,

Breaking News :

တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်သော်လည်း လူထိခိုက်မှု မရှိ

ပန်ဆိုင်းဘက်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

မူဆယ် မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှေ့က ဆိုင်တန်းလျားမှာ မီးလောင်မှု ဖြစ်ပွား 

အင်ဂွမ်လကျေးရွာ ကျောင်းသား ၁၀၀ နီးပါးခန့်တွင် Covid-19 ကူးစက်ခံရသဖြင့် အကူညီလိုအပ်နေ

တစ်ရက်အတွင်း တနိုင်း-တရုန် လမ်းကြောင်းပေါ် နေရာ ၂ ခုမှာ စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

မူဆယ်မြို့နယ်မှာ တရုတ်ဘက် နယ်နမိတ်ကျူးကျော် သံဆူးကြိုးခတ်လာမှုကို ဒေသခံများ ပြန်လည်ဖျက်ဆီး

နောင်မွန်မြို့  Covid-19 လူများအတွက် အောက်စီဂျင်အိုးများ ထပ်မံ လိုအပ်နေ

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ခံများ ကားနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီး

စစ်ရေးတင်းမာမှုများကြောင့် ဖောင်းဆိုင်ဒေသခံများ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေ

တနိုင်း-ရှင်ဗွေယန် လမ်းမပေါ်  စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

မြစ်ကြီးနား ကားကြီးကွင်းကို အောက်တိုဘာလကုန်ထိ ပိတ်ထားမည်

မြစ်ကြီးနားမြို့ မြစ်ဖျားဧရာကားကြီးကွင်းကို အောက်တိုဘာလကုန်ထိ ပိတ်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့မှစကာ ပိုးတွေ့လူနာထွက်ပေါ်ခဲ့သော မြစ်ကြီးနား ကားကြီးကွင်းတွင် ပိုးတွေ့လူနာများနှင့်ထိစပ်သူများကို ဆက်လက်စုံစမ်း စီစစ်နေသောကြောင့် ကျန်းမာရေးအခြေအနေအရ အောက်တိုဘာလကုန်ထိ ပိတ်ထားမည်ဟု ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးနှင့်ကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။

“ဂိတ်အဝင်အထွက်ပေါက်တွေအားလုံး ပိတ်မယ်။ ဘာဖြစ်လို့လဲဆိုရင် ပိုးတွေ့လူနာက တစ်ရက်တစ်ရက် ကားကြီးကွင်းမှာ ထပ်တွေ့နေရတယ်။ ဒီနေ့လည်း အဲကားဂိတ်ထဲက ၃၃ဦးကို စစ်လိုက်တယ်။ အဲထဲမှ ဗန်းမော်မန်းကားဂိတ်က ထပ်တွေ့တယ်။ အဲကြောင့် ကျန်းမာရေးအခြေနေအရ လကုန်ထိ ပိတ်ထားမှာဖြစ်တယ်။” ဟု ပြောသည်။

ကားဂိတ်အဝင်အထွက်များအားလုံး ပိတ်ထားလိုက်ပြီဖြစ်သည့်အတွက် ကုန် ကားသမားများကို ကားဂိတ်ဘေးရှိကွင်းပြင်၌သာ ပုဂ္ဂလိက ပို့ဆောင်ရေးအဖွဲ့နှင့် ပူးပေါင်းစစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိချိန်တွင် ပိုးတွေ့လူနာများနှင့်ဆက်စပ်သူ ကိုးဦးရှိပြီး အဆိုပါ ကိုးဦးနှင့်ဆက်စပ်သူ လူဦးရေသည် စုစုပေါင်း ၄၀ ကျော်ခန့်ရှိနေကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြောသည်။

“ကျနော်တို့ တစ်ဆင့်စမ်းကြည့်တာပေါ့ ရန်ကုန်၊မန္တလေးက အဝေးပြေးကားတွေကားဂိတ်ထဲကို လုံးဝအဝင်မခံတော့ပါဘူး။ ကားကြီးကွင်းဘေးမှာရှိတဲ့ကွင်းမှာဘဲ ကုန်ချမယ် ဥပမာ ပါဆယ်ထုပ်လိုမျိုးလိုကျတော့ သက်ဆိုင်ရာကားဂိတ်ထဲက တစ်ယောက်ယောက်က စားပွဲနှင့်အပြင်မှာ တစ်ယောက်လောက်ထွက်ထိုင်ခိုင်းမယ်။ အဲလိုလုပ်ဖို့ စီစဉ်ထားပါတယ်။” ဟု ပုဂ္ဂလိက ယာဉ်များကြီးကြပ်ရေးဥက္ကဌ ဦးအေးဇော်ဇော်ကပြောသည်။

ကားကြီးကွင်းတစ်ခုလုံး အဝင်အထွက်ပိတ်ထားသော်လည်း ကုန်စည်စီးဆင်းရေးအတွက် ပုံမှန်တိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ထိ ပိုးတွေ့အတည်ပြုလူနာ ၁၂၂ ဦးရှိပြီး ဆေးရုံဆင်းသူ ၇၇ ဦးရှိပြီဖြစ်သည်။ ပိုးကူးစက်ခံရသူများမှာ ဖားကန့်မြို့နယ်မှ ၈၁ ဦး၊ ဒုတိယအများဆုံးသည် မိုးညှင်း ၁၈ ဦးရှိကာ ၊ တတိယအများဆုံးသည် မြစ်ကြီးနားမှ ၁၅ ဦးရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Read Previous

ဆွမ်ပရာဘွမ် ကျေးရွာနယ်နမိတ်အတွင်း ရွှေသတ္တုတူးဖော်မှုကို ရပ်ဆိုင်းပေးရန်တောင်းဆို

Read Next

နမ်ခမ်၊ အင်ဂါးဂါး စစ်ပြေးဒုက္ခသည်များကို တနိုင်းမြို့တွင် ပြန်လည်နေချထားပေး

Leave a Reply

Your email address will not be published. Required fields are marked *