တိုက်ပွဲသတင်း

ဝိုင်းမော် ရွှေညောင်ပင် ခမရ ၃၂၁ စစ်တပ် ကို KIA သွားရောက်ပစ်ခတ်

ဝိုင်းမော် ရွှေညောင်ပင်ကျေးရွာရှိ အာဏာသိမ်းစစ်တပ် ခမရ ၃၂၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဇူလိုင် ၈ ရက် ည ၈ နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“အခုလည်း သေနတ်သံကြားနေရတယ်။ ရွှေညောင်ပင်ဘက်မှာ ၃ ချက်လောက် ကြားနေရတယ်။” ဟု ဒေသခံ တစ်ဦးက KNG ကို ပြောဆိုခဲ့သည်။
KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ က လက်နက်ကြီးဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်ဘက်ကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။
ယနေ့ည ပစ်ခတ်ခံရမှုတွင် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှု စာရင်းအသေးစိတ်ကို မသိရသေးပါ။
ပစ်ခတ်ခံရသော ခမရ ၃၂၁ တပ်သည် မြစ်ကြီးနား ဗန်းမော် လမ်းမပေါ် ရွှေညောင်ပင်ကျေးရွာတွင်ရှိပြီး လတ်တလော ခရီးသွားပြည်သူများကို စစ်ဆေး ဖမ်းဆီးနေသော ဂိတ်လည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်ညကလည်း ဝိုင်းမော် မြစ်ကြီးနား ဗလမင်းထင်တံတားအနီး စုပေါင်း စစ်ဆေးရေးဂိတ်ကို KIA က သွားရောက်ပစ်ခတ်ခဲ့သည်။

Related Articles

Back to top button