သတ်ဖြတ်မှု
-
Jun- 2023 -27 Juneသတင်း
ရိုက်နက် သတ်ဖြတ်ခံလိုက်ရတဲ့ မန်ပိန်း ဒေသခံအမျိုးသားအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မည်
ရှမ်းမြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာ ဒေသခံအမျိုးသားတစ်ယောက်ကို ကိုးကန့် MNDAA တပ်ဖွဲ့တွေက ရိုက်နှက်သတ်ဖြတ်လိုက်တဲ့အပေါ်မှာ တာဝန်ယူဖြေရှင်းပေးဖို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး တောင်းဆိုတာတွေ ပြုလုပ်သွားမယ်လို့ မန်ပိန်းဒေသခံတွေကပြောပါတယ်။ အဲဒီသတ်ဖြတ်ခံလိုက်ရတဲ့အမျိုးသားဟာ အသက် ၃၈ နှစ်အရွယ် ဦးတူးလွမ်ဆိုသူဖြစ်ပြီး မန်ပိန်းကျေးရွာ သူရဲ့နေအိမ်မှာ ဇွန်လ ၆…
Read More » -
24 Juneသတင်း
ဝက်လက်မြို့နယ် ဒေသခံ၂ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် အနောက်ခြမ်း တကောင်းမင်းကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦး စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်ဟု Wetlet Imformational Network အဖွဲ့ထံမှ သိရသည်။ ဇွန်လ၂၂ရက်နေ့ မနက်ပိုင်း ၉နာရီခန့် ဝက်လက်မြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့များသည် တကောင်းမင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Wetlet Imformational Network မှတာဝန်ရှိသူ တစ်ဦးကပြောသည်။…
Read More » -
16 Juneလူ့အခွင့်အရေးချိုးဖောက်မှု
KIA တပ်သား နှင့် ဇနီး တို့အား သတ်ဖြတ်ခဲ့သူကို အရေးယူနိုင်ရန် KIO ဘက်က လုပ်ဆောင်နေ
မိုးညှင်းမြို့နယ် ဟိုပင်မြို့ အရှေ့ဘက်ခြမ်း KIA တပ်မဟာ ၈ နယ်မြေ၊ တပ်ရင်း ၄၁ ရှေ့တန်း ကင်းစခန်းတစ်နေရာတွင် KIA တပ်သားတစ်ဦးကိုသတ်ဖြတ်ပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို အရေးယူနိုင်ရန် KIO/KIA ဘက်က လုပ်ဆောင်နေသည်ဟု သိရသည်။ သတ်ဖြတ်ခံထားရသော လင်းမယား ၂ ဦး၏ ရုပ်လောင်းကို ဇွန်လ ၁၃ ရက်နေ့ သွားရောက်တွေ့ရှိခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သည့် အသက် ၄၀…
Read More » -
16 Juneသတင်း
သာဇင်ရွာတွင် နေအိမ် ၇၀၀ခန့်မီးရှို့ခံရပြီး အမျိူးသမီးတစ်ဦး မီးလောင်သေဆုံးသည့်အပြင် ဒေသခံ ၃၀ ဝန်းကျင်ဖမ်းဆီးခံထားရ
စစ်ကိုင်းမြို့နယ် သာဇင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၇၀၀ ခန့် မီးလောင်ခဲ့ပြီး ဒေသခံအမျိုးသမီးကြီးတစ်ဦး မီးလောင်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၄ ရက်နေ့ သာဇင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးချိန်တွင် ထွက်မပြေးနိုင်သည့် အမျိုးသမီးမှာ မီးလောင်သေဆုံးခဲ့ရသည့်အပြင် ဒေသခံပြည်သူ ၃၀…
Read More » -
9 Juneသတင်း
ထောက်ပို့အမျိုးသားသုံးဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးခံရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ထောက်ပို့အမျိုးသားသုံးဦး စစ်ကောင်စီတပ်၏ လိုက်လံ ပစ်ခတ်ဖမ်းဆီးမှုကိုခံရပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ အေးမြသာယာရပ်ကွက်မှ ကိုမောင်အေး၊ မော်တောင်းကျေးရွာမှ ကိုသိန်းနှင့် ရှရော်ခါးကျေးရွာမှ ဦးမြင့်လွင်တို့သည် ဇွန်လ ၈ ရက်နေ့ ည ၄ နာရီခွဲအချိန်တွင် မော်တောင်းကျေးရွာဘက်မှ…
