Covid-19 Reportingသတင်း

ဗန်းမော်တွင် Covid-19 ကူးစက်သူ ၃ ဦးထပ်တိုး

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဇွန်လ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် (၃)ဦး ထပ်မံ တွေ့ရှိကြောင်း ပိုးတွေ့လူနာနဲ့ နီးစပ်သူများထံမှ သိရသည်။

“တစ်ယောက်က ဗန်းမော်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမတစ်ဦး၊ ပြီးတော့ ဆရာမရဲ့သမီး နောက်တစ်ယောက်က သူ့ဝမ်းကွဲညီမ စုစုပေါင်း (၃) ယောက်မှာတွေ့တာ ဟုတ်တယ်” ဟု ပိုးတွေ့လူနာနဲ့ နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (၃)ဦးသည် မံစီမြို့နယ် မံစီစခန်းကြီးရွာမှ ပြန်လာချိန် အနံ့မရဖြစ်လာသည့်အတွက် ဆေးစစ်ဆေးခဲ့ရာတွင် (၃)ဦးစလုံးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ယင်းပိုးတွေ့ရှိသူ (၃)ဦးအားသည် ဗန်းမော်ဆေးရုံတွင် ဆေးကုသမူခံယူနေကာ ၎င်းနဲ့ဆက်စပ်သူများကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဖြစ်နိုင်ရင်တော့ အရင်ကလို ကိုဗစ်နဲ့ပတ်သက်ပြီး ဆေးစစ်တာတွေ၊ကြပ်မတ်တာတွေတော့ ထိထိရောက်ရောက်ပြန်လုပ်နိုင်ရင်တော့ ပိုကောင်းမယ်။ မဟုတ်ရင်တော့ ဒီတစ်ခေါက်ပိုးကူးစက်မူက ပိုမြန်သွားနိုင်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းပြန်လည်မြင့်တက်လာသည်နှင့်အမျှ ကချင်ပြည်နယ်တွင်လည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူဦးရေ (၂၀)ဦးကျော်ထိရှိလာပြီ ဖြစ်သည်။ သို့သော် စာရင်းထက် မြေပြင်တွင်ကူးစက်သူ ပိုမိုများနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

Show More

Related Articles

Back to top button