်တဲ့ချိန် လက်နောက်ပြန်ကြိုးချည်ပြီး ခေါ်သွားကြတာ အယောက် ၃၀ ကျော်တော့ ရှိမယ် ခုရက်ပိုင်း ပြန်ဖမ်းထားတဲ့ဟာတွေရောဆို”လို့ ပြောပါတယ်။ ဖမ်းဆီးခေါ်ခံသွားရသူတွေဟာ နိုင်ကျဉ်းသားတစ်ချို့အပါအဝင်ဩဂုတ်လ ၈ ရက်နေ့ ဧရာဝတီမြစ်ကမ်းနံဘေးက ရွှေကူလေး၊ရွှေဘုံသာ၊ငပေါက်ဝရွာက လိုက်လံဖမ်းဆီးထားတဲ့ ဒေသခံအများဆုံးပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် အဲဒီသင်္ဘော ၉ စီးဟာ ဝဲမရွာနဲ့ ဇင်းဘုံရွာကြားမှာ KIA တပ်ရင်း ၅ နဲ့ ၁၂ အဖွဲ့နဲ့ ရွှေကူ ကာကွယ်ရေးတပ်တွေက ၁၀၇ မမ ၁၀ ချက်ထက်မနည်း လက်နက်ကြီးတွေနဲ့ကြားဖြတ် ပစ်ခတ်တိုက်ခိုက်တာခံလိုက်ရပြီး သင်္ဘောတစ်စီးထိမှန်သွားတယ်လို့ ရွှေကူကာကွယ်ရေးတပ်တွေက အတည်ပြုပြော ဆိုပါတယ်။ “သင်္ဘောတွေ ၉ စီးလုံးတက်လာပြီလေ အဲတာကို မနက် ၁၁ နာရီလောက်မှာ ဒီဘက်က KIA,PDF ပူးပေါင်းတပ်တွေက ဇင်းဘုံနားမှာ လက်နက်ကြီးနဲ့လှမ်းထုတာ သင်္ဘောတစ်စီးပျက်သွားတယ်။ အဲဒီသင်္ဘောကို ကြိုးနဲ့တွဲပြီး တက်သွားနေပြီ”လို့ ရွှေကူ ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၉ စီးဆက်လက်ဆန်တက်နေပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းကနေပါ ဂျက်ဖိုက်တာ တစ်စီး စစ်ရဟတ်ယဉ်တစ်စီးနဲ့ မကြာခနကင်းထောက်ပေးနေတယ်လို့လည်း သိရပါတယ်။ ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်နေတဲ့စစ်ကောင်စီတပ်တွေရဲ့ သင်္ဘောပစ်ခတ်ခံနေရသလို ရွှေကူမမြို့မရဲစခန်းလည်း ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် လက်ရှိရွှေကူမြို့နယ် ရဲစခန်းဘက်လမ်းတွေမှာ လမ်းတွေပိတ်ထားပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့လာရောက်ကင်းထောက်နေကြောင်း ရွှေကူကာကွယ်ရေးတပ်နဲ့နီးစပ်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ရဲစခန်းကိုလာတိုက်တာ KIA နဲ့မြို့လှ PDF အဖွဲ့ ပြီးတော့ သင်္ဘောကြားဖြတ်ပစ်တာက KIAနဲ့ ရွှေကူ PDF တွေဟုတ်တယ် ဒီနေ့အဖို့တော့ ရဲစခန်းမှာလည်းတိတ်နေတာဘဲ”လို့ ပြောပါတယ်။ ဗန်းမော်ဘက်ကို  ဆက်လက်ဆန်တက်နေတဲ့စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီးမှာ စစ်လက်နက်ရိက္ခာတင်တဲ့သင်္ဘော ၇ စီးပါဝင်ပြီး စစ်အင်အား တင်ဆောင်ထားတဲ့သင်္ဘော ၂ စီးဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအထက်ပိုင်းကို စစ်အင်အား၊စစ်လက်နက်ရိက္ခာတွေပို့ဆောင်ရာမှာ ကုန်းကြောင်းကနေတိုက်ခိုက်ခံရမှုမှာအထိနာနေတဲ့အတွက် ရေကြောင်းကို သွင်သွင်ကျယ်ကျယ်အသုံးပြုနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ် သင်္ဘောဆန်တက်ချိန်တိုင်း မြစ်ကမ်းဘေးတစ်လျှောက်မှာနေထိုင်နေတဲ့ အရပ်သားပြည်သူတွေဟာ စစ်တပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေကြောင့်ကျေးရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိစစ်ကောင်စီတပ်ရဲ့သင်္ဘောဆန်တက်နေတဲ့အတွက် ရွှေကူနယ်တစ်ဝိုက်မှာတော့ ရွာပေါင်း ၁၀ ရွာက ပြည်သူ ရာနဲ့ချီထွက်ပြေးနေရဆဲလည်းဖြစ်ပါတယ်။

