သတင်း

အာဏာသိမ်းပြီး တစ်ပတ်ကျော်သည်အထိ ကချင် ဝန်ကြီးသုံးပါးနှင့် NLD ပါတီဝင်ကိုးဦး လွှတ်မြောက်လာခြင်းမရှိသေး

တပ်မတော်က အာဏာသိမ်းပြီး တစ်ပတ်ကျော်ထိ ကချင်ပြည်နယ်မှ ဝန်ကြီးသုံးပါးနှင့် NLD ပါတီဝင်ကိုးဦး လွှတ်မြောက်လာခြင်းမရှိသေးကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဒေါ်ဇာခြည်မြင့်က ဖေဖော်ဝါရီ ၉ ရက်က ပြောသည်။

တပ်မတော်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြို့နယ်၁၈ မြို့နယ်မှ ဖမ်းဆီးခံရသူများအနက် တချို့ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ယင်း ၁၂ ဦးသည် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသည့်အပြင် ဖုန်းအဆက်အသွယ်များလည်း မရရှိကြောင်း သိရသည်။

“ခုချိန်ထိတော့ ထိန်းသိမ်းခံနေရသေးတဲ့သူတွေနဲ့ အဆက်အသွယ်မရသေးပါဘူး။ ကချင်ပြည်နယ်ကတော့ တစ်ခြားတိုင်းနဲ့ပြည်နယ်ထက် ပိုပြီး ဖိနှိပ်တဲ့အခြေနေတွေ့ရတယ်။ တစ်ချို့တိုင်းတွေဆို ထိန်းသိမ်းခံရတာ မရှိသလောက်ရှိနေတယ်။ ပြည်နယ်တွေကို တောင်ဘက်ဒေသဖြစ်တဲ့ချိန်ကျတော့ ပိုပြီး ဖိနှိပ်တယ်လို့ဘဲမြင်ပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံ ဒေါ်ဇာခြည်မြင့်က ပြောသည်။

တပ်မတော်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် မြို့နယ်အသီးသီးတွင် ဖမ်းဆီးခံရသော ပါတီဝင်ပေါင်း ၈၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။

တပ်က အာဏာသိမ်းပြီးနောက် ဗန်းမော်မြို့နယ်တွင် NLD မှ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့်၊ ဗန်းမော်ခရိုင် သတင်းပြန်ကြားရေးတာဝန်ခံ ဒေါ်ဝါဝါအောင်၊ ခရိုင်အီးစီ ဦးမြင့်သိန်း၊ မြို့နယ်တွဲဘက်တာဝန်ခံ ဦ်းအောင်မိုးလွင်၊ မြို့နယ်တွဲဘက်အတွင်းရေးမှူး ဦးညီညီသွင်၊ မြို့နယ်ပြန်ကြားရေးတာဝန်ခံ ဦးကျော်သောင်းထွန်း၊ မြို့နယ်အီးစီဦးထွန်းထွန်းဦး၊ ဘဏ္ဍာရေးမှူး ဦးချစ်ကို၊ မြို့နယ်အီးစီ ဦးသိန်းဝေ စုစုပေါင်း (၁၁) ဦး ထိန်းသိမ်းခံရသည့်အနက် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင် ထိန်းသိမ်းခံရဆဲဖြစ်ကြောင်း သိရသည်။

မိုးမောက်မြို့နယ်တွင် NLD မှ ပြည်နယ်လွှတ်တော်အဟောင်း ဦးနေဝင်း၊ ဦးစိုင်းအောင်လတ် လက်ရှိလွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်ချိုငယ် မြို့နယ်အဖွဲ့ဝင်၊ ဒေါ်ညွှန့်ရင် မြို့နယ်အဖွဲ့ဝင်၊ ဦးမြင့်ဌေး မိုးမောက်မြို့နယ် ပြန်ကြားရေးတာဝန်ခံ၊ စုစုပေါင်း ငါးဦး ထိန်းသိမ်းခံရသော်လည်း ငါးဦးစလုံး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

