သတင်း

ဘူးဂါးလျှပ်စစ်ဝန်ထမ်း ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ပြီး ရဲစခန်းတွင် ထိန်းသိမ်းထား

ဝိုင်းမော်မြို့ ဘူဂါးလျှပ်စစ်ရုံအတွင်းရှိ ဝန်ထမ်း ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်များက ဩဂုတ် ၉ ရက်ည ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယမန်နေ့ည ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် ရဲ ၂ဦး အပါအဝင် ခလရ ၅၈ တပ်ရင်းမှ စစ်သား ၁၀ ယောက်ကျော်သည် ဘူးဂါလျှပ်စစ် စက်ဝင်းအတွင်းလာရောက်စစ်ဆေးမှုပြုလုပ်ကာ ဝန်ထမ်းအမျိုးသား ၆ဦးကို ဖမ်းဆီးသွားသည်ဟု လျှပ်စစ်ဝန်ထမ်းတစ်ဦး ထံမှသိရသည်။

“ဖမ်းဆီးသွားတာမှန်ပါတယ်။ ၆ ယောက်ကို ဖမ်းသွားတယ်။ ဘာလို့ဖမ်းတယ်ဆိုတာကို ဘာမှပြောမသွားဘူး။ သူတို့ရဲ့ဖုန်းတွေ ကြည့်ပြီး စစ်ဆေးမှုတွေပြုလုပ်ရမယ်လို့ပြောပြီး ခေါ်သွားတယ်။ လာရောက်စစ်ဆေးမှုပြုလုပ်ပြီး ဖမ်းသွားတဲ့ပုံစံဟုတ်တယ်။ အခုကစုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် လျှပ်စစ်ဝန်ထမ်း ၆ ဦးကို လက်ရှိတွင် ဝိုင်းမော် မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဖမ်းဆီးသွားသည့် အကြောင်းအရင်းကို သေချာမသိရသေးကြောင်း သူကဆက်ဆိုသည်။

ဝိုင်းမော်ဘူးဂါလျှပ်စစ်ရုံးဝင်းအတွင်း စစ်တပ်က လာရောက်ဖမ်းချိန်တွင် လျှပ်စစ်ဝန်းထမ်း ၁၃ ဦးခန့်ရှိနေသည့်အနက် ၆ဦး ကို ဖမ်းဆီးသွား ကြောင်းသိရသည်။

ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည် ညစဉ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသောကြောင့် ကျေးရွာအချို့မှ ပြည်သူများသည် ဝိုင်းမော်မြို့သို့ တိမ်းရှောင်နေရကြောင်း သိရသည်။

Show More

Related Articles

Back to top button