ရွေးကောက်ပွဲဆိုင်ရာသတင်းအင်တာဗျူး

“ပေးထားတဲ့ကတိကဝတ်အတိုင်း အကြီးကြီးမလုပ်နိုင်ရင်တောင်မှ သူတို့တောင်းထားတဲ့ အတိုင်းတာပြည့်မီအောင်တော့ ဆောင်ရွက်သွားမယ်”

အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရေးနှင့် မူးယစ်ဆေးလျော့ကျရေးလုပ်ဆောင်မည်ဆိုသည့် USDP ပါတီမှ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည့် ဒေါ်လရှမ်ဘန် ထွယ်အား ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

မေး – အရင်ဆုံးအနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံကို သိချင်ပါတယ်။

ဖြေ – ကျွန်မက တောင်ပေါ်ဒေသက ဒေသခံဆိုတော့ လွန်ခဲ့တဲ့သက်တမ်း နှစ်ခုမှာ ဒေသခံမဟုတ်တဲ့ လူတွေဘဲ လာရောက်ယှဉ်ပြိုင်တဲ့ခါမှာ ဒေသရဲ့လိုအပ်ချက်က အားနည်းချက်တွေမှာ ဖြည့်ဆည်းပေးနိုင်ခြင်းသိပ်မရှိဘူး။ တာဝန်အရလုပ်တဲ့ သဘောတွေတွေ့ရတယ်။ အားနည်းချက်တွေရှိခဲ့တယ်။အဲကြောင့် ဒီသက်တမ်းမှာတော့ ကျွန်မတို့အနေနဲ့ယှဉ်ပြိုင်ပြီး ဒေသလိုအပ်ချက်ကို ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လို့ရယ်၊ နောက်တစ်ခုက နောင် လာနောက်သားတွေအတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အခွင့်အလမ်းရှိတယ်ဆိုတာကို ပြချင်တဲ့ ရည် ရွယ်ချက်တွေကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

မေး – ၂၀၂ဝရွေးကောက်ပွဲမှာက ဆွမ်ပရာဘွမ်လိုဘက်မှာဆို တိုင်းရင်းသားပါတီတွေ အရမ်းကိုအားကောင်းတဲ့ အခြေနေတွေရှိခဲ့တယ်။ ဒီအခြေအနေကို ဘယ်လိုဖြတ်ကျော်ခဲ့ရလဲ။

ဖြေ – စိန်ခေါ်မူကတော့ များကြီးဘဲရှိတယ်။ ပြိုင်ဘက်ပါတီကလည်း အင်နဲ့အားနဲ့လာတယ် တိုက်တိုက်တွန်း တွန်းလာတယ်။ပြီးတော့ ကျွန်မတို့တောင်ပေါ်ဆိုရင် ဟိတ်ဟန်ရှိတဲ့သူကို အထင်ကြီးတဲ့သဘောရှိတယ်။ ချမ်းသာ တဲ့သူကို အားကိုးချင်တဲ့စိတ်တွေရှိတယ်။အဲခါကျတော့ ကျွန်မတို့ကဒေသခံဘဲဖြစ်လို့ စည်းရုံးရတဲ့ခါမှာ ဒီတစ် ခေါက်တော့ ဘာဘဲဖြစ်ဖြစ်နောင်လာနောက်သားတွေလက်ဆင့်ကမ်းနိုင်ဖို့ နေရာပေးပါဆိုပြီး တောင်းဆိုရပါ တယ်။ စိန်ခေါ်မူကတော့ များကြီးပါဘဲ။ ကျွန်မဘက်ကနေ ငွေကြေးမပြည့်စုံတာရှိတယ်။ Background မရှိတဲ့ အ ခါကျတော့ ခက်ခဲက များကြီးရှိခဲ့တယ်။ကျွန်မဆုတောင်းခြင်းအားဖြင့်ဘဲ ရွေးချယ်ခံခဲ့ရတယ်။

မေး – အဓိကပြိုင်ဘက်က ဘယ်ပါတီဖြစ်ခဲ့လဲ။

ဖြေ – အဓိက ပြိုင်ဖက်ကတော့ KSPP ကချင်ပြည်နယ်ပြည်သူ့ပါတီဖြစ်ပါတယ်။ ဘာလို့ KSPP ကိုအဓိက ယှဉ်ပြိုင်ဖက်လို့ပြောလည်းဆိုတော့ ကျွန်မတို့လည်း ဂျိန်းဖေါ့ဘဲ။ အကုန်လုံးက ဒီဘက်မှာနေတဲ့သူတွေက ဂျိန်း ဖေါများပါတယ်။အဲဒီအခါကျတော့ ကချင်တွေက ဒီကချင်ပါတီတွေရှိရဲ့သားနဲ့ဘာလို့ အားမပေးရမှာလဲ ဆိုတာက ကျွန်မတို့အတွက် စိန်ခေါ်မူအကြီးကြီးဖြစ်ပါတယ်။ သူတို့လည်း ကချင်နာမည်နဲ့လာပြီး စည်းရုံးတဲ့ချိန်မှာ ကချင် တွေအားလုံးကလည်း ဝိုင်းဝန်းပြီး အကုန်လုံးသွားဝန်းရံတာတွေ့ရတယ်။