မန်စီမြို့နယ်တွင် NLD မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ မြို့နယ်အတွင်းရေးမှူး ဒေါ်ကျော့ကျော့စံ၊ ဒု-ဥက္ကဌဦးလှစွန်၊ ပါတီဝင်ဒေါ်မိုင်းရာ၊ ဦးရန်မျိုးအောင် စုစုပေါင်း ငါးဦး ထိန်းသိမ်းခံရသည့်အနက် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း ယနေ့တိုင် လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် NLD မှ ပြည်နယ်ဥက္ကဌ ဦးမြသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇာနည်မင်း၊ မြို့နယ် ဒု-ဥက္ကဌ ဦးကျော်ကျော်၊ မြို့နယ်အတွင်းရေးမှူး ဦးမြင့်စိုးချစ်၊ မြို့နယ်တွဲဘက်အတွင်းရေးမှူး ဦးနေလင်းအောင်၊ မြို့နယ်ဘဏ္ဍရေးမှူး ဦးအေးကိုကို စုစုပေါင်းခြောက်ဦး ထိန်းသိမ်းခံခဲ့သည့်အနက် ပြည်နယ်ဥက္ကဌ ဦးမြသိန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း လွတ်မြောက်လာခြင်းမရှိသေးပေ။

မြစ်ကြီးနားမြို့နယ်တွင် NLDမှ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ လူမူရေးဝန်ကြီး ဦးနေဝင်း၊ ပါတီဝင် ဦးဇော်လင်း၊ လူငယ်တွဲဘက်တာဝန်ခံ မမာလာကျော်၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာတီယောဟန်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ဗမာလူမျိုးရေးရာဝန်ကြီး ဦးဒိတ် စုစုပေါင်း ခုနစ်ဦး ထိန်းသိမ်းခံရသည့်အနက် ဝန်ကြီးချုပ်ဒေါက်တာခက်အောင် (နေအိမ်အကျယ်ချုပ်) နှင့် လူမူရေးဝန်ကြီး ဦးနေဝင်း ထိန်းသိမ်းခံရဆဲဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်တွင် NLD မှ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်၊ ဝိုင်းမော်မြို့နယ်ဥက္ကဌ ဦးမော်ဟန်စင်၊ မြစ်ကြီးနားခရိုင် ဦးချစ်ဆွေ ပေါင်းလေးဦးအနက် စည်ပင်ဝန်ကြီး ဦးနော်လီ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် NLD မှ လူဝင်မူကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း၊ မြို့နယ်ဥက္ကဌ တစ်ဦး၊ ဦးစောမင်းအောင် မြို့နယ်ဘဏ္ဍာမှူး၊ ဦးဂျိုးဇက် မြို့နယ်ဥက္ကဌ၊ ဦးဂမ်ဖန် ပါတီဝင်၊ ဦးလှမိုး ခရိုင်ပြန်ကြားရေး၊ ဦးအားပေါ်မြို့နယ်အဖွဲ့ဝင်၊ စုစုပေါင်း ခုနစ်ဦးအနက် လူဝင်မူကြီးကြပ်ရေးဝန်ကြီးနှင့် မြို့နယ်ဥက္ကဌ ဦးနောင်လတ် ထိန်းသိမ်းခံရဆဲဖြစ်သည်။