Read More » -
7 Juneသတင်း
ရိုက်နက် သတ်ဖြတ်ခံရသည့် အလောင်း ၂လောင်းတွေ့ရှိ၊ တစ်လောင်းတွင် ဓားပြဟုချိတ်ဆွဲထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာဘက်တွင် ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းတွေ့ရှိပြီး တစ်ဦး၏ အလောင်းပေါ်တွင် ဓားပြဟု စာသားချိတ်ထားကြောင်း သိရသည်။ အသက် ၃၀ ဝန်းကျင်ရှိပြီး ရိုက်နက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား…
Read More » -
2 Juneသတင်း
အရပ်သား ၉ ဦး သတ်ဖြတ်ခံရမှု ၄ လကြာတဲ့အထိ KIO ဘက်က အမှုမှန် ဆောင်ရွက်ပေးနိုင်ခြင်းမရှိ
ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးမှာ အရပ်သားပြည်သူ ၉ ဦးသတ်ဖြတ်ခံရတာ ၄ လကြာခဲ့ပေမယ့် တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က ကြန့်ကြာမှုတွေ ရှိနေတယ်လို့ လူထု အမှုမှန် ဆောင်ရွက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေရဲ့ အချက်အလက်တွေကို အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က စုံစမ်းပြီးတော့ KIO/KIA တရားရေးကော်မရှင်ကို တင်ပြရမယ်လို့ ညွန်ကြားထားတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီလကတည်းက…
Read More » -
May- 2023 -31 Mayသတင်း
ဆိုင်းတောင်တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက် သတ်ဖြတ်ခံရ
ဖားကန့်မြို့ ဆိုင်းတောင်(ဆိပ်မူ)ရပ်ကွက်(၁)တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက်မှုဖြစ်ပြီး သတ်ဖြတ်ခံထားရသည်ဟု ဒေသခံများထံမှသိရသည်။ သတ်ဖြတ်ခံရသူသည် အသက် ၅၄ နှစ်အရွယ် သံယောဇဉ်နန်းတော် တည်းခိုခန်းပိုင်ရှင် ဒေါ်သီတာ ဆိုသူဖြစ်ပြီး မေလ ၃၀ ရက်နေ့ညက ၎င်း၏ တည်းခိုခန်းအတွင်းမှာတင်…
Read More » -
Apr- 2023 -29 Aprilသတင်း
တာစန့်ကျေးရွာမှ ရပ်ကွက်မှူးတစ်ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု တာစန့်ကျေးရွာမှ ရပ်ကွက်မှူးအား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လာရောက်ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၈ ရက်နေ့ ၁၁ ဝန်းကျင် တာစန်းကျေးရွာမှ ရပ်ကွက်မှူးဖြစ်သည့် ဦးဇီးလှနူးသည် နေအိမ်အတွင်း ရှိနေစဉ်…
Read More » -
26 Aprilသတင်း
အင်းတော်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ထားသည့် အရပ်သားပြည်သူ ၅ ဦး၏ ရုပ်အလောင်းတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၅ဦး တစ်လကျော်ခန့်အကြာမှ သတ်ဖြတ်ထားသည့် ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။ ပြီးခဲ့သော မတ်လ ၂၄ ရက်နေ့ စစ်အင်အား ၇၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မံဟဲကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဉ် အမျိုးသား…
Read More »









