Covid-19 Reportingသတင်း

ဝိုင်းမော် ခတ်ချို မှ ပြန်လာသော ငွေပျော်စံပြဒေသခံတစ်ဦးတွင် Covid-19 ပိုးတွေ့

မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာရှိ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း ကျေးရွာတာဝန်ရှိသူများ ထံမှသိရသည်။

ပလန ငွေပျော်စံပြကျေးရွာနေ အဆိုပါအမျိုးသမီးသည် ဝိုင်းမော် ခတ်ချိုတွင်နေထိုင်ခဲ့သူဖြစ်ပြီး နေမကောင်းဖြစ်ရာမှ ပြီးခဲ့သည့် ၄  ရက်ခန့်တွင် ငွေပျော်စံပြကျေးရွာသို့ ပြန်လည် ရောက်ရှိလာသူ ဖြစ်သည်။

“ဝိုင်းမော် ခတ်ချို ဘက်မှာ သူ့သား ချွေးမတွေနှင့် သွားနေပြီးမှ အဲ့ကနေမှ နေမကောင်းဘူးဆိုလို့ သူ့သားမက်နှင့် သမီးက ခေါ်ပြန်လာတာ။ ခေါ်ပြန်လာတော့ စစ်တာကတော့ ဆေးပေးခန်းတွေမှာကော ဝိုင်းမော်မှာရော မြစ်ကြီးနားဆေးခန်းတွေမှာရောသွားပြပြီ။ အဲ့ဒါနှင့် မနေ့ညနေပိုင်းက မြစ်ကြီးနားဆေးရုံကြီးခေါ်သွားပြီး စစ်တော့ နှခေါင်းအဆင့်မှာတွေ့တယ်လို့ပြောတယ်။” ဟု ငွေပျော်စံပြကျေးရွာ တာဝန်ရှိသူက ပြောသည်။

လက်ရှိချိန်တွင် ၎င်း ကိုးဗစ်ပိုးတွေ့လူနာနှင့်အတူ ဆေးရုံလိုက်ပို့သော သားနှင့် အိမ်နီးချင်းတစ်ဦးကို ရွာသို့မပြန်စေပဲ မြစ်ကြီးနားဆေးရုံမှာသာ ထားထားကြောင်း သိရသည်။

အဆိုပါ ကိုးဗစ်-၁၉ ပိုးတွေ့လူနာသည် ငွေပျော်စံပြကျေးရွာတွင် ကုန်စုံဈေးဆိုင်ကြီးဖွင့်ထားသူတစ်ဦးဖြစ်သည်။ အဆိုပါအိမ်ကို ယနေ့ နံနက်ပိုင်းအထိ lockdown မချရသေးသောကြောင့် အိမ်တွင်းမှအိမ်ပြင်ကို မတွက်ဖို့မှာထားကြောင်း ရပ်ကွက်တာဝန်ရှိသူကဆိုသည်။

ငွေပျော်စံပြကျေးရွာသည် စစ်ရှောင်ပြည်သူများအား နေရာချထားပေးသည့် ရွာသစ်ဖြစ်ပြီး ဒေသခံအများစုသည် ရွာပြင်ထွက် လုပ်ကိုင်စားသောက်နေကြရသူများဖြစ်သည်။

ထို့အပြင် နေ့စဉ် ကျေးရွာသို့ စျေးလာရောင်းကြသော မြို့ပေါ်မှ စျေးသည်များကိုလည်း လတ်တလော စျေးလာရောင်းခြင်းမပြုရန် တားမြစ်ထားသည်ဟု သိရသည်။

လက်ရှိအချိန်ထိ ငွေပျော်စံပြ ကျေးရွာအတွင်း ၎င်းကိုးဗစ်ပိုးတွေ့ လူနာနှင့် ထိစပ်သူများကို စုံစမ်းစစ်ဆေးခြင်းမျိုး မလုပ်ရသေးကြောင်း ထပ်မံ သိရသည်။

ဝိုင်းမော် ခတ်ချိုကျေးရွာအနီး မခန္တီးကျေးရွာကို ကိုဗစ်-၁၉ ကာကွယ်တားဆီးရန်အတွက် အသွားအလာကန့်သတ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက ယမန်နေ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button