သတင်း

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုတွင် KBC ပါဝင်လာ

လက်ရှိ စစ်အာဏာသိမ်းကောင်စီကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ရာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းသားများအနေဖြင့် ပါဝင်ကြဖို့ ထုတ်ပြန်ထားသည့်အတိုင်း ယနေ့ ပါဝင်လာသည်ကို တွေ့ရသည်။

သိက္ခာတော်ရ ဘာသာရေးဆရာများဦးဆောင်ပြီး နံနက် ၈ နာရီခွဲအချိန် KBC မြစ်ကြီးနားဇုံနယ် ရုံးမှ ထွက်ခွာလာပြီး မြို့မ စျေး (၁) မှတဆင့် ဘူတာရုံလမ်းကို ပြန်ခေါက်ကာ နဂိုစုရပ်သို့ ပြန်လာပြီး အဆုံးသတ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် အစိုးရဝန်ထမ်းများရုံးမသွားရေး CDM လှုပ်ရှားမှုကိုလည်း ထောက်ခံရန်နှင့် လမ်းလျှောက်ဆန္ဒပြမှုကိုလည်း အသင်းတော်များဦးဆောင်ပြီး သင့်လျော်သလို ပါဝင်ရန် ဖေဖော်ဝါရီလ ၁၀ ရက်ညတွင် KBC က ထုတ်ပြန်ထားသည်။

နိုင်ငံတော်အတွက်ဆုတောင်းခြင်းအစီစဉ်ကိုလည်း တစ်ရက် ၃ ကြိမ် ပြုလုပ်ရန်ထည့်သွင်းရေးသားထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုမှာ မြစ်ကြီးနားမြို့တွင် ယနေ့ဆိုလျှင် စတုတ္တနေ့မြောက်ပြီဖြစ်သည်။

Show More

Related Articles

Back to top button