Fact Checkသတင်း

ရှမ်းပြည်နယ် လီဆူရေးရာဝန်ကြီးနေရာတွင် ဒူးလေးပါတီကအနိုင်ရသည်ဆိုသော သတင်းမှား

ရှမ်းပြည်နယ် လီဆူရေးရာဝန်ကြီးနေရာတွင် ဒူးလေးပါတီက အနိုင်ရသည်ဟူသောသတင်းမှာ ရွေးကောက်ပွဲအဆုံးရလဒ် မထွက်ခင်ကာလ ရေးသားဖော်ပြမှုများသာဖြစ်ပြီး လက်ရှိတွင် NLD က အနိုင်ရသောကြောင့် ယခင်က ရေးသားဖော်ပြမှုများမှာ သတင်းမှားဖြစ်သည်ဟု ဆိုသည်။

လီဆူအမျိုးသားဖွဲ့ဖြိုးတိုးတက်ရေးပါတီ LNDP (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်း၏အကောင့်နှင့် Lisu Social Media လီဆူလူမှုမီဒီယာ page တို့တွင် ဒူးလေးပါတီက ကချင်ပြည်နယ်တွင် ရေးရာဝန်ကြီးတစ်နေရာ၊ ပြည်နယ်အမတ် ၁ နေရာနှင့် ရှမ်းပြည်နယ်တွင် ရေးရာဝန်ကြီးတစ်နေရာစသဖြင့် ၃ နေရာအနိုင်ရရှိကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့က ရေးသားဖော်ပြခဲ့ကြသည်။

သို့သော်ထိုအချက်များမှာ ကိုယ်စားလှယ်က တိုက်ရိုက်ပြောဆိုလာသောကြောင့် ဖော်ပြရခြင်းဖြစ်သည်ဟု ဒူးလေးပါတီ ဥက္ကဌ ဦးရွှေမင်းက ပြောသည်။

“ဒီရွေးကောက်ပွဲမပြီးသေးတဲ့ အချိန်မှာဘဲ အဲ့မှာပြိုင်ဆိုင်တဲ့ ကိုယ်စားလှယ်လောင်းကိုယ်တိုင်က သူနိုင်ကြောင်း အကြောင်း ကြားလာတာပေါ့။ နောက်တော့ UEC ရဲ့ထုတ်ပြန်ချက်မှာက NLD နိုင်သွားတယ်ပြန်ကြားရတော့ နည်းနည်းရှုတ်သွားတာပေါ့လေ။ ဒါပေမယ့် ဘယ်သူနိုင်တယ်ဆိုတာကို ထုတ်ပြန်ထားပြီဖြစ်တဲ့အတွက် ကျနော်တို့က ရှုံးတာဘဲလေ” ဟုပြောဆိုသည်။

အဆိုပါ သတင်းအချက်အလက်မှာ ရွေးကောက်ပွဲအပြီး UEC မှပြန်လည်ထုတ်ပြန်သည့် နောက်ပိုင်းမှ သတင်း အမှားပုံစံဖြစ်သွားပြီး ပထမဆုံး သတင်းအရင်းအမြစ်မှာ ရှမ်းပြည်နယ်တွင် ဒူးလေးပါတီဖြင့် လီဆူရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းကိုယ်တိုင် အကြောင်းပြန်လာသည့်အပေါ်မှာ အတည်တကျယူပြီး လူမှုကွန်ယက်မှာ ပြန့်သွားရခြင်းဖြစ်သည်ဟု သူကဆက်ဆိုခဲ့သည်။

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်ပတ်သက်သော နောက်ဆုံးရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်စန်းစန်းမြင့် (ခ) ယာန်ချီမီး ကအနိုင်ရရှိခဲ့ကြောင်းဖော်ပြခဲ့သည်။

ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲကြီးကာလမှာလည်း ရလဒ်အပေါ် သအတင်းအမှားတွေ ထွက်ပေါ်လာနိုင်တဲ့အတွက် စာဖတ်သူများအနေနဲ့ သတင်းအမှားတွေကို သတိထားဖတ်ရှု့ကြဖို့ အကြံပြုလိုက်ပါတယ်။

Show More

Related Articles

Back to top button