ဆော့လော်မြို့နယ်တွင် NLD မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယဂျော်ဒိုင်လွမ်း ပြန်လည်လွတ်မြောက်လာပြီး ချီဖွေမြို့နယ်တွင် ထိန်းသိမ်းခံရသူများမရှိကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် NLD မှ ပြည်နယ်အလုပ်အမူဆောင်အဖွဲ့ဝင် ဒေါ်သီရိတင်၊ ပြည်နယ်အလုပ်အမူဆောင်အဖွဲ့ဝင် ဒေါ်ခိုင်မာမြင့်၊ ခရိုင် အတွင်းရေးမှူး ဦးတင်အောင်၊ မိုးကောင်းမြို့နယ် ဒု-ဥက္ကဌ ဦးလှကြည်၊ နမ္မတီးမြို့နယ်အဖွဲ့ဝင် ဦးချစ်သောင်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးဝေလင်းတို့ ထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် NLD မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်သက်ထားနှောင်း၊ ခရိုင်ဥက္ကဌ ဦးကျော်ကျော်ဝင်း၊ ခရိုင်ဒု-ဥက္ကဌ ဦးလှဆောင်(၂)၊ ခရိုင်တွဲဘက်အတွင်းရေးမှူး ဒေါ်အေးချို၊ မြို့နယ်ဒုဥက္ကဌ ဦးကြည်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်း၊ မြို့နယ်အဖွဲ့ဝင် ဦးမျိုးကျော်၊ ဦးခင်မောင်ထွန်း၊ ပါတီဝင် ဦးကျော်မြင့်ဝင်း၊ မော်ဖောင်းရပ်ကျေးဥက္ကဌ ဦးသောင်းညွန့်၊ နမ့်စီးရပ်ကျေးဥက္ကဌ ဦးတိုးအောင်၊ ဆယ်မိုင်ရပ်ကျေးဥက္ကဌဦးစိုးတင့်ပါတီဝင် ဦးမင်းခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းဇော်တို့အနက် ဦးမျိုးကျော်နှင့် ဦးလှဆောင် (၂) တို့ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

ဖားကန့်မြို့နယ်တွင် NLD မှ မြို့နယ်ဥက္ကဌဦးသိန်းဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၊ သယံဇာတဝန်ကြီး ဦးဒရှီလှဆိုင်း စုစုပေါင်းသုံးဦးအနက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

ပူတာအိုမြို့နယ်တွင် NLD မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ ကချင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးခမ်းလင်၊ ခရိုင်အီးစီဦးအာခီဆာ၊ မြို့နယ်ဒု-ဥက္ကဌကိုခီဆာ၊ မြို့နယ်အီးစီဦးတီဟူဇာ၊ မြို့နယ်အီးစီ ဦးဂင်ရော်အောင်၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးရမ်နားပီတာ၊မြို့နယ်အီးစီဒေါ်ခေါန်နောင်၊ ခရိုင်ဒု-ဥက္ကဌ ဒေါ်ရှီကိုဟက် စုစုပေါင်း ဆယ်ဦးရှိခဲ့ပြီး ဆယ်ဦးလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

နောင်မွန်းမြို့နယ်တွင် NLD မှ မြို့နယ်ဥက္ကဌ ဦးမလောင်ဒီဆာ၊ အောင်နိုင်ရေးခေါင်းဆောင် ဦးမလောင်ဒီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမလောင်အောင်ရမ် စုစုပေါင်း သုံးဦးရှိခဲ့ကာ သုံးဦးလုံး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

မချမ်းဘောမြို့နယ်တွင် NLD မှ မြို့နယ်ဥက္ကဌ ဦးဒန်းထင်၊ မြို့နယ်အီးစီဦးခေါင်လန်ဖုန်းဆာရ်း၊ ဦးလန်ဒီးနော်ဂျာ၊ မြို့နယ်အဖွဲ့ဝင် မြို့နယ်အီးစီဦးနန်ဟီးဖုန်ဆား၊ ပါတီဝင်ဦးဂရောတူးအောင်၊ စုစုပေါင်း ငါးဦးအနက် ငါးဦးလုံး ပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

“ခေါင်လန်းဖူးကတော့ မြို့နယ် EC အဖွဲ့ဝင်တွေကို ဖမ်းတာတော့မရှိဘူး။ ဒါပေမယ် ခရီးသွားလာခွင့်မပေးထားဘူး။ ကန့်သတ်ချုပ်ခြယ်ထားတာတော့ရှိတယ်” ဆိုပြိီး ပြည်နယ်ပြန်ကြားရေးတာဝန်ခံ ဒေါ်ဇာခြည်မြင့်ကပြောသည်။

 

Show More

Related Articles

Back to top button