,

Breaking News :

နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို

ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

ပူတာအိုတွင် ဝက်နာကြောင့် ဒေသဝက်သားများ ဝယ်မရသည့်အထိ ရှားပါးနေ

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ

မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ

Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၁၂ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၁ သောင်းကျော်အတွက် အကူအညီလိုအပ်နေ

ဖားကန့် Maden Yang တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှု ၅၀ ဦး ထက်မနည်းရှိ

ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ

စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

ကချင်တွင် လပိုင်းအတွင်း စစ်ရှောင်အသစ်ထပ်တိုးလာကြောင်းနှင့် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်

ကချင်ပြည်နယ်တွင် ပြီးခဲ့သော လများအတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်လူဦးရေ ၈၅၀၀ ခန့် ထွက်ပေါ်ခဲ့ပြီး အများစုမှာ မိုးမောက် ၊ မံစီနှင့် ရွှေကူမြို့နယ်များမှ ဖြစ်ကြောင်း Joint Strategy Team ၏ ထုတ်ပြန်ချက်မှ သိရသည်။

ယနေ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့်နေ့တွင် ကချင်အရပ်ဘက်ကူညီရေးအဖွဲ့များပူးပေါင်းထားသော JST ၏ ထုတ်ပြန်ချက်တွင် မိုးမောက်၊ မံစီနှင့် ရွှေကူ မြို့နယ်အတွင်းနေရာ ၄၂ ခုမှ စစ်ရှောင်အသစ် ၆၀၀၀ ခန့် ထွက်ပေါ်လာကြောင်း ဆိုထားသည်။

Covid-19 ကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှုများကန့်သတ်ခံရသလို၊ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် စစ်ရှောင်များအတွက် လိုအပ်သော ကူညီထောက်ပံမှုများ ပို့ဆောင်ပေးရန် ခက်ခဲလာခြင်းနှင့် ငွေသားထုတ်ယူရာတွင်လည်း ရာခိုင်နှုန်းပေးကာ ထုတ်ယူရသည့်အခြေအနေရှိနေကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယနေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ရက်ကလည်း ကချင် တကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့်နေ့တွင် နိုင်ငံတကာအစိုးရများ၊ အာဆီယံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီသို့ တောင်းဆိုမှု စာထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထိုအထဲတွင် မတရားဖမ်းဆီးခံရသူများ အမြန်လွတ်မြောက်စေရန် နိုင်ငံတကာမှ ဖိအားပေးရန်၊ အရပ်သားများနေထိုင်သောနေရာများတွင် လေယာဉ်ပျံသန်းကင်းမဲဇုန်ထားရှိပေးရန် ၊ အကြမ်းဖက်စစ်တပ်ကို ဝင်ငွေရစေသည့်လမ်းကြောင်းနှင့် စစ်လက်နက်နည်းပညာထောက်ပံ့နေသူများကို အရေးယူပိတ်ဆို့ပေးရန်လည်း တောင်းဆိုထားသည်။

စစ်ပွဲ ၁၀ နှစ်ပြည့်အစီစဉ်ကို လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ယခင်နှစ်များလို အစီစဉ်ကြီးဖြင့် ပြုလုပ်နိုင်ခြင်းမရှိဘဲ စစ်ရှောင်စခန်းများတွင် ဆုတောင်းခြင်းသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲကြောင့် ယခင်ကတည်းက စစ်ရှောင် ၁ သိန်းကျော်ရှိနေပြီးဖြစ်ကာ အများစုသည် ၂၀၂၁ နှစ်ဆန်းတွင် နေရပ်ပြန်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်တပ်အာဏာသိမ်းလိုက်သောကြောင့် စစ်ရှောင်များမှာ နေရပ်ပြန်ရန် ပိုမို စိုးရိမ်သွားခဲ့ကြောင်း ပြောဆိုနေကြသည်။

ပြီးခဲ့သည့်လပိုင်းအတွင်း အင်ဂျန့်ယန်၊ မိုးမောက်၊ မံစီ၊ ရွှေကူ နှင့် ဖားကန့် မြို့နယ်များတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာသောကြောင့် ဒေသခံများမှာ စစ်ရှောင်အသစ်အဖြစ် ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။

Read Previous

လိုင်ဇာမြို့အနီး ခယာဘွမ့်တွင် ရိက္ခာပို့နိုင်ရန် ဒေါ့ဖုန်းယန် မှ ကားလမ်းတစ်လျှောက် စစ်အင်အားတိုးချဲ့ချထား

Read Next

ယုဇန ကုမ္ပဏီထံမှ သိမ်းယူထားသောမြေယာနှင့်ပစ္စည်းများကို ရယူခြင်းမပြုရန် KIO သတိပေး