,

Breaking News :

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မည့်သတင်းကြောင့် နွမ်းလန့်ဒေသခံများ တောင်ယာမသွားရဲဖြစ်နေ

KIA တပ်ရင်း ၆ ရှေ့တန်းစခန်း အောင်ဘာလေမှာ နေရာယူထားတဲ့ အစိုးရ တပ်မ ၆၆ စစ်သား ၂ ဦး

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်နှင့် နွမ်းလန့်ကျေးရွာတို့တွင် အခြေစိုက်သော အာဏာသိမ်းစစ်တပ်အဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများကို ရွာအပြင်မထွက်ကြရန် ပြောဆိုမှုများရှိကြောင်း ဒေသခံ များထံမှသိရသည်။

ဩဂုတ်လ ၇ ရက်နေ့မှစပြီး နေအိမ်အတွင်းသာ နေထိုင်ကြရန်နှင့် အခင်းတောင်ယာရှိသည့်ဘက်သို့ မသွားကြရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့များက လိုက်လံပြောဆိုခဲ့ကြောင်းသိရသည်ဟု မိုးမောက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စစ်သားတွေက လက်နက်ကြီးပစ်မယ် ပြောလို့ အခင်းတောင်ယာက ဘယ်သူမှမသွားရဲကြဘူး။ နွမ်လန့်ကျေးရွာမှာလည်း ဘယ်သူမှ ရွာအပြင်ဘက် မသွားရဲကြဘူး။ အားလုံးက အိမ်ထဲမှာဘဲ နေကြတယ်။ ဒါပေမယ့် အခုထိတော့ ပစ်ခတ်တာတွေမရှိသေးဘူး” ဟု ပြောဆိုသည်။

တောင်ယာလုပ်ငန်းအဓိကလုပ်ကိုင်သောဒေသခံများအနေဖြင့် အဆိုပါသတင်းကြောင့် တောင်ယာမသွားဘဲ နေအိမ်အတွင်းသာ နေသည်မှာ ၃ ရက်ခန့်ရှိပြီဟု ပြောဆိုသည်။

ဒေါ့ဖုန်းယန်တွင်လည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများပစ်မည်ဟု ပြောဆိုနေသည့်အတွက် တိုက်ပွဲပြန်လည်ပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ဒေါ့ဖုန်းယန် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“တစ်ရက် နှစ်ရက်အတွင်းမှာ စစ်တပ်က တစ်နေရာရာမှာ ထိုးစစ်ဆင်ပြီး ပြန်တိုက်မယ်လို့ကြားနေရတယ်။ အဲ့ကြောင့် အရင်တစ်ခေါက်ကလို တိုက်ပွဲပြန်ဖြစ်လာမှာကိုဘဲ စိုးရိမ်နေရတယ်။ အခုက တိတ်ဆိတ်နေသေးတယ်။ ဘယ်လိုဖြစ်လာမှာလဲ တော့မသိရသေးဘူး။ ကိုဗစ်ကာလလည်းဖြစ်နေတော့ ပိုပြီးစိုးရိမ်နေရတယ်။ အခုလည်း လက်နက်ကြီးတွေနဲ့ ပစ်မယ်လို့ ပြောနေတဲ့အတွက် ဘယ်မှ မသွားရဲသလို မထွက်ရဲဘူး” ဟု ပြောဆိုသည်။

ပြီးခဲ့သော ဧပြီလ နွမ်လန့်၊ မြို့သစ်၊ ကုန်းလော စသည့်ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများမှာ မိုးမောက်မြို့သို့ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်ရှောင်စခန်းများတွင်လည်း Covid-19 ကြောင့် နေထိုင်မှုနှင့် စားသောက်မှုခက်ခဲလာသဖြင့် စစ်ရှောင်တချို့ နေရပ်ပြန်ကာ တောင်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရပါသည်။

ဝိုင်းမော်မြို့နယ် နယ်မြေခံ ခလရ ၅၈ တပ်ရင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ညစဉ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသောကြောင့် ပြည်သူများ၏ နေအိမ်များ ပျက်စီးမှု ရှိခဲ့သည်။

Read Previous

ဗန်းမော်မြို့နဲ့ရွှေကူမြို့ကို လော့ဒေါင်း ၂ ပတ်ထပ်တိုး ချမှတ်ရန် ကြေညာ

Read Next

ဘူးဂါးလျှပ်စစ်ဝန်ထမ်း ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ပြီး ရဲစခန်းတွင် ထိန်းသိမ်းထား

Leave a Reply

Your email address will not be published.