ရွေးကောက်ပွဲဆိုင်ရာသတင်း

ပြည်ထောင်စု ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆို

ကချင်ပြည်နယ်မှ ၂၀၂၀ ပါတီစုံရွေကောက်ပွဲတွင် ရွေးကောက်ခံအနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့ကျမ်းသစ္စာကျိန်ဆိုခြင်းအား ယနေ့ နေပြည်တောင်တွင် ပြုလုပ်ပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အချို့ထံမှ သိရသည်။

“အဓိကတော့ ကျနော်တို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို တတိယအကြိမ် စတင်ထမ်းဆောင်ပြီဆိုတဲ့အကြောင်းကို ကျမ်းသစ္စာဆိုတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူကရွေးချယ်တင်မြောက်ခဲ့တဲ့အတိုင်း နေပြည်တော်မှ ကတိသစ္စာမပြုနိုင်ခဲ့သော်လည်း ကျနော်တို့ကိုယ်တိုင် ကတိသစ္စာပြုပြီးတော့မှ ပြည်သူတွေပေးအပ်ထားတဲ့တာဝန်ထမ်းဆောင်သွားမှာပါ။”

ဖေဖော်ဝါရီ(၁) ရက်နေ့ တတိယအကြိမ်လွှတ်တော်စတင်မည့် နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မြို့နယ်ပါတီ ဥက္ကများအား ထိန်းသိမ်းမူများ ရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို နေပြည်တော် စည်ပင်ရိပ်သာတွင် ထိန်းသိမ်းထားခဲ့သည်။

သို့သော် စည်ပင်ရိပ်သာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်အချို့ ကျန်ရှိနေခဲ့ပြီး ယင်းကျန်ရှိနေခဲ့သည့် ကိုယ်စားလှယ်များသည် စစ်အာဏာသိမ်းယူမူအား လက်မခံသည့်အတွက် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် တတိယအကြိမ် လွှတ်တော်ခေါ်ကျင်းပခဲ့သည်။

မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသွားသည့် လွှတ်တော်ကိုယ်စားလှယ်များက အွန်လိုင်းမှတစ်ဆင့် ကျမ်းသစ္စာဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

“ကျနော်တို့က ရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် လုပ်သင့်လုပ်ထိုက်တာကို ကျမ်းသစ္စာကျိန်ဆိုတဲ့ဟာကို လက်မှတ်ထိုးပြီးတော့ တင်ထားတာဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေရဲ့ မဲနဲ့ရွေးချယ်ထားတာဖြစ်တဲ့အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ။”ဟု ဝိုင်းမော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇေခေါင်ကပြောသည်။

အဆိုပါ ကျမ်းသစ္စာဆိုရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာပါမည်၊ နိုင်ငံတော်နှင့်နိုင်ငံသူ နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီညွှတ်မူမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အား ထာဝစဉ် ဦးထိပ်ပန်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း သစ္စာပြုခဲ့ကြသည်ဟု သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံရှိနေသရွှေ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရှိနေသေးမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button