Covid-19 Reportingသတင်း

KIO ထိန်းချုပ်နယ်မြေ အဝင်အထွက်အားလုံး ပိတ်

မြန်မာပြည်တွင် Covid-19 ကပ်ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ရာဒေသသို့ ဝင်ထွက်သွားလာမှုများအားလုံးကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း KIO Covid-19 ကာကွယ်တားဆီးရေးကော်မတီမှ ထုတ်ပြန်ထားသည်။

အစိုးရထိန်းချုပ်နယ်မြေမှ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သောသူများသည် KIO ထိန်းချူပ်ရာဒေသအတွင်း သို့ရောက်လာသောကြောင့် ယခုလိုအဝင်အထွက်ပိတ်လိုက်ခြင်းဖြစ်သည်ဟု KIO Covid-19 ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝေါမ် က ယခုလိုပြောသည်။

“မြန်မာနိုင်ငံအတွင်း ကူဗစ်ကူးစက်လူနာများပြားလာသည် နှင့်အညီ ကိုဗစ်ကူးစက်ခံရတဲ့ လူနာများနှင့် ထိတွေ့ခဲ့တဲ့ မြို့ကြီးတွေကနေ KIO ထိန်းချုပ်ရာဒေသကို တစ်ယောက် နှစ်ယောက် ဝင်လာတဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုထိ ရောဂါကူးစက်မှုလျော့ကျတဲ့အထိ ပိတ်ပင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်လုပ်ဆောင်ရခြင်းဖြစ်တယ်” ဟု ဗိုလ်မှူးကြီး ဟိန်းဝေါမ် က ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မိုင်ဆတ်ပါ (Maisak Pa) ဂိတ်မှတဆင့် KIO နယ်မြေသို့ ဝင်ရောက်လာသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ရောက်ခွင့်မပြုကြောင်း၊ ကုန်ပစ္စည်းသယ်ဆောင်သည့် မည်သည့်ယာဉ်ကိုမျှ ဝင်ခွင့်မပြုကြောင်းနှင့် စားသောက်ဆိုင်များတွင် စုပေါင်းစားသောက်ခြင်းမပြုပဲ ပါဆယ်ထုတ် စနစ်ဖြင့်သာရောင်းချရန် ဟူသည့် အချက် (၃) ချက်ပါရှိသည်။

ထုတ်ပြန်ချက်သည် KIO ထိန်းချူပ်ရာဒေသ မိုင်ဆတ်ပါ ဝင်ပေါက် သာမက မိုင်ဂျာယာန် နှင့် အခြားKIO ထိန်းချုပ်နယ်မြေရှိ ဂိတ်များ အားလုံးအကျူံးဝင် ကြောင်း၎င်းကဆက်ပြောသည်။

အဝင်အထွက် ပိတ်ပင်လိုက်ခြင်းကြောင့် ပြည်သူများအနေဖြင့် စားသောက်ကုန်များ ပြတ်လပ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် တိုက်တွန်းထားကြောင်းဆိုသည်။

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားလာချိန်မှစတင်ပြီး အောက်တိုဘာ ၁ ရက်နေ့အထိ KIO ထိန်းချူပ်ရာဒေသရှိ လူဦးရေ အယောက် ၁၀၀ ကျော်ကို တရုတ်နိုင်ငံအကူအညီဖြင့်စစ်ဆေးခဲ့ပြီး လက်ရှိအချိန်တွင်လည်း ကွာရန်တင်းနေရာ ၄ ခုတွင် လူဦးရေ ၂၀၀ ခန့်ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button