Covid-19 Reportingသတင်း

ကချင်ပြည်နယ်တွင် Covid-19 လူနာ ၁၂ ဦးထပ်တိုး၊ မြစ်ကြီးနားမှ ၁ ဦးပါ

ဒီဇင်ဘာလ ၃ ရက်နေ့ ကချင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာအသစ် ၁၂ ဦးထပ်မံတွေ့ရှိကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာအသစ် ၁၂ ဦးသည် မြစ်ကြီးနားမှ ၁ဦး၊ မိုးညှင်းမှ ၁ ဦးနှင့် ဖားကန့် လုံးခင်းမှ ၁၀ ဦးဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင် က ပြောသည်။

“လောလောဆယ်တော့ စာရင်းတော့မတင်သေးဘူးပေါ့လေ။ ဒီနေ့ ပိုးတွေ့တာ အားလုံးက ၁၂ ဆိုတာ အတည်ဖြစ်ပါတယ်။ ဖားကန့်ကတော့ ၁၀ယောက်စလုံး လုံးခင်းကဘဲ ပိုးတွေ့လူနာနဲ့ ထိစပ်မူရှိလို့ ကွာရန်တင်းထားတဲ့သူတွေ၊ မိုးညှင်းကတော့ ယာဉ်မောင်းတစ်ဦး၊ မြစ်ကြီးနားကတော့ ရန်ကုန်ကပြန်လာပြီး အသွားအလာကန့်သတ်ထားတဲ့ထဲက တွေ့တာဖြစ်တယ်။ ကျန်တာတွေကတော့ ထိစပ်တဲ့သူတွေကိုတော့ ဆက်ပြီးစုံစမ်းနေဆဲဖြစ်ပါတယ်။” ဟု ကချင်ပြည်နယ် Covid-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင် က ပြောသည်။

ကချင်ပြည်နယ် ပိုးတွေ့လူနာ ပိုမိုများလာသည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ပါက အပြင်မထွက်ရန်နှင့် ကျန်းမာရေးညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ကြောင်း ၎င်းကပြောသည်။

တစ်ပတ်အတွင်း ပိုးတွေ့လူနာ ၅၀ ဦးထိရှိလာပြီး အများဆုံးတွေ့ရှိသည့်မြို့နယ်သည် ဖားကန့်လုံးခင်းမှ ၄၄ ဦးထိ ရှိလာပြီဖြစ်သည်။

လက်ရှိကချင်ပြည်နယ် ပိုးတွေ့ရှိမူစာရင်းအရ ဆေးရုံဆင်းပြီးသူ ၁၆၅ ဦးရှိပြီး ဆေးကုသမူခံယူလျက်ရှိသည့်လူနာ ၆၈ဦးရှိသည်။ အဆိုပါ ၆၈ ဦးသည် ယနေ့ထပ်တိုး လူနာစာရင်းပါဝင်ခြင်းမရှိသေးပေ။

ကချင်ပြည်နယ်တွင် ဓါတ်ခွဲအတည်ပြုလူနာပေါင်း ပိုးတွေ့ရှိသူဦးရေ ၂၆၇ ဦး၊ ဓါတ်ခွဲအဖြေစောင့်ဆိုင်းဦးရေ ၄၉၅ ဦးရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ဒီဇင်ဘာလ ၂ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာပေါင်း ၂၆၇ ဦးရှိသည့်အနက် ဖားကန့်မြို့နယ်တွင် ၁၅၃ ဦး၊ မြစ်ကြီးနား ၃၁ ဦး၊ မိုးကောင်း ၂၇ ဦး၊ ရွှေကူ ၂၂ ဦး၊ မိုးမောက် ၆ဦး၊ ဝိုင်းမော် ၃ဦး၊ တနိုင်း ၁ဦးရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဒီဇင်ဘာလ ၂ရက်နေ့ထိ ဓါတ်ခွဲနမူနာပေါင်း (၁,၂၀၂,၄၁၅)ရှိခဲ့ပြီး၊ အတည်ပြုလူနာပေါင်း (၉၃,၆၀၀)ဦးရှိကာ၊ ဆေးရုံဆင်းခွင့်ရရှိသူ(၇၂,၆၀၁)၊ သေဆုံးလူနာ (၁,၉၉၈) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button