,

Breaking News :

နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို

ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

ပူတာအိုတွင် ဝက်နာကြောင့် ဒေသဝက်သားများ ဝယ်မရသည့်အထိ ရှားပါးနေ

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ

မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ

Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၁၂ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၁ သောင်းကျော်အတွက် အကူအညီလိုအပ်နေ

ဖားကန့် Maden Yang တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှု ၅၀ ဦး ထက်မနည်းရှိ

ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ

စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

ဖားကန့်လမ်း ကာမိုင်း စစ်တပ်ဂိတ် ဖောက်ခွဲ တိုက်ခိုက်ခံရ

တိုက်ခိုက်ခံရသော ဂိတ်

ဖားကန့်မြို့နယ် ကာမိုင်းမြို့အဝင် အာဏာသိမ်းစစ်တပ် နေရာယူထားသည့် စစ်ရေးဂိတ်တစ်ခု ယနေ့ နံနက်ပိုင်းက ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

ယနေ့နံနက် ၇နာရီဝန်းကျင်ခန့် စစ်ရေးဂိတ်တွင် စစ်သား ၄ဦးရှိနေသည့် ကင်းတဲအတွင်းသို့ ဆိုင်ကယ်ဖြင့် PDF မှ ဗုံးဖြင့် ဖောက်ခွဲသွားသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

“PDF က ဆိုင်ကယ်နဲ့ဖြတ်လာပြီး ဂိတ်မှာထိုင်နေတဲ့ စစ်သား ၄ယောက်ရှိတဲ့ ကင်းတဲကို မိုင်း ၂လုံးပစ်ထည့်သွားတယ်တဲ့။ အဲ့ဒီ စစ်သား ၄ယောက်က အဲ့မှာဘဲ ဆုံသွားတယ်လို့ ပြန်ကြားရတယ်။ ပြီးရင် အနားမှာရှိတဲ့ ကင်းတဲတစ်ချို့လည်း ပျက်စီးသွားတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်တပ်ဂိတ်ကို နံနက် ၁၀ နာရီဝန်းကျင်မှ ရဲနှင့်စစ်သားများက လာရောက်စစ်ဆေးမှုများ ပြုလုပ်သွားကြောင်း သိရသည်။

ကာမိုင်း စစ်တပ်ဂိတ် မိုင်းခွဲခံရမှု မှန်ကန်သော်လည်း စစ်တပ်ဘက်က သေဆုံးမှုကို မသိရကြောင်း ကာမိုင်း အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ယခုလို ပြောသည်။

“မိုင်းခွဲခံရတာက မှန်ပါတယ်။ ထိခိုက်မှုက မရှိပါဘူး။ ဒီမနက် တာဝန်ရှိတဲ့ ရဲနဲ့စစ်သားတွေက ဂိတ်နေရာကို လာရောက်စစ်ဆေးသွားတယ်။ စစ်သား ၄ယောက် သေတယ်ဆိုတာလည်းမကြားမိပါဘူး။ ပြီးရင် ဂိတ်မှာလည်း ထိခိုက်မှုတွေသိပ်မရှိပါ” ဟု ပြောဆိုသည်။

ဖားကန့်လမ်း ကာမိုင်းမြို့အထွက်ဖြစ်သော အဆိုပါ ဂိတ် ဖောက်ခွဲ တိုက်ခိုက်မှုတွင် KIA ပါဝင်မှု မရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းမှ သိရသည်။

ပြီးခဲ့သည့်အပတ်တွင် ဖားကန့်လမ်းမပေါ် ကျေးရွာ ၄ ခုတွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်ခဲ့သည်။

Read Previous

ကသာမြို့အဝင် စစ်ကောင်စီ ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရ

Read Next

ရွှေကူ ဆေးရုံကြီးတွင် အောက်စီဂျင် ထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