Covid-19 Reportingသတင်း

ဝိုင်းမော်မြို့နယ်တွင် Covid-19 အတည်ပြု လူနာ (၅)ဦးထပ်တိုး

ဝိုင်းမော်မြို့နယ်တွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် Covid-19 အတည်ပြုလူနာ ၅ ဦး ထပ်တိုးကြောင်း ပိုးတွေ့လူနာများနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (၅) ဦးသည် နောက်ဟီးကျေးရွာမှ ဦးတီကာရမ်း (၄၈)နှစ်၊ မောင်ဒီပေါ (၂၂)၊ ဝိုင်းမော်မြို့ ရပ်ကွက် (၁) မှ ဒေါစန်းလှအေး (၃၈)နှစ်၊ ဒေါစန်းလှဦး (၄၂) နှင့် မခန်းတီးကျေးရွာမှ ဒေါကျန်ဒရာ တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပိုးတွေ့လူနာများအား ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူစေပြီး၊ ပိုးတွေ့လူနာများ၏ နေအိမ်များကို Lockdown ချမှတ်ထားကာ၊ ဆက်သွယ်ထိတွေ့ထားသူများကိုလည်း နေအိမ်ကွာရန်တင်း သတ်မှတ်ထားကြောင်း ပိုးတွေ့လူနာနဲ့ နီးစပ်သူများထံမှ သိရသည်။

ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်း ပြန်လည်စတင်လာချိန်မှစပြီး ဇူလိုင်လ ၆ရက်နေ့ထိ ပိုးတွေ့လူနာစုစုပေါင်း ၄၇ ဦး ခန့်ရှိပြီ ဖြစ်သည်။

Show More

Related Articles

Back to top button