မေး – ဆွမ်ပရာဘွမ်ရဲ့ ရွေးကောက်ပွဲရလဒ်ကို တိုင်းရင်းသားပါတီတွေဘက်က ပြောနေတာတွေရှိတယ်။ တပ်မဲနဲ့ အနိုင်ရသွားတယ်ဆိုတာမျိုး အဲဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ – အမှန်ကတော့ တပ်မတော်ကို တပ်မဲရုံကို အပြင်မှာထုတ်လိုက်တာကတော့ NLD အစိုးရပါတီတွေဖြစ် တယ်။ကျွန်မအမြင်ကတော့ ဒီတပ်မတော်က သူတို့ရဲ့NLD ပါတီကိုထည့်စေချင်လို့ ခွဲလိုက်တယ်လို့မြင်ပါတယ်။ သူ များတွေကတော့ဝေဖန်ကြတယ်။ ပြည်ခိုင်ဖြိုးပါတီက တပ်မတော်ပါတီလို့ ပြောကြတယ်။ ကျွန်မအနေနဲ့ တော့ အဲလိုမမြင်ပါဘူး။ ဘာလို့ဆို ကျွန်မ ရတဲ့မဲကတော့ ၈ဝဝကျော်တယ်။အဲခါကျတော့ ဒီတပ်မတော်သားအင်အား နည်းနည်းလေးဆိုတော့ ဒေသခံတွေလည်း ကျွန်မကို ထောက်ခံတဲ့သူရှိတယ်ဆိုတာမြင်ရပါတယ်။ပြီးတော့ ဒီမှာ ရောက်နေတဲ့တပ်မတော်သားအားလုံးကလည်း ကျွန်မကိုချည်း မထည့်ပါဘူး။ တပ်မတော်က NLD မှာထည့်တဲ့ သူရှိမယ်။ KSPP ကိုထည့်မယ့်သူလည်းရှိမယ်။

မေး – လွှတ်တော်ထဲရောက်သွားတဲ့အချိန် ကိုယ့်ဒေသအတွက် ပထမဆုံး ဘယ်လိုအဆိုမျိုးတင်ဖို့ရှိလဲ။

ဖြေ – ကတိကဝတ်က နှစ်မျိုးရှိတယ်။ဒေသခံပြည်သူတွေကို ကျမတို့ပါတီအစိုးရဖွဲ့နိုင်ခဲ့လို့ရှိရင်ဆိုတဲ့ ကတိရှိ တယ်။ နောက်တစ်မျိုးက ကျွန်မနိုင်ခဲ့ရင်ဆိုတဲ့ ကတိကဝတ်ရှိတယ်။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့နိုင်ရင်တော့ အ များကြီးလုပ်ပေးနိုင်တယ်။ဒါပေမယ့်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ပဲ နိုင်တဲ့အတွက် ပထမအနေနဲ့ ဒေသအ တွက် ရေရရှိရေး၊မီးရရှိရေးအတွက်လုပ်မယ်။ ဒုတိယက ကျွန်မတို့ဒေသမှာ လူငယ်မောင်မယ်တွေ မူးယစ်ဆေး ကြောင့် ကျဆုံးနေတဲ့သူအများကြီးရှိတယ်။ အဲခါကျတော့ အဲမူးယစ်ဆေးဝါးကို အစိုးရအနေနဲ့ဘယ်လို တွန်းလှန် ပေးမလဲဆိုတာမျိုး လွှတ်တော်မှာကျွန်မမေးမှာဖြစ်ပါတယ်။

မေး – အမျိုးသမီးကိုယ်စားလှယ်တစ်ဦးအနေနဲ့ အမျိုးသမီးကဏ္ဍအတွက် လွှတ်တော်ထဲမှာ ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ – မြန်မာနိုင်ငံရဲ့အနေထားအရ အဓိကကျတဲ့နေရာ၊ ဥပမာအစိုးရဝန်ထမ်းမှာ အဓိကျတဲ့ထွေအုပ်လိုနေရာတွေ မှာ ကျွန်မတို့အလုပ်လျှောက်တဲ့ခါမှာ အမျိုးသမီးတွေကို သိပ်ပေးလေ့မရှိဘူး။ ဒေသမှာရှိတဲ့ အမျိုးသားဖြစ်ဖြစ်၊အ မျိုးသမီးဖြစ်ဖြစ် တန်းတူအခွင့်အရေးရရှိဖို့ အဆိုပြုသွားမှာဖြစ်တယ်။ပြီးတော့ အမျိုးသမီးတွေရဲ့အကြမ်းဖက်ခံ ရတဲ့ ကိစ္စတွေမျိုးမှာလည်း လွှတ်တော်ထဲမှာ အတတ်နိုင်ဆုံး အဆိုတင်ပြသွားဖို့ရှိပါတယ်။

မေး-ဘာများ ဖြည့်စွပ်ပြောချင်တာရှိရင်ပြောပါ။

ဖြေ-မဲပေးတဲ့ပြည်သူတွေကို ကျွန်မအနေနဲ့ ပေးထားတဲ့ကတိကဝတ်အတိုင်းအကြီးကြီးမလုပ်နိုင်ရင်တောင်မှ သူ တို့တောင်းထားတဲ့အတိုင်းတာပြည့်မီအောင်တော့ ဆောင်ရွက်သွားမယ်။ပြီးတော့ ဒီ ၅နှစ်သက်တမ်းမှာ ကိုယ့်ရဲ့ အကြံအဉာဏ်မဟုတ်ဘဲ ပြည်သူတွေရဲ့အကြံဉာဏ်တောင်းပြီး လုပ်သွားမှာဖြစ်ပါတယ်။

Show More

Related Articles

Back to top button