Covid-19 Reportingသတင်း

ပိုးတွေ့လူနာတည်းခိုခဲ့သော မြစ်ကြီးနား အေးချမ်းသာတည်းခိုခန်း နှင့်ဆက်စပ်ခဲ့သူ ၂၀ ဦးကို Quarantine ထားရှိ

နေပြည်တော်တွင် ပိုးတွေ့ခဲ့သောလူနာ တည်းခိုခဲ့သည့် မြစ်ကြီးနားရှိ အေးချမ်းသာ အဆင့်မြင့်တည်းခိုခန်းနှင့်ပတ်သက်ပြီး လာရောက်တည်ခိုခဲ့သူ ၂၀ ဦးကို မြစ်ကြီးနားမြို့ရှိ သတ်မှတ်ထားသည့် Quarantine Center တွင် ထားရှိပြီဖြစ်ကြောင်း မြစ်ကြီးနားအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထံမှ သိရသည်။

အဆိုပါ တည်းခိုခန်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀ရက်နေ့ထိ လာရောက်တည်းခိုခဲ့သူများကို Quarantine ထားရှိခြင်းဖြစ်ကြောင်း ဆိုသည်။

“ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မနေ့ကမြို့နယ်ရဲမှူး ကိုယ်တိုင်ဖုန်းဆက်လာပါတယ်။ ၁၆ ရက်နေ့က အင်ဂျန်းယန်က ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တစ်ဦးက နေပြည်တော် ရဲတပ်ရင်း (၁၈) ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အပြောင်းအရွှေ့လုပ်ကြတဲ့ခါမှာ မြစ်ကြီးနားမှာ ၁၆-၁၇ နှစ်ည တည်းခိုခန်းမှာ တည်းသွားကြတယ်။ ၁၈ ရက်နေ့ထွက်သွားကြတယ်။ နေပြည်တော်ရောက်တဲ့ချိန်မှာ ရဲတပ်ရင်း ၂၀ မှာ Q ဝင်ပြီး ဆေးစစ်လိုက်တဲ့ချိန်မှာဘဲ Positive တွေ့သွားတာဖြစ်တဲ့အတွက် အဲသတင်းရတာနဲ့ အေးချမ်းသာတည်းခိုခန်းသွားပြီးတော့ စုံစမ်းထားခြင်းဖြစ်တယ်” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

ယင်းတည်းခိုခန်းအား စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကန့်သတ်နယ်မြေဖြစ်သတ်မှတ်လိုက်ပြီး ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ တည်းခိုခဲ့သည့် ဧည့်သည် ၇ဦး အပါအဝင် ဝန်ထမ်း ၇ဦးအား ယင်းတည်းခိုခန်းတွင် Quarantine ထားရှိပြီး၊ ပိုးတွေ့လူနာအား လိုက်လံပို့ဆောင်ပေးခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့မှ ဝန်ထမ်း ၃ဦးကိုမူ မြစ်ကြီးနားတက္ကသိုလ်တွင် ထားရှိပြီး အင်ဂျန်းယန် ကားဂိတ်မှ ဝန်ထမ်း ၂ဦးလည်း Q ထားရှိကြောင်း ၎င်းက ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် စက်တင်ဘာလ ၂၃ရက်နေ့အထိ ဓါတ်ခွဲနမူနာပေါင်း (၇၇၂၄) ရှိကာ၊ ပိုးတွေ့လူနာ ၁၃ ဦးရှိခဲ့ပြီး ယင်း ၁၃ဦးအနက် ၇ဦးသည် ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

Show More

Related Articles

Back to top button