    Read More »
  • 11 August
    သတင်း

    ရွှေကူ အရှေ့ဘက်ခြမ်း မီးသွေးချောင်းအနီးမှာ စစ်ကောင်စီနဲ့ KIA ၊ PDF တို့တိုက်ပွဲဖြစ်

    ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်း မီးသွေးချောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား ယနေ့ မနက်ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ် တပ်မ ၇၇ နှင့် ခလရ ၁၀ ပူးပေါင်းစစ်အင်အား ၁၀၀ ကျော်ဟာ…

    Read More »
  • 9 August
    သတင်း

    ရွှေကူမှာ ရွာပေါင်း ၈ ရွာက ပြည်သူရာချီစစ်ရှောင်နေရ  

    ကချင်ပြည်နယ် ရွှေကူမြို့အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းဝင်ရောက်ထိုးဝင်လာတဲ့အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့သိရပါတယ်။ လက်ရှိမှာ နောင်မိုရွာထဲကို မနေ့က ရေကြောင်းနဲ့ဝင်လာတဲ့ အင်အား ၇၀ ကျော်စစ်ကြောင်း နဲ့ ဒီနေ့မနက် ဝင်းမာရွာကိုကုန်းကြောင်းနဲ့ ဝင်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းတွေကြောင့် ဧရာဝတီမြစ်တစ်ဖက်က ဇင်းဘုံ၊ ရေလှဲ၊ ဆင်တပ်၊ နောင်မို၊ သဘော်အင်းစတဲ့ကျေးရွာတွေ တိမ်းရှောင်နေရပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာတော့…

    Read More »
  • 7 August
    သတင်း

    ရွှေကူမှာ စစ်သင်္ဘောဆိုက်ခါနီး လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ ရေလဲရွာက အမျိုးသမီးတစ်ဦးကျည်ထိမှန်  

    ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ ရွှေကူ သင်္ဘောဆိပ်မှာ စစ်သဘော် ၉ စီး ဆိုက်ကပ်ခါနီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်လာတဲ့အတွက် ရေလှဲရွာက အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “သင်္ဘေက ခုရွှေကူရောက်သွားပြီလေး ဆိပ်ကမ်းရောက်ခါနီး ရေလှဲဘက်ကိုလက်နက်ကြီးတွေပစ်နေတာ ရေလှဲရွာကတော့ အမှုန့်ဖြစ်ပြီလားမသိဘူး။အမျိုးသမီးတစ်ယောက်ထိတယ်လို့ သိရတယ် အသေးစိတ်တော့မသိရသေးဘူး ။ ပစ်တာအချက်ပေါင်း ၄၀၊ ၅၀…

    Read More »
  • 3 August
    သတင်း

    ကျောက်ထိုးကြီးရွာက အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်ကမီးရှို့

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ထိုးကြီးကျေးရွာက လူနေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ကနေ ဒီကနေ့မနက်ထိ ၄ ရက်ကြာ တပ်စွဲခဲ့တဲ့စစ်အင်အား ၁၀၀ နီးပါးရှိတဲ့ ခလရ ၁၂၁ တပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့က ကျောက်ထိုးကြီးကျေးကို ၃ ရက်ဆက်တိုက်မီးတင်ရှို့ခဲ့ပြီး စုစုပေါင်းအိမ်…

    Read More »
  • Jul- 2023 -
    25 July
    သတင်း

    ရွှေကူနယ် ကျောက်ကြီးဘက်တက်သွားတဲ့ စစ်ကြောင်းမှာ အရပ်သား ၃၀ ကျော်ပါဝင်

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်ကြီးကျေးရွာဘက်ကိုတက်လာတဲ့ စစ်ကြောင်းမှာ စစ်တပ်ထောက်ခံတဲ့ အရပ်သား ၃၀ ကျော်ဟာ စစ်သားအသွင်ယူပြီးစစ်ကြောင်းမှာပါဝင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ရွှေကူမြို့ကနေ ကျောက်ကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးသွားတဲ့ အင်အား ၈၀ ကျော်ပါတဲ့ ခလရ…

    Read More »
Back to top button