တိုက်ပွဲသတင်း

ဒေါ့ဖုန်းယန်တွင် စစ်ကောင်စီ၏ ယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးသို့ စစ်အင်အားတိုးချဲ့ရန်တက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းကို ဒေါ့ဖုန်းယန်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၀နာရီခွဲဝန်းကျင်တွင် ဗန်းမော်ဘက်မှ စစ်အင်အား ၂၀၀ ခန့်ပါသည့် စစ်ကား ၇စီး ကို ဒေါ့ဖုန်းယန်မရောက်မှီ အူထန်ယန်ကျေးရွာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေါ့ဖုန်းယန် ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ခယာဘွမ်ဘက်ကို စစ်အင်အားတိုးချဲ့ဖို့တက်လာကြတာ ဟုတ်တယ်။ ထိခိုက်မှုရှိမရှိ အသေးစိတ် မသိရသေးဘူး” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်က အလောဘွမ်ကို ပြန်လည်တိုက်ခိုက်ရန် ဖြစ်နိုင်သောကြောင့် ဗန်းမော် လမ်းမကြီးတစ်လျှောက် စစ်အင်အားအများအပြားတိုးချဲ့ကာ စားနပ်ရိက္ခာသယ်ယူနေကြောင်း သူကဆက်ဆိုသည်။

ထိုသို့ အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်ယာဉ်များကို KIA က ကြားဖြတ်တိုက်ခိုက်မှုမှာ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

Show More

Related Articles

Back to